The Raja Saab (2026) ဘာဟူဘာလီ(Baahubali) မင်းသားကြီး Prabhas ကိုတစ်မူထူးတဲ့သရုပ်ဆောင်ဟန်ပန်နဲ့ ပေါ့ပေါ့ပါးပါးမြင်တွေ့ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။အယ်လ်ဇိုင်းမားရောဂါ (Alzheimer's) ခံစားနေရသော အဖွားဖြစ်သူ Gangamma နှင့်အတူ နေထိုင်တဲ့မြေးဖြစ်သူ ရာဂျူး(Raju)။ အဖွားဖြစ်သူက အရာအားလုံးကို မေ့လျော့နေသော်လည်း သူ၏ခင်ပွန်း (Raju ၏အဖိုး) Kanakaraju ကိုမူ စွဲစွဲမြဲမြဲ မှတ်မိနေခဲ့ပါတယ်။ ရာဂျူး က သူ၏အဖိုးဖြစ်သူ ဟိုက်ဒရာဘတ် (Hyderabad) တွင် ရှိနေသည်ဟု သိရသောအခါ အဘိုးအဘွားနှစ်ဦး ပြန်လည်ဆုံစည်းပေးနိုင် ရန်အတွက် ခရီးထွက်ခဲ့ပါတယ်။ သို့သော် ထိုခရီးစဉ်တွင် မမျှော်လင့်ဘဲ တောနက်ထဲရှိ ခြောက်ခြားဖွယ်ရာကောင်းသော စံအိမ်ကြီး တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီး အဆိုပါအိမ်ကြီးအတွင်း ပိတ်မိနေသည့် ဝိညာဉ်ဆိုးများ ထူးဆန်းသော ဖြစ်ရပ်များနှင့် ရင်ဆိုင်ရပုံများကို ခံစားကြည့်ရှုကြပါဦး။ 1.ဇာတ်ကားကြည့်ဖို့ လူသစ်များ Vip မန်ဘာဝင်ရန် admin @Poojahegde456 ကိုဆက်သွယ်ပေးပါနော်။