Avatar TikTok de BFY

BFY

@bfy7045
📊 TikTok Analytics Vexub 📉 -95% sur 14 vidéos 📅 8.73j / post

Do for Good Make it Better Positive Environment is a must

👥 Followers
1.69K
Taille du compte
👁 Avg views
7.32K
Moyenne sur 15 vidéos
💬 ER global
5.57%
Likes + com + partages / vues
📌 Save rate
0.4%
Sauvegardes / vues
🔎 Détails (profil + refresh) ouvrir
⏱ Refresh : 06/02/2026 17:34 ❤️ Likes profil : 51K 🎥 Vidéos profil : 32 ➕ Following : 0 📦 Vidéos analysées : 15 🔥 7 dernières : 5.18K ⬅️ 7 précédentes : 103.7K
ER = (Likes + Commentaires + Partages) / Vues • Save rate = Sauvegardes / Vues • Revenu estimé basé sur les vidéos ≥ 60s des 30 derniers jours.
🎥 Dernières vidéos
Miniature vidéo TikTok
📆 05/01/2026 🚫 <60s
🏅 #12 / 15
😐
Score vidéo 5.3/10

🙋🏻‍♂️ William (Founder and Managing Director at BFY) ▪️William ဟာ 2024 မှာ University of Hertfordshire မှ Bachelor Degree B.A (Hons) Business Administration ကိုရရှိခဲ့ပြီးဖြစ်ပါတယ် ။ University of Virginia မှာ Introductions to Personal Branding Course Certificate နဲ့ Talents & Models မှ Personal Grooming / Presenters Certificate တိုကို 2020 ခုနစ်မှာ ရရှိခဲ့ပြီး 2022 ခုနစ်မှာ Dr. Nutrition ရဲ့ Basic Nutrition Certificate ကို ထပ်မံရရှိခဲ့ပါတယ်။ ဒါ့အပြင် 2024 ခုနစ်မှာ Yale University မှ Connected Leadership Certificate & Managing Emotion in Times of Uncertainty & Stress, Imperial College London မှ Creative Thinking Certificate, University of London မှ Finding Your Professional Voice: Confidence & Impact Certificate နှင့် University of Toronto တိုမှ The Art and Science of Relationships: Understanding Human Needs တိုကိုထပ်မံရရှိခဲ့ပါသည်။ ▪️ဒါ့အပြင် Business Field ရဲ့ achievement တစ်ခုဖြစ်တဲ့ Diploma In Management And Entrepreneurship (SFUx) 2022 ခုနစ်မှာရရှိခဲ့ပါသေးတယ်။နောက်ပြီး Business field ရဲ့ Higher Achievement တစ်ခုဖြစ်တဲ့ Higher National Diploma in Business (HND), Pearson UK ကို 2023 ခုနစ်မှာ ထပ်မံရရှိခဲ့ပါတယ်။ ▪️အခုလက်ရှိမှာတော့ Better for Youths organization ရဲ့ Founder and Trainer တစ်ယောက်လည်း ဖြစ်ပါတယ်။ Education Status အနေနဲ့ကတော့ Master of Science Program in Knowledge and Innovation Management (Bilingual Program) ကို ထိုင်းနိုင်ငံ ချင်းမိုင်မြိုရှိ Chiang Mai University တွင်တတ်ရောက်လျက်ရှိပါသည် ▪️William ဟာ Soft Skills Teaching ပိုင်းမှာ အတွေ့အကြုံ ၄ နှစ်ကျော် ရှိသူ တစ်ဦးလည်း ဖြစ်ပြီး Human Resources Development ပိုင်းမှာ အတွေ့အကြုံ ၂နှစ်နီးပါးရှိပီ ဖြစ်ပြီး Career Development ပိုင်းနှင့် Personal Hygiene တိုကို အထူးပြုပြီး Train ပေးနေတဲ့ Trainer တစ်ဦးပဲဖြစ်ပါတယ်။

ID 7591840919758949640
😐
Note 5.3/10
👁 405 vues
ER
4.44%
Global : 5.57%
Save rate
0.49%
Global : 0.4%
Revenu est. (Ads)
0€
Non comptée : vidéo < 60s
🏆 Rang vues : #12 (top 21.4%) Ouvrir sur TikTok ↗
Miniature vidéo TikTok
📆 05/01/2026 🚫 <60s
🏅 #13 / 15
😕
Score vidéo 4.5/10

နောက်ထပ် instructor တစ်ယောက် ကတော့ Khin Kyar Nyo Thin ပဲဖြစ်ပါတယ်။ ကြာညိုဟာဆိုရင် Better For Youths ရဲ့ Founder and Trainer တစ်ယောက် လည်းဖြစ်ပြီး Youths Development and Soft Skills များကို sharing ပြုလုပ်ပေးနေသူတစ်ဦးလဲဖြစ်ပါတယ်။ သူမဟာဆိုရင် Education Background အနေနဲ့ - BA Hons Business Administration (University of Hertfordshire) - Higher National Diploma (HND) (Strategy First International College) -Professional Presentations Art Certificate (Presenter's Agency) - Media and Communication for Transnational Citizens Course (Chulalongkorn University) မှပြီးမြောက်အောင်မြင်ထားပြီး Public Speaking နှင့် Communication အတွေ့အကြုံ ၃ နှစ်ကျော်ရှိပြီး Personal Development Soft Skills 9th Classes, Webinars နှင့် Workshops 10 ခုကျော် မှတဆင့် လူငယ်များအား မျှဝေသင်ကြားပေးခဲ့ပါသည်။ လက်ရှိတွင် Mahidol University College of Management တွင် Master of Management (Marketing Management) ကို Scholarship ရရှိထားပြီး ပညာသင်ကြားနေသူဖြစ်ပါတယ်။ ✨

ID 7591833770731310343
😕
Note 4.5/10
👁 399 vues
ER
3.01%
Global : 5.57%
Save rate
0.25%
Global : 0.4%
Revenu est. (Ads)
0€
Non comptée : vidéo < 60s
🏆 Rang vues : #13 (top 14.3%) Ouvrir sur TikTok ↗
Miniature vidéo TikTok
📆 05/01/2026 🚫 <60s
🏅 #14 / 15
😕
Score vidéo 4.2/10

2026 မှာစိတ်သစ်လူသစ်နဲ့အပြီအပြင်ဖြုတ်တော့မယ် BFYers လေးတွေရှိကြလား ❓🙂‍↕️ New Year New Me လုပ်မယ့် BFYers လေးတွေရှိမှန်းကြိုသိလို့ BFY ကနေ New Year Present လေးယူဆောင်လာပါတယ် 🥳 ဘာလေးလဲသိချင်ရင်တော့ဒီစာလေးကိုဆုံးအောင်ဆက်ဖတ်ကြည့်လိုက်တော့နော် 📢 ဟုတ်ပါတယ်။ BFY ရဲ့အစဉ်အလာမပျက်အမြဲတမ်းဖွင့်ပေးနေတယ် Personal Development Class လေးကိုပြန်လည်ဖွင့်လှစ်‌ပေးတော့မှာဖြစ်ပါတယ် 🙂‍↔️🫶🏻 ဒီ Class လေးဟာဆိုရင်တော့ Batch 10 ကိုရောက်ရှိခဲ့ပြီဖြစ်သလို ▫️ကိုယ့်ကိုယ့်ကိုယ်အားမရဖြစ်နေတဲ့လူငယ်တွေ ▫️ Confidence ပျောက်ဆုံးနေတဲ့လူငယ်တွေ ▫️ လမ်းပျောက်နေတဲ့လူငယ်လေးတွေ အတွက်အဓိကရည်ရွယ်ပြီးဖွင့်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ ဒီ Class မှာဆိုရင်တော့ ▫️Effective communication skills ▫️Confidence & self-presentation ▫️Teamwork and leadership basics ▫️Time management & responsibility ▫️Emotional intelligence အစရှိတဲ့ Soft Skill တွေကိုအတွေ့အကြုံရှိတဲ့ဝါရင့် Trainer တွေက အခမဲ့ Train ပေးသွားမှာဖြစ်ပါတယ် 🤩 လူအယောက် 30 ပဲလက်ခံမှာဖြစ်ပြီး Free Class လေးဖြစ်တာကြောင့်လက်မြန်ဖို့တော့လိုပါမယ်နော် Registration link - https://forms.gle/6su85uiafN4kQ9a2A 💯 Fee: Completely FREE 📅 Date: 9/1/2026 ⏰ Class Duration : 9/1/26 to 1/3/26 on every Sat & Sun 📍 Platform : Zoom 📢Deadline : 6/1/26 Trainerမိတ်ဆက်အေသးစိတ်လေး ကို ပုံတစ်ပုံချင်းစီမှာ ဆက်လက်ဖတ်ရှုပေးပါဦးဗျ။ #betterforyouths #personal_development_class

ID 7591833328781774098
😕
Note 4.2/10
👁 398 vues
ER
3.52%
Global : 5.57%
Save rate
0%
Global : 0.4%
Revenu est. (Ads)
0€
Non comptée : vidéo < 60s
🏆 Rang vues : #14 (top 7.1%) Ouvrir sur TikTok ↗
Miniature vidéo TikTok
📆 16/11/2025 🚫 <60s
🏅 #15 / 15
😕
Score vidéo 4.2/10

BFYersလေးတို့ရေ ရွှေမိလေးကိုမှတ်မိသေးရဲ့လား 🤔 ဒီတစ်ခါမှာတော့ရွှေမိလေး ခရီးသွားတုန်းကအတွေ့အကြုံလေးကိုပြောပြမယ်နော်…… လွန်ခဲ့တဲ့တစ်လလောက်က ရွှေမိလေးရဲ့ပထမဆုံးနိုင်ငံခြားခရီးစဉ်လေးကိုစတင်ခဲ့တုန်းကပေါ့ကွယ် “အယ် ဟိုတယ်ကြီးကအမြင့်ကြီးပဲ အခန်းကလည်းအကျယ်ကြီးပဲ ဒီလိုနေရာကြီးမှာတစ်ပတ်တောင်နေရတော့မှာ..” ရွှေမိလေးတစ်ယောက်တော့ ဘာတွေဆက်ဖြစ်လာမယ်မသိမှန်း ဟိုတယ်ရောက်ရောက်ချင်းပျော်နေတော့တာပါပဲ ရွှေမိလေး မသိသေးတာကတော့ ဒီဟိုတယ်ကြီးရဲ့ အကြီးမားဆုံးလျှို့ဝှက်ချက် တစ်ခုပေါ့ ခရီးပန်းလာတဲ့ရွှေမိလေးဟာ ညဘက်မှာ အသံ တစ်ခုကို စတင်ကြားရပါတယ် “တန်းခိကအိအိခါရာ စန်းပိုရှိမက်လျှော၊ တန်းခိကအိအိခါရာ စန်းပိုရှိမက်လျှော၊ တန်းခိကအိအိခါရာ စန်းပိုရှိမက်လျှော” မြန်မာလူမျိုးပေမဲ့ ဂျပန်စာမတတ်ထားတဲ့ရွှေမိလေးဟာ အသံကြားရလို့ နိုးထလာပါတော့တယ် ရုတ်တရက်မြင်ကွင်းရှေ့ ဝိုးတဝါးမြင်လိုက်ရတာတော့ ကုတင်ခြေရင်းရဲ့ စားပွဲမှာစာထိုင်လုပ်နေတဲ့ မိန်းကလေးတစ်ယောက်ကိုပါပဲ စားပွဲရှေ့မှာ မျက်ရည်စက်တွေနဲ့အတူ ကောင်မလေးကတော့ ရွှေမိလေးကိုကြည့်ရင်း ကျယ်ကျယ်လောင် လောင် အသံတွေနဲ့အတူ ပြောနေခဲ့ပေမဲ့ ရွှေမိလေးဟာ နားမလည်နေခဲ့ပါဘူး ဒီလိုနဲ့ပဲ ရွှေမိလေးဟာ ပထမတစ်ညတာကို ပင်ပင်ပန်းပန်းနဲ့ မအိပ်စက်ရဘဲဖြတ်သန်းလိုက်ရပါတော့ တယ် ဒီလိုနဲ့ပဲ ဒုတိယတစ်ရက်မှာလည်း ရွှေမိလေးအလားတူခံစားရတာမို့ သရဲမလေးပြောတာတွေကို နားလည်နိုင်အောင် လုပ်ဖို့ကြိုးစားလာပါတယ် သန်းခေါင်ယံကိုဖြန်ကျော်ရင်း ကျယ်လောင်တဲ့အသံတွေကြားက ရွှေမိလေးဟာ ဘာသာစကားချင်းမတူတဲ့ သရဲမလေးနဲ့ Non Verbal Communication နဲ့ ဆက်သွယ်ဖို့ တွေးလိုက်ပါတော့တယ် ကြောက်ကြောက်နဲ့ မျက်ရည်စတွေနဲ့ သရဲမလေးနားသွားပြီး ကိုယ်လက်အမူအရာတွေနဲ့ အတူ ဆက် သွယ်ကြည့်လိုက်တဲ့ အခါမှာ…. မျက်ရည်စတွေရဲ့ နောက်ကွယ်ကအကြောင်းအရာတွေကိုသိရှိရင်း ရွှေမိလေးလည်း သူကဒီမှာ ဧည့်သည်အနေနဲ့ လာတာဖြစ်ကြောင်း နဲ့ တစ်ပတ်တာနေပြီးရင် ပြန်မှာဖြစ်ကြောင်း body language တွေနဲ့ အတူ ဖော်ပြရင်း တစ်ပတ်တာကို ငိုနေတဲ့ကောင်မလေးရဲ့ မျက်ရည်စတွေကို အငိုတိတ်စေ ရင်းဖြတ်သန်းခဲ့ပါတော့တယ် ကဲကဲ ရွှေမိလေးလိုမျိုး ဘယ်နေရာရောက်ရောက် ဒုက္ခမရောက်စေဖို့ non verbal communication ကလည်းအရေးကြီးတဲ့အရာတည်းက တစ်ခုဖြစ်တာမို့ communication လုပ်တဲ့အခါမှာ body language လေးတွေနဲ့ ပြောဖို့မမေ့ကြနဲ့ဦးနော် 🤭 နောက်အခေါက်တွေမှာရော ရွှေမိလေး ဘာဖြစ်ဦးမလဲ ဆက်လက်စောင့်ကြည့်ကြမယ်နော် 👀👀 #Better_For_Youths

ID 7573253074056203527
😕
Note 4.2/10
👁 367 vues
ER
3.81%
Global : 5.57%
Save rate
0%
Global : 0.4%
Revenu est. (Ads)
0€
Non comptée : vidéo < 60s
🏆 Rang vues : #15 (top 0%) Ouvrir sur TikTok ↗
Miniature vidéo TikTok
📆 28/09/2025 🚫 <60s
🏅 #1 / 15
🔥
Score vidéo 8/10

" soft skills of zodiac sign (part - 4) " ဒီနေ့မှာတော့ zodiac sign တွေထဲက နောက်ဆုံးတစ်ခုဖြစ်တဲ့ Earth sign🌐 ကိုရောက်ရှိလို့လာပါပြီရှင် ။ Earth sign တွေရဲ့ general သဘောကတော့ တည်ငြိမ်ပြီး ရိုးရှင်းတဲ့အသွင်ရှိပါတယ် ။ စိတ်ကူးနေဖို့ထက် လက်တွေ့ကျတာကို ပိုနှစ်သက်လေ့ရှိကြပါတယ် ။အဆိုတော်မျိုးကြီးရဲ့ ရိုးရှင်းသောဘဝ ဆိုတဲ့သီချင်းက Earth sign တွေနဲ့ energy အကိုက်ဆုံးပါပဲ ။ sign တစ်ခုချင်းစီရဲ့ အသေးစိတ်ကို အောက်မှာဖတ်ရှုပေးပါနော်✨။ #betterforyouths " Tarus♉ ( Apri 20 - May 20 ) " အားသာချက် - တည်ငြိမ်ပါတဲ့ golden retriever (patient) Tarus တွေရဲ့အားသာချက်ကတော့ လွယ်လွယ်စိတ်မဆိုးတတ်တာပါပဲ ။ တော်ရုံတန်ရုံကိစ္စဆိုရင် မျက်စိမှိတ်ပြီးကျော်သွားပေးတတ်တဲ့ တရားသမားကြီးတွေပါ ။ငြိမ်းငြိမ်းချမ်းချမ်းနေချင်ကြပြီး စိတ်ချယုံကြည်ရတဲ့sign မျိုးလည်းဖြစ်ပါတယ် ။ စည်းကမ်းရှိပြီး တည်ငြိမ်တတ်တဲ့ imageတစ်ခုကို ပိုင်ဆိုင်ထားတတ်တဲ့ sign မျိုးပေါ့ ။ အားနည်းချက် - ခေါင်းအရမ်းမာတဲ့ ဦးမပြောင်းလဲပါ ( Stubbornness) တည်ငြိမ်တဲ့ tarus တွေရဲ့ အားနည်းချက်ကတော့ ခေါင်းမာတာပါပဲ ။ ကိုယ်မှန်တယ်ထင်တာပဲ ကိုယ်လုပ်တတ်ကြတာမျိုးပေါ့ ။ ပြန်မပြောနားမထောင်အကျင့်ကတော့ သူတို့ရဲ့စရိုက်တစ်ခုလိုကို ဖြစ်နေပါပြီ ။ အပြောင်းအလဲတွေကို မနှစ်သက်တတ်ကြတဲ့အတွက် သူတို့ရွေးချယ်ထားတဲ့ အရာတွေအပေါ်မှာ စွဲလန်းတတ်ကြပါတယ် ။ သူတို့ရဲ့ခံယူချက်တစ်ခုအတွက်ပဲ ကျောက်ချပြီးရှင်သန်တတ်ကြတဲ့ သူမျိုးတွေပါ ။ " Virgo ♍ ( August 23 - September 22 ) " အားသာချက် - ဂရုစိုက်တတ်တဲ့ bf / gf material (Attention to detail ) ကိုရီးယားကားတွေထဲကလို မိုးရွာတိုင်းထီးမိုးပေးပြီး ဗိုက်နာတိုင်းရေနွေးအိတ်လေးကပ်ပေးတတ်တာမျိုးလေးလိုချင်ရင် Virgo တွေနဲ့တွဲပါ ။ သူတို့တွေက အသေးစိတ်ကို ဂရုစိုက်ပေးတတ်ကြပြီး တာဝန်ယူမှုရှိကြတဲ့ sign ပဲဖြစ်ပါတယ် ။ ပြဿနာတွေကိုလည်း ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းလည်း မြင့်မားကြပါတယ်။ ကူညီတတ်ပြီး ယဉ်ကျေးလိမ္မာတဲ့ပုံစံလေးက virgo တေ‌ွကို good boy / girl ဆိုတဲ့ပုံရိပ်လေး ဖြစ်စေပါတယ် ။ အားနည်းချက် - လူတိုင်းကို စိတ်တိုင်းမကျဖြစ်မယ် (over critical ) အသေးစိတ်ဂရုစိုက်ပေးတတ်တာ အားသာချက်ဖြစ်ပေမဲ့ အသေးစိတ်လွန်းတာလည်း သူ့ရဲ့အားနည်းချက်ပါပဲ ။ သူများဘာလုပ်လုပ်စိတိတိုင်းမကျဘဲ ပွစိပွစိရွတ်ပြီး ကိုယ်တိုင်ဝင်လုပ်တတ်တဲ့ virgo တွေက အိမ်က မားသားကြီး material လို့လည်းပြောလို့ရပါတယ် ။ စည်းကမ်းကြီးတာကြောင့် တခြားလူတွေနဲ့ မကြာခန အချေအတင်ဖြစ်တတ်ကြတဲ့ လူ့ဂွစာsignပဲဖြစ်ပါတယ် ။ "Capricorn ♑ ( December 22 - January 19 ) " အားသာချက် - အောင်မြင်ချင်တဲ့ လူကြီးလူကောင်း (Ambition) Capricorn တွေကတော့ တည်ငြိမ်ပြီး တာဝန်ယူလိုစိတ်များကြပါတယ် ။ စည်းကမ်းရှိပြီးတော့ ကိုယ့်ဘာသာ ထိန်းချုပ်နိုင်စွမ်းလည်း မြင့်မားကြတယ် ။ အလုပ်လုပ်ရတာကို ပျော်မွေ့နှစ်သက်ကြတဲ့သူတွေပါ ။ လုပ်စရာမရှိရင် ဘဝကြီးက အဓိပ္ပာယ်မဲ့နေသလိုလို စိတ်ဓာတ်ကျတတ်ကြတဲ့ထိ အလုပ်ပေါ်ချစ်မြတ်နိုးကြပါတယ် ။ အောင်မြင်လိုစိတိပြင်းပြပြီးတော့ ရည်မှန်းချက်ပန်းတိုင်ကို ဘယ်လိုအရောက်သွားရမလဲဆိုတာကို ကောင်းကောင်းသိကြတဲ့ သူတွေပဲဖြစ်ကြပါတယ် ။ အားနည်းချက် - ရှေးရိုးစွဲလွန်းတဲ့ တရားသမားလောင်း (overly strict ) လူကြီးလူကောင်းဆန်ပေမဲ့ တစ်ခါတစ်ရံကျ ရှေးရိုးစွဲလွန်းတတ်ကြပါတယ် ။ စည်းကမ်းတွေတင်းကြပ်တာကိုပဲ သဘောကျပြီးတော့ ပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့သူတွေကို ကြည့်မရတတ်ဘဲ အမြင်စောင်းတတ်ကြပါတယ် ။ အေးတိအေးစက်နဲ့ အလွန်အကျွံသုံးသပ်တတ်တဲ့ vibeတွေပါ ။ လူတိုင်းနီးပါးကို ကြည့်မရနေတာကြောင့် ဒီ sign တွေဆီက လူပျိုကြီး / အပျိုကြီး vibeကိုအပြည့်အဝရမှာပဲဖြစ်ပါတယ် ။

ID 7555126042017549586
🔥
Note 8/10
👁 92.9K vues
🔥 banger
ER
5.72%
Global : 5.57%
Save rate
0.39%
Global : 0.4%
Revenu est. (Ads)
0€
Non comptée : vidéo < 60s
🏆 Rang vues : #1 (top 100%) Ouvrir sur TikTok ↗
Miniature vidéo TikTok
📆 06/09/2025 🚫 <60s
🏅 #2 / 15
😄
Score vidéo 7.8/10

ကိုယ်ပိုင်ဘဝလေးတိုးတတ်ဖို့ရာအတွက် အရေးပါတဲ့ သော့ချက်တွေထဲက တစ်ခု 🤔 “ ယုံကြည်မှု “ 🤩 ယုံကြည်မှုက လူသားအားလုံးအတွက် စိတ်စွမ်းအားတစ်မျိုးလို့ ထင်မိပါတယ်။ တိုးတတ်ပြောင်းလဲသူတစ်ယောက်ဖြစ်ဖို့ရာအတွက်လဲ ယုံကြည်မှုဆိုတဲ့ အရာက အလွန်ကိုအရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ယုံကြည်မှုရှိတဲ့လူတစ်ယောက်က လူအများလျှောက်တဲ့လမ်းကို ရွေးချယ်တာထက် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့မှန်တယ်ထင်ရင် ရွေးချယ်ရဲ၊ ဆုံးဖြတ်ရဲ၊ အကောင်အထည်ဖော်ရဲတဲ့ သတ္တိတွေရှိကြပါတယ်။ 💪 ယုံကြည်မှုဆိုတာက သင့်ရဲ့အရည်အချင်းနဲ့စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ဘဝရဲ့ရှုထောင့်အမျိုးမျိုးမှာ အောင်မြင်နိုင်တယ်ဆိုတဲ့ အာမခံချက်တစ်ခုပါ။ ယုံကြည်မှုဆိုတဲ့အရာလေးက သင့်ရဲ့ Personal၊ Professional ၊ Social Interactions ဆိုတဲ့ နယ်ပယ်တွေမှာလဲ အပြန်အလှန်အကျိုးသက်ရောက်မှုတွေမှာ အပြုသဘောဆောင်သောအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်တဲ့ မရှိမဖြစ်အင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။ 🔑 Key Aspects Of Confidence 🔶 Self-Belief ယုံကြည်မှုဆိုတာက သင်ကိုယ်တိုင်နဲ့သင့်အရည်အချင်းတွေကို ယုံကြည်ခြင်းကနေ အစပြုတဲ့အတွက် သင့်ရည်မှန်းချက်တွေအောင်မြင်ဖို့ သင့်မှာ ကိုယ်ပိုင်အရည်အချင်း၊ အသိပညာနဲ့စိတ်အားထက်သန်မှုတွေရှိတယ်ဆိုတာ ယုံကြည်ထားပါ။ 🔶 Resilience ယုံကြည်မှုရှိသူ တော်တော်များများက ခံနိုင်ရည်စွမ်းအားရှိကြသူတွေဖြစ်တယ်။ ဆုတ်ယုတ်မှုတွေ၊ ပြိုလဲမှုတွေကြားထဲကနေ ပြန်ရုန်းထနိုင်ပြီး သူတို့ရဲ့အမှားတွေကို သင်ခန်းစာယူပြီး ရှေ့ဆက် လျှောက်လှမ်းနိုင်ကြတယ်။ ကိုယ့်ရဲ့ကျရှုံးမှုတိုင်းမှာ ကိုယ်ကိုယ်တိုင် ရုန်းထ မရှင်သန်နိုင်ရင် ဘဝတိုက်ပွဲတွေမှာလဲ အမြဲရှုံးနိမ့်နေမှာ အသေအချာပါပဲ။ ဒါ့ကြောင့် ဘဝကပေးလာတဲ့ သင်ခန်းစာတိုင်းကို ခံနိုင်ရည်ရှိရှိနဲ့ကျော်ဖြတ်ကြပါ။ 🔶 Positive Mindset ယုံကြည်မှုက အပြုသဘောဆောင်တဲ့အတွေးတွေကနေ ပေါက်ဖွားလာတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် သင့်ရဲ့အားနည်းချက်တွေ၊ ကျရှုံးမှုတွေမှာ အာရုံစိုက်နေမဲ့အစား သင့်ရဲ့အားသာချက်တွေ၊ အောင်မြင်မှုတွေကို အာရုံစိုက်ထားပါ။ 🔶 Body Language လူတစ်ယောက်နဲ့တစ်ယောက်ပထမဆုံးတွေ့ဆုံခြင်းတွေမှာလဲ ကိုယ့်ကို Impressive ဖြစ်ဖို့ Body Language က အလွန်ကို အရေးကြီးပါတယ်။ ကိုယ်အနေအထား ခါးဖြောင့်ဖြောင့်ထားဖို့၊ Eye Contact သေချာမိဖို့၊ ပြုံးဖို့ လိုအပ်ပါတယ်။ ယုံကြည်မှုရှိဖို့ရာအတွက်လဲ Body Language တွေ မှန်အောင် သေချာဂရုစိုက်ပါ။ 🔶 Preparation ကောင်းစွာကြိုတင်ပြင်ဆင်ထားခြင်းက သင့်ယုံကြည်မှုကို သိသိသာသာတိုးလာစေနိိုင်စေပါတယ်။ တင်ဆက်မှုတွေ၊ စာမေးပွဲ၊ လူအများနဲ့ထိတွေ့ရတဲ့ဆွေးနွေးမှု စကားဝိုင်းတွေမှာ ကြိုတင်ပြင်ဆင်ရှိတာက သင့်ကို ပိုမိုလုံခြုံပြီး ယုံကြည်မှုရှိတယ်လို့ ခံစားစေမိမှာဖြစ်ပါတယ်။ 🔶 Experience ယုံကြည်မှုက အတွေ့အကြုံနဲ့အတူ ကြီးထွားလာတဲ့အရာတစ်ခုဆိုလဲ မမှားပါဘူး။ အခြေအနေအမျိုးမျိုးမှာ အတွေ့အကြုံ၊ အောင်မြင်မှုရလေလေ ယုံကြည်မှု ပိုရှိလာလေလေဖြစ်ပါတယ်။ 🔶 Acceptance ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက် နှစ်ခုစလုံးကို လက်ခံနိုင်ခြင်းက ယုံကြည်မှုတည်ဆောက်ရမှာ အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ လူတိုင်းက ချို့ယွင်းချက်ကိုယ်စီနဲ့မိုလို့ လောကမှာပြီးပြည့်စုံတဲ့ လူဆိုတာမရှိပါဘူး။ မိမိရဲ့ဖြစ်တည်မှုတိုင်းကို လက်ခံဖို့ မမေ့လိုက်ပါနဲ့။ 🔎 Ways To Build Confidence ကျွန်တော်တို့က တစ်ခါတစ်လေ ရည်မှန်းချက်ကြီးကြီး ထားပြီး မအောင်မြင်ဘူးဆိုရင် ယုံကြည်မှု ပျောက်ဆုံးတတ်ကြတယ်။ ဒါကြောင့်ပန်းတိုင်အသေးစားတွေ ပြုလုပ်ပြီး အောင်မြင်မှုရရှိအောင်လုပ်ဆောင်ရင်းကနေ ကြီးမားတဲ့ပန်းတိုင်တွေအထိ အောင်မြင်မှုရရှိအောင် တဖြည်းဖြည်းလုပ်ဆောင်ပါ။ ⛳️ အကောင်းမြင်စိတ်ရှိပြီး သင့်ကို လမ်းညွှန်ပြသတဲ့လူ၊ ဝိုင်းဝန်းကူညီပေးတဲ့လူ၊ တိုးတတ်မှုလမ်းကြောင်းတွေမှာ ထောက်ခံအားပေးသောလူတွေနဲ့ သင့်ရဲ့အချိန်တွေကို အကျိုးရှိစွာ ကုန်ဆုံးပါ။ 🕯️ အသစ်သစ်သောအရာတွေကို လေ့လာဖို့ မပျင်းရိပါနဲ့။ အဲ့ဒီလေ့လာမှုတွေဟာ အချိန်ကြာလာသည်နှင့်အမျှ သင့်ရဲ့ယုံကြည်မှုကို တိုးတတ်စေတာကြောင့် လေ့လာမှုအသစ်တွေ၊ သင်ယူမှုအသစ်တွေကို ပြုလုပ်ပါ။ 👩‍💻 နောက်ဆုံးတစ်ချက်ကတော့ သင့်ကိုယ်သင် ဂရုစိုက်ခြင်းဖြစ်ပါတယ်။ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာအောင် လေ့ကျင့်ခန်းလုပ်တာ၊ အစားကောင်းကောင်းစားတာ၊ ခရီးထွက်တာစတဲ့ အရာတွေကို ဂရုတစိုက်နဲ့ လုပ်ဆောင်ခြင်းကလဲ မိမိကိုယ်ကိုယ် တန်ဖိုးရှိတယ်ဆိုတဲ့ ခံစားချက်ကို ခိုင်မာစေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပါ။ Analysis လုပ်ပါ။ Awareness ရှိရှိနေပါ။ စိတ် ကျန်းမာဖို့ သန့်ရှင်းရေး မကြာခဏ ပြုလုပ်ပေးပါ။ 🧘‍♀️ #confidence #information #betterforyouths

ID 7546953646223723784
😄
Note 7.8/10
👁 3.29K vues
ER
8.34%
Global : 5.57%
Save rate
0.73%
Global : 0.4%
Revenu est. (Ads)
0€
Non comptée : vidéo < 60s
🏆 Rang vues : #2 (top 92.9%) Ouvrir sur TikTok ↗
Miniature vidéo TikTok
📆 06/09/2025 🚫 <60s
🏅 #4 / 15
🙂
Score vidéo 6/10

"ဖုန်းသုံးနေတာ လေးနာရီတောင် ရှိသွားပြီ၊ သတိတောင် မထားမိလိုက်ဘူး။' "ဇာတ်ကားကြည့်ရတာ တော်တော်ဇိမ်ရှိတာပဲ၊ အချိန်ကုန်သွားလို့ ကုန်သွားမှန်တောင် မသိလိုက်ဘူး။" စသဖြင့် ကျွန်တော်တို့အားလုံး ကိုယ့်ကိုယ်ကို ပြောဖူးကြမှာပါ။ ဒီလိုတွေလုပ်လာတာဟာ နေ့၊ရက်ကနေ လအထိဖြစ်လာတဲ့အခါ ကျွန်တော်တို့ဆီမှာ အကျင့်ဆိုးတစ်ခုကြီးအနေနဲ့ ကျန်ရစ် နေပါတယ်။ 🤦 ဒီလို အကျင့်ဆိုးတွေရှိနေခြင်းက ကောင်းတယ်ဆိုပြီး ဖက်တွယ်ထားတဲ့သူမရှိဘူးမလား??? ဒါဆိုရင် ဒီလိုမကောင်းတဲ့အကျင့်တွေကို ကျွန်တော်တို့ ဘယ်လိုချေဖျက်ကြမလဲ??? 🔖 Start your habit with small ways. ဘဝမှာ အကျင့်ကောင်းတွေ မွေးမြူဖို့အပြင် ဘယ်အရာကိုပဲလုပ်လုပ် ကျွန်တော်တို့ အသေးအဖွဲလေးတွေက အရင်စလုပ်မှသာ ကျွန်တော်တို့ လုပ်ထားတဲ့အလုပ်က ရေရှည်မှာ ကြာကြာတည်တံ့နိုင်သလို ကိုယ်က အလေ့အကျင့်ကောင်းတွေ တည်ဆောက်ချင်တယ်ဆိုရင်လည်း ဒီတိုင်းပါပဲ။ 🔖နေ့စဉ် အိပ်ခါနီး စာဖတ်တဲ့အလေ့အကျင့်လေးတော့ ရှိချင်တယ်။ ဒါပေမဲ့ ကုတင်ဘေးမှာက ဖုန်းထားထားတယ်။ ဒါဆိုကျွန်တော်တို့ ဘယ်လိုစာဖတ်ဖြစ်တော့မလဲ။ ဟုတ်တယ်မလား။ 🔖သေးငယ်တဲ့ နည်းလမ်းလေးတွေကနေစပြီး ကိုယ့်ရဲ့ အလေ့အကျင့်ကို တဖြေးဖြေးပြောင်းလဲရမှာဖြစ်တဲ့အတွက် ကုတင်ဘေးနားမှာ ဖုန်းအစား စာအုပ်လေးပြောင်းထားမယ်၊ ဖုန်းကိုတော့ ဧည့်ခန်းထဲမှာဖြစ်ဖြစ် ကိုယ်မမြင်နိုင်တဲ့ နေရာတစ်နေရာမှာဖြစ်ဖြစ် ထားလိုက်မယ်။ ဒီလိုနည်းလမ်းလေးတွေက ကိုယ်နေ့စဉ်ပုံမှန်လုပ်သွားတဲ့အခါ အမြဲလိုလို သတိပေးစရာမလိုတော့ဘဲ လုပ်မိလာမှာပဲ ဖြစ်ပါတယ်။ “ဒါဆိုရင် ဒီလောက်နည်းနည်းလေးတွေ နေ့တိုင်းလုပ်နေတာက တကယ်ကော အကျိုးရှိစေလို့လား??”လို့ BFYers လေးတို့က မေးရင်တော့ “Yes”လို့ပဲ ပြန်ဖြေရမှာပါ။ ကိုယ်ကစာအုပ်တစ်အုပ်ကို ပြီးအောင်ဖတ်ချင်တယ်ဆိုပါစို့။ နေ့တိုင်းလည်းမဖတ်နိုင်ဘူးဆိုရင် နာမည်ကြီးစာအုပ် တစ်အုပ်ဖြစ်တဲ့ “Atomic Habits”ကို ရေးသားခဲ့သူ စာရေးဆရာ James Clearရဲ့ နည်းလမ်းလေးနဲ့ လိုက်လုပ်ကြည့်ပါ။ - တစ်နေ့ကို တစ်မိနစ်နဲ့ နေ့တိုင်း တစ်မိနစ်တိုးတိုးပြီး ဖတ်သွားပါ။ ဒါဆိုရင် ရက်(၃၀)ကျော်တာနဲ့ (၈)နာရီကျော်ကြာ စာအုပ်ဖတ်မိသွားမှာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကိုသုံးရင်တော့ စာမျက်နှာ(၄၀၀)နီးပါးရှိတဲ့ စာအုပ်တွေကို လတိုင်း တစ်အုပ်စီဖတ်နိုင်သွားမှာပဲဖြစ်ပါတယ်။ 🔖Set easy goals for your habit. ဒီနည်းလမ်းလေးကတော့ ကိုယ်အမြဲတမ်းလုပ်ချင်နေတဲ့ အလေ့အကျင့်အတွက် လွယ်ကူတဲ့ ပန်းတိုင်လေးတွေချမှတ်ရမှာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့လူတွေအားလုံးက ရေရှည်ထက် ရေတိုကို ပိုပြီး အလေးထားမိကြတဲ့အပြင် တစ်ခုခုဆိုရင် “၁၀မိနစ်၊ ၁၅ မိနစ်”လောက်ကတော့ နည်းပါတယ်ဆိုပြီး တစ်နာရီ၊ နှစ်နာရီစသဖြင့် သတ်မှတ်မိကြတဲ့အတွက် ကျွန်တော်တို့မွေးမြူချင်တဲ့ အလေ့အကျင့်တွေက sustainableမဖြစ်တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လွယ်လွယ်ကူကူနဲ့ အေးအေးဆေးဆေးလုပ်နိုင်မယ့် အရာလေးတွေကို ချမှတ်ထားခြင်းဖြင့် “အလုပ်မအားရင်တောင်မှ၊ ငါ ဒီ၁၅မိနစ်လေးလောက်တော့ လုပ်နိုင်မယ်”ဆိုတဲ့ mindsetလေး ရလာမှာပဲဖြစ်ပါတယ်။ ၁၅မိနစ်ကနေ၊ တစ်နာရီ စသဖြင့် တိုးတိုးလာပြီးတော့ ကိုယ်တကယ်ပျိုးထောင်ချင်တဲ့ အလေ့အကျင့်ကောင်းတစ်ခုက ကိုယ်နဲ့အတူ ရေရှည်မှာ စွဲစွဲမြဲမြဲနဲ့ sustainဖြစ်နိုင်မှာပဲ ဖြစ်ပါတယ်။ 🔖Send reminders to yourself. အလေ့အကျင့်ကောင်းတစ်ခုကို ဘယ်လိုစလုပ်ရမလဲ ဆိုတာလဲသိသွားပြီ၊ ဘယ်လိုနည်းလမ်းသုံးပြီးတော့ အဲ့ဒီအလေ့အကျင့်ကို sustainableဖြစ်အောင် ဘယ်လိုမျိုးလုပ်ရမလဲဆိုတာလဲ သိသွားပြီဆိုရင်တော့ ကိုယ့်ရဲ့အလေ့အကျင့်ကောင်းလေးကို အမြဲသတိရနေစေဖို့ နေ့စဉ် ဘယ်လိုပုံ၊ ဘယ်လိုနည်းနဲ့ လုပ်ဆောင်ရမလဲဆိုတာကို contentလေးရဲ့နောက်ဆုံး surprised giftအနေနဲ့ ပြောပြပေးချင်ပါတယ်။ *Rewards - တစ်နေ့ကို မပျက်မကွက်ဘဲ အဲ့ဒီအလေ့အကျင့်ကို ပြီးမြောက်အောင်လုပ်နိုင်တဲ့ ကိုယ့်ကိုယ်ကို ဆုချတာမျိုးလုပ်ခြင်းဖြင့် နောက်နေ့မှာလည်း အဲ့ဒီ rewardလေးကို ရချင်တဲ့အတွက် မမေ့လျော့ဘဲ သူ့အလိုလို လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ *Positive affirmations - ဘဝမှာ အရာရာကို စိတ်ကဉီးဆောင်နေတာဖြစ်တဲ့အတွက် နေ့စဉ်ကိုယ်လုပ်နေတဲ့ ဒီအလေ့အကျင့်ကောင်းတစ်ခုက ကိုယ့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်းကို ကိုယ့်ကိုယ်ကို အမြဲတမ်း affirmationလေးတွေ ပြောခြင်းအားဖြင့် အမြဲတမ်း သတိပေးနေရာရောက်ပါတယ်။ 🔖ကဲ………ဒီလောက်ဆိုရင်တော့ BFYersလေးတို့လည်း ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ မွေးမြူချင်နေတဲ့ အလေ့အကျင့်ကောင်းလေးတွေကို ဒီနည်းလမ်းလေးတွေသုံးပြီးတော့ ဇွဲရှိရှိနဲ့ ပျိုးထောင်နိုင်လောက်ပြီလို့ ထင်ပါတယ်ဗျ။ နောက်လည်း အကျိုးရှိစေမယ့် content ကောင်းလေးတွေကို မျှဝေပေးသွားမှာ ဖြစ်လို့ ကျွန်တော်တို့ရဲ့ BFY pageလေးကို Like and follow လုပ်ထားကြပါဉီးခင်ဗျ။🩵 သာယာလှပတဲ့နေ့လေးပိုင်ဆိုင်နိုင်ပါစေ။🩵🩵 #habit_formation #tips_for _building_habits #betterforyouths #betterforyouths

ID 7546951723760356626
🙂
Note 6/10
👁 1.8K vues
ER
2.77%
Global : 5.57%
Save rate
0.61%
Global : 0.4%
Revenu est. (Ads)
0€
Non comptée : vidéo < 60s
🏆 Rang vues : #4 (top 78.6%) Ouvrir sur TikTok ↗
Miniature vidéo TikTok
📆 06/09/2025 🚫 <60s
🏅 #7 / 15
😕
Score vidéo 4.6/10

🔳 လူငယ်တိုင်းအတွက် လိုအပ်တဲ့အရာတစ်ခုကို ဒီနေ့မှာပြောပြပေးပါ့မယ်။ လူငယ်တိုင်း ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ရှိကြရဲ့လား။ လုပ်ချင်တဲ့ အလုပ်တွေရော ရှိကြရဲ့လား စတဲ့မေးခွန်းတွေအတွက် အဖြေတွေ ရှိနေဖို့လိုပါတယ်။ စိတ်ကူးနဲ့လက်တွေ့ တစ်ထပ်တည်းကြတဲ့ ဘဝကိုပိုင်ဆိုင်ချင်ရင် လူငယ်ဘဝကတည်းက ကိုယ့်ရဲ့ ဝါသနာ ကိုယ့်ရဲ့အလုပ် Career ကိုသိထားဖို့လိုပါတယ်။ 🔳 ဒီနေ့မှာ ကျနော်တို့ Career အကြောင်းလေးပြောကြ‌ရအောင်ပါ။ Career တစ်ခုရရှိဖို့အတွက် အရေးကြီးတဲ့ Hard Skills တွေ Soft Skills တွေ လိုအပ်ပါတယ်။ ဒီနေ့တော့ ကျနော်တို့ Soft Skills အကြောင်းပဲပြောပါ့မယ်။ Hard skills နဲ့ ပတ်သက်ပြီး သိချင်တယ်ဆိုရင် Comment မှာရေးသွားလို့ ရပါတယ်။ BFYers တို့ စိတ်ကြိုက်ဖတ်လို့ ရအောင် ကျ‌နော်တို့ ဖန်တီးပေးမှာဖြစ်ပါတယ်။ 🔳 Soft Skills လို့ ပြောလိုက်ပြီဆိုတာနဲ့ လူငယ်တွေ ပြေးမြင်မိတာ Communication Skills,Problem Solving,Time Management..စသဖြင့်ပေါ့။ ဒါပေမဲ့ ကျနော်တို့ Soft Skills ထဲမှာ လူငယ်တွေရှိသင့်ရှိထိုက်တဲ့ Soft skills တစ်ခုကို ကျနော် ပြောပြပါ့မယ်။ 🔳 ဒါကတော့ Adaptability ပဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ခေတ်ရေစီးကြောင်းတွေက အမြဲပြောင်းလဲလေ့ရှိသလို လက်တွေ့လုပ်ငန်းတွေ၊ Rules တွေ၊ အခုဆို AI တွေကအစ ပြောင်းလဲလာပြီးဖြစ်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေ ကြားမှာ ကျနော်တို့ရဲ့ Career တွေ Work Culture တွေကလည်း ပြောင်းလဲတဲ့ ဒဏ်ကိုခံစားရပါတယ်။ ဒါကြောင့် ကျနော်တို့မှာ ပြောင်းလဲမှုကို ရင်ဆိုင်နိုင်တဲ့ (သို့) လိုက်လျောညီထွေအောင် ပြောင်းလဲနိုင်တဲ့ Adaptation ရှိဖို့ အရေးကြီးပါတယ်။ 🔳 ကျနော် ဥပမာလေးတွေနဲ့ ချိန်ညှိပြီးရှင်းပြပေးပါ့မယ်။ အခုခေတ်တဲ့ အကြီးမားဆုံး Impact တစ်ခုဖြစ်တဲ့ Technical နဲ့ပတ်သက်ပြီး ပြောပြပါ့မယ်။ လူတစ်ယောက် ဖုန်းပေါ်မှာရှိတဲ့ Software တစ်ခုကို သုံးဖို့ခက်ခဲနေတယ်ဆိုရင် ငြီးတွားနေမယ့်အစား Youtube သွားပြီး Tutorial Video ကြည့်လိုက်တာပဲ ဖြစ်ဖြစ်၊ Google မှာရှာလိုက်တာပဲဖြစ်ဖြစ် ကျနော်တို့ ဖြေရှင်းနိုင်ပါတယ်။ ဒီလိုပုံစီမျိုးကို Adaptation လို့ခေါ်ပါတယ်။ 🔳 ကျနော်တို့ Adaptability သာရှိမယ်ဆိုရင် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ ဆက်ဆံနိုင်မယ်။ အလုပ်မှာလည်း Flexible ဖြစ်ပြီး ကိုယ်ရဲ့ Career လမ်းကြောင်းအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ရနိုင်မယ်ဆိုတာသေချာပါတယ်။ Adaptability ကိုရချင်ရင်တော့ ကိုယ့်ရဲ့ တွေးခေါ်စွမ်းတွေ မြှင့်တင်နိုင်အောင် စာဖတ်မယ်၊ ခေတ်ရဲ့ အခြေအနေတွေကို သုံးသပ်မယ် နောက်ပြီး ကိုယ့်ရဲ့ ဝါသနာ Career ကဘာလဲဆိုတာသေချာရှာ ဖွေရပါ့မယ်။ 🔳 ကျနော့်အမြင်အရတော့ လူငယ်တွေ Career ရှာမတွေ့ဘူးဆိုတာ Adaptability အားနည်းမှုကြောင့်လို့ ယူဆရင် ကျနော့် ယူဆချက်မှားမယ်မထင်ပါ။ ခေတ်ရဲ့ အခြေအနေကို လေ့လာမှုအားနည်းလို့လည်းဖြစ်နိုင်သလို ပြောင်းလဲလာတဲ့ Workplace တွေကြား ကျန်ရစ်နေခဲ့တာလည်းပါ နိုင်ပါတယ်။ ကျနော်တို့ ဒီနေ့တော့ဒီလောက်ပါပဲ။ BFYers သိချင်တဲ့ အကြောင်းအရာတွေကို Comment မှာဝင်ရောက်‌ ဆွေးနွေးသွားလို့ရပါတယ်ဗျ။🙆 #betterforyouth #adaptability #softskillsforcareer

ID 7546949833416903943
😕
Note 4.6/10
👁 1.25K vues
ER
1.93%
Global : 5.57%
Save rate
0.08%
Global : 0.4%
Revenu est. (Ads)
0€
Non comptée : vidéo < 60s
🏆 Rang vues : #7 (top 57.1%) Ouvrir sur TikTok ↗
Miniature vidéo TikTok
📆 05/09/2025 🚫 <60s
🏅 #8 / 15
😕
Score vidéo 4.8/10

လူငယ်တွေဆိုတာ တက်ကြွဖျက်လတ်🔥ပြီးတော့ မိမိတိုရဲ့ရည်းမှန်းချက်တွေကို ပုံဖော်နိုင်ကြတဲ့ အကောင်းဆုံး အသက်အပိုင်းအခြားပဲဖြစ်ပါတယ် ။ ဒီအသက်အရွယ်တွေက တောထဲက မြင်းရိုင်းပျိုတွေနဲ့ အလားသဏ္ဌန်ဆင်တူပါတယ် ။ ခွန်အားအပြည့်နဲ့ သွားလိုတဲ့ဆီကို သွားနိုင်တဲ့ စိတ်သွားတိုင်းကိုယ်ပါတဲ့ အသက်အရွယ်တွေပေါ့ ။ ဒီလိုမျိုး အခွင့်အရေးတွေများတဲ့ လူငယ်တွေမှာလည်း အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ကတော့ ရှိနေပါသေးတယ် ။ အက်တာကတော့ "လမ်းပျောက်ခြင်း" 🛤️ပဲဖြစ်ပါတယ် ။ ဒီလိုမျိုးက မိမိကိုယ်တိုင်က ဘာလုပ်ရတာကိုသဘောကျမှန်းမသိတဲ့လူငယ်တွေ ၊ ဝါသနာကို carrer အဖြစ် ပုံဖော်ဖို တွန့်ဆုတ်နေတတ်တဲ့လူငယ်တွေ ၊ အခြေအနေအရပ်ရပ်ကြောင့် လုပ်ချင်တဲ့အရာကို လုပ်ခွင့်မရတဲ့ လူငယ်တွေ ၊ လုပ်ချင်တာ‌ေတွကို ဘယ်ကစပြီး အကောင်အထည်‌ေဖာ်ရမှန်းမသိတဲ့ လူငယ်တွေမှာ အဖြစ်များတတ်ပါတယ် ။ ဒီလိုမျိုးလူငယ်တွေက အားအင်တွေရှိပါရက်နဲ့ lack of direction ဖြစ်နေတဲ့အတွက်ကြောင့် လေနှင်ရာလွင့်နေတဲ့ စက္ကူစလေး🍃တွေလို ဘယ်ကိုမှ ခရီးမပေါက်ဘဲ ဖြစ်နေတတ်ပါတယ် ။ ဘယ်လိုစတင်ရမလဲ မသိတဲ့အတွက်ကြောင့် entertainment ဘက်မှာပဲ ပျော်မွေ့နေမိပြီးတော့ လူငယ်ဘဝရဲ့ အဖိုးတန်တဲ့ energy တွေကို ဖြုန်းတီးမိနေတာမျိုးတွေပေါ့ ။ ကိုယ်‌နဲ့ရွယ်တူတွေ achievements တွေရတာကိုမြင်မှ အချိန်ဖြုန်းမိတာကို နောင်တရပြီး depression ဝင်တာမျိုးတွေပါဖြစ်တတ်ပါတယ် ။ ဒီအတွက် အကောင်းဆုံးဖြေရှင်းနည်းကတော့ "စတင်ခြင်း" 🚀ပါပဲ ။ တစ်နေရာမှာနောက်ကျကျန်ခဲ့သလို ခံစားနေပြီဆိုရင် အခုပဲ BFYER လေးတိုရဲ့ ဘဝအတွက် ရှာဖွေခြင်းကို စတင်ပြုလုပ်လိုက်ပါ ✨ ။ ကိုယ်ကိုယ်တိုင်က ဘာဖြစ်ချင်လဲ ၊ မိမိဖြစ်ချင်တာကို ဘယ်ကစတင်ရမလဲဆိုတာကို သေချာသိချင်ရင်တော့ သေချာသိနားလည်တဲ့သူတွေဆီမှာ ‌အကူအညီတောင်းခံ🤝ပြီးတော့ ဆွေးနွေးကြည့်ပါနော် ။ အကယ်၍ ဆွေးနွေးပေးမဲ့သူမရှိဘူးဆိုရင်လည်း စိတ်မပူပါနဲ့ ။ BFY က "offering hand" 🤲 ဆိုတဲ့ လူငယ်တွေအတွက် အကောင်းဆုံး အကြံပေးချက်တွေကို မျှဝေပေးတဲ့ project လေးတစ်ခုပြုလုပ်နေပါတယ်ရှင့် ။ အကယ်၍ BFYer လေးတိုက လမ်းပျောက်နေတယ်ဆိုရင် ဒီ project လေးက အထောက်အကူပြုစေမယ်ဆိုတာကို အာမခံပါတယ်နော် 🌟 ။ ဒီproject လေးက လူငယ်လေးတိုရဲ့ carrerအတွက် အကောင်းဆုံးအကြံဉာဏ်တွေကို ပေးနိုင်ရုံသာမကဘဲ လုပ်ငန်းခွင်ဝင့်အတွက်လိုအပ်တာတွေကိုလည်း အသေးစိတ် ကူညီပြင်ဆင်ပေးသွားမှာပါနော် ။ အခုပဲ လူငယ်လေးတိုရဲ့ တောက်ပတဲ့အနာဂါတ်ကို စတင်ရှာဖွေလိုက်ပါရှင့် ✨။ Register Now !! https://forms.gle/aCqspztHoKrLcpaK8 အသေးစိတ်ကို အောက်ကလင့်🔗လေးထဲမှာ ဝင်ရောက်ဖတ်ရှူပေးပါနော် ။ https://www.facebook.com/share/p/15vBQn1PTU/ #betterforyouth #bfy #offeringhands #productivity #timemanagement

ID 7546659931592641799
😕
Note 4.8/10
👁 1.16K vues
ER
1.38%
Global : 5.57%
Save rate
0.26%
Global : 0.4%
Revenu est. (Ads)
0€
Non comptée : vidéo < 60s
🏆 Rang vues : #8 (top 50%) Ouvrir sur TikTok ↗
Miniature vidéo TikTok
📆 05/09/2025 🚫 <60s
🏅 #5 / 15
🙂
Score vidéo 6.5/10

အခုချိန်ထိ “ The right moment ” ကိုစောင့်နေတုန်းလား❔ တစ်ခါတစ်လေကြရင် ဖြစ်ဖူးကြမှပါ ကျွန်တော်တို့ဘဝတွေမှာ မရသေးတဲ့ဟာတွေ မဖြစ်လာသေးတဲ့ဟာတွေကိုကြိုတင်ပြီးပူလောင်နေတတ်ကြပါတယ်။စိတ်ညစ်စရာတွေ ရှိလာရင်လည်းအများကြီးထိုင်စိတ်ညစ်နေတတ်ကြပြီး ခံစားနေတတ်ကြပါတယ်။နေ့တိုင်း ဒီ Circle ကြီးထဲမှာပိတ်မိနေပြီး မွန်းကြပ်နေကြပါတယ်။ အထူးသဖြင့်ခုလိုကာလတွေမှာ လူငယ်တွေအတွက်အများကြီးပိုစိတ်ဒုက္ခရောက်ကြပါတယ်။ လမ်းပျောက်တာတွေ ဘာဆက်လုပ်ရမှန်းမသိဖြစ်တာတွေ ဖြစ်ဖူးကြမှာပါ။ ဒါပေမယ့် ကျွန်တော်တို့မေ့ပျောက်နေတာတစ်ခုရှိတယ်။ The purpose of life is to experience the present moment not to rush over things. ဟုတ်ပါတယ် ဘဝရဲ့ရည်ရွယ်ချက်ပါပဲ ။ အသက်ရှင်နေရခြင်းရဲ့ရည်ရွယ်ချက်ကို စဉ်းစားမိဖူးကြလား ? တချို့ကတော့ထင်ကြမှာပေါ့ ကိုယ်လိုချင်တဲ့ goals တွေဆီရောက်ဖို့ ၊ ဘဝမှာအောင်မြင်ဖို့ ၊ ကိုယ်လိုချင်တာတွေရဖို့ ဆိုပြီး ဟုတ်ပါတယ် ဒါတွေကလည်းတစ်စိတ်တစ်ပိုင်းမှာပါဝင်နေပါတယ်။ ဒါပေမယ့် ဒါတွေရသွားရင်ကော အရမ်းပျော်ရွှင်ရမှာလား❔ ဒါတွေရသွားမှ ပျော်လို့ရတာလား ❔ဘဝမှာပျော်ဖို့ဆိုရင် ဒါတွေရမှမဟုတ်ပါဘူးနော် ခုလက်ရှိချိန်မှာလည်းပျော်လို့ရပါတယ်။ ဘဝက Marathon မဟုတ်ပါဘူးနော်။ အမြဲတမ်းပြေးနေဖို့လည်းမလိုသလို အမြဲတမ်းနားနေလို့လည်းမရပါဘူး။ကျွန်တော်တို့လူငယ်တွေဟာ အချိန်‌ရဲ့တန်ဖိုးရှိမှုတွေကိုမေ့နေတတ်ကြပါတယ် ။ ဘဝမှာ Appreciate လုပ်စရာတွေအရမ်းများပါတယ်နော်။ ချစ်ရတဲ့သူတွေနဲ့ရှိရတဲ့အချိန်ကလည်းအရမ်းကိုတိုတောင်းလှပါတယ် ။ မျဉ်းဖြောင့်တစ်ကြောင်းလို ကျွန်တော်တို့ရဲ့ ဘဝကြီးကဖြောင့်တန်းနေမှာမဟုတ်သလို အမြဲတမ်းလည်းစိတ်ညစ်စရာတွေ‌ဖြစ်နေမှာမဟုတ်ပါဘူး။ We weren't made to be perfect, we were made to be present. If life short , why not make every moment count ❔ If life is short, why not live it fully❔ အမြဲတမ်းကိုယ့်မှာဖြစ်နေတဲ့မကောင်းတဲ့အရာတွေနဲ့ စိတ်ညစ်မနေဘဲ ကောင်းတဲ့အရာလေးတွေကိုလည်း Appreciate တတ်ဖို့လိုပါတယ်နော်။ Then how can we cultivate more joy in our life ❔ 👀 ပိုပျော်ရွှင်စေမယ့် နည်းလမ်းလေးတွေကို ပုံလေးတပုံချင်းစီမှာထောက်ဖတ်နော် 🤍 All you can do is live it to the fullest ✨ ဘဝမှာ Second chance ဆိုတာမရှိပါဘူးနော် ဒါ့ကြောင့် ရှိနေတဲ့အခိုက်အတန့်လေးတွေတန်ဖိုးထားပြီး နောင်တမရှိစွာ အကောင်းဆုံးဖြတ်သန်းကြည့်ကြပါ‌နော် 👀 @William #betterforyouths

ID 7546469446462754066
🙂
Note 6.5/10
👁 1.77K vues
ER
7.9%
Global : 5.57%
Save rate
0.28%
Global : 0.4%
Revenu est. (Ads)
0€
Non comptée : vidéo < 60s
🏆 Rang vues : #5 (top 71.4%) Ouvrir sur TikTok ↗
Miniature vidéo TikTok
📆 05/09/2025 🚫 <60s
🏅 #6 / 15
😐
Score vidéo 5.4/10

လူငယ်တိုင်းဟာ 21ရာစုမှာ ပိုအောင်မြင်ချင်လာကြပါတယ်။ ကိုယ့်ရဲ့ Industry မှာ ထူးချွန်ဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်သလို ထိုင်ပြီး ဆုတောင်းလို့လည်း မရပါဘူး။ လက်တွေ့အခြေအနေနဲ့ သဟဇာတ ဖြစ်အောင်နေထိုင်ပြီး လက်တွေ့ Action တွေလုပ်ဆောင်နိုင်မှသာ လိုချင်တဲ့ ပန်းတိုင် (Goals) တွေရရှိမှာဖြစ်ပါတယ်။ ဒီနေ့မှာလည်း ပန်းတိုင်မရောက်ခင် ကြိုးစားရမယ့်အချိန် လုပ်သင့်တဲ့ ကြိုးစားအားထုတ်မှုတွေအကြောင်းနဲ ကျနော်တို့ရဲ့ အကြီးမားဆုံးပြဿနာကြီးကို ဖြေရှင်းသွား ဖို့ရှိပါတယ်။ ☝️ တောင်တက်ခြင်းနှင့် အောင်မြင်ခြင်း ကျနော်တို့ ပန်းတိုင်ရောက်ဖို့ ကြိုးစားခြင်းကို အရိုးရှင်းဆုံး တောင်တက်ခြင်းနဲ့ပဲ ဥပမာယူပြီးပြောကြည့်ရအောင်။ ကျနော်တို့ တောင်တက်ပြီဆို တက်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ တက်မယ်ဆိုရင် အစပိုင်းမှာတော့ အဆင်ပြေနိုင်ပေမယ့် စိတ်မရှိတော့တဲ့အခါ၊ မတူညီတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်လာတဲ့အခါ အရှုံးပေးသွားတတ်ကြပါတယ်။ ဒါဆို ကျနော်တို့က တောင်တက်ဖို့ အတွက်လိုအပ်တဲ့ ရှေးဦးသူနာပြုနည်းတွေ၊ တောင်တက်တဲ့အခါ အသုံးဝင်မယ့် တောင်မွှေးတွေ၊ ကိုယ့်ရဲ့ Physical ကျန်းမာရေးအခြေအနေတွေ စတဲ့ Skill တွေကို သိထားသင့်ပါတယ်။ ကိုယ့်ရဲ့ Goal ကိုရောက်ဖို့ဆိုရင်လည်း တောင်တက်ခြင်းလိုပါပဲ လုံလောက်တဲ့ ကြိုးစားအားထုတ်မှုမျိုး၊ မှန်ကန်တဲ့နည်းဗျူဟာတွေကို သေချာချတတ်ဖို့အရေးကြီးပါတယ်။ နောက်ပြီး ဒါဟာ Long Term ဖြစ်ပါတယ်။ ဒီနေ့မှ စလုပ်ပြီး မနက်ဖြန် နိုးလာတဲ့အခါ ပန်းတိုင်ရောက်ချင်ရင်တော့ ခက်ပါလိမ့်မယ်။ ကိုယ့်ရဲ့ ပန်းတိုင်တစ်ခုကိုချပြီး ဦးတည်ချက်တစ်ခုတည်းကိုပဲ လိုအပ်တဲ့ကျွမ်းကျင်မှုတွေနဲ့အတူ တောင်တက်သင့်ပါတယ်။ 😈 ပျင်းရိခြင်းရဲ့ အကြွေး ကျနော်တို့ ဘဝရဲ့ ပျင်းရိခြင်းက ကြိုးစားခြင်းရဲ့ အကြီးမားဆုံးရန်သူတော်ပဲဖြစ်ပါတယ်။ စိတ်ထဲမှာတော့ အလုပ်တွေ ကြိုးစားပြီး အပြင်လက်တွေ့မှာ ပျင်းရိနေရင်တော့ ဘာမှထူးခြားလာမှာ မဟုတ်ပါဘူး။ ကျနော်တို့ လိုအပ်တဲ့ Skills တွေဖို့ ဖြည့်ဖို့အတွက်ဆို ပျင်းရိခြင်းကို သေတ္တာထဲ သော့ခတ်ထားဖို့လိုပါတယ်။ ဒါဆို ပျင်းရိခြင်းကို တိုက်ထုတ်ဖို့ နည်းလမ်းလေးတစ်ခုကို ပြောပြပေးပါ့မယ်။ 📝 ကျနော်တို့ရဲ့ Productivity ကို နောက်တစ်ဆင့်ရောက်စေတဲ့ အချက်ကတော့ To do List ရေးခြင်းပါပဲ။ နေ့စဉ်ကိုယ့်ရဲ့ Career နဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေကို ရေးခြင်းက ပန်းတိုင်ရောက်ဖို့ အမြန်နိုင်ဆုံးနည်းလမ်းတစ်ခုပဲလို့ ယုံကြည်လာကြပါတယ်။ နေ့စဉ်လုပ်တဲ့အတွက် Consistency ရှိလာမယ်။ Skilful ဖြစ်လာမယ်။ အတွေ့အကြုံတွေရလာမယ်။ လိုက်ဖက်တဲ့ ပတ်ဝန်းကျင်တစ်ခုတည်ဆောက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် နေ့စဉ်အလုပ်တွေ အတွက်အကြွေးတွေထားမနေပဲ ပြတ်သားတဲ့ ဆုံးဖြတ်မှုတွေနဲ့အတူ ရည်မှန်းထားတဲ့ ပန်းတိုင်တွေ စိုက်ထူးကြရအောင်ပါ။ ကျနော့်တို့မှာ တာဝန်တွေ ကိုယ်စီရှိကြပါတယ်။ နေ့စဉ်စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အပိုင်းတွေအတွက်လုပ်ရတဲ့ လုပ်ငန်းဆောင်တာတွေကလည်း ကွဲပြားကြပါတယ်။ အဲ့ဒိအတွက်အကြွေးတွေ မထားမိကြပါစေနဲ့ အကြွေးရှိခဲ့ရင်လည်း ဆပ်ကြဖို့ သတိပေးရင်း BFYers တို့ရော အကြွေးရှိကြလား Comment မှာဖြေပေးခဲ့ကြပါဦး။☝️🙄 #betterforyouths

ID 7546467883988045074
😐
Note 5.4/10
👁 1.54K vues
ER
3.7%
Global : 5.57%
Save rate
0.26%
Global : 0.4%
Revenu est. (Ads)
0€
Non comptée : vidéo < 60s
🏆 Rang vues : #6 (top 64.3%) Ouvrir sur TikTok ↗
Miniature vidéo TikTok
📆 05/09/2025 🚫 <60s
🏅 #9 / 15
😐
Score vidéo 5.9/10

လုပ်ငန်းခွင်မှာဖြစ်ဖြစ် 💼 ၊ ကျောင်းမှာပဲဖြစ်ဖြစ် 🎓 ထူးချွန်ထက်မြက်ပြီး အောင်မြင်နေတဲ့သူတွေကို တွေ့ဖူးကြမှာပါ ။ သူတို့က သူတို့ကျွမ်းကျင်ကြတဲ့နယ်ပယ်တွေမှာ အကောင်းဆုံးလုပ်ဆောင်ပြကြပြီး achievement 🏆 တွေကို လက်ခုပ်သံကြားမှာ ရယူပြကြတယ် ။ အဲ့ဒိအောင်မြင်နေတဲ့သူတွေက ကိုယ်နဲ့မသိတဲ့သူတွေလည်းဖြစ်နိုင်သလို 🤝 ကိုယ်နဲ့ရင်းနှီးနေတဲ့အသိုင်းအဝိုင်း ၊ မိသားစု ၊ မိတ်ဆွေထဲကလည်း ဖြစ်‌ေနနိုင်ပါတယ် ။ ‌"သူတို့တွေက ဘာလို့အောင်မြင်နေကြတာလဲ❔" လို့မေးရင် အများစုကတော့ ကြိုးစားမှု 💪 ကြောင့်လို့ပဲ ဖြေကြမှာပါ ။ ဒါပေမဲ့ ကိုယ့်လောက်မကြိုးစားတဲ့သူမျိုးတွေက ကိုယ့်ထက်အောင်မြင်နေတာတွေကို ကြုံလာရတဲ့အခါမှာ မေးခွန်းထွက်စရာဖြစ်လာတတ်ပါတယ် 🤔။ Effort is important, but effort alone does not guarantee success 🚀. ရေပေါတဲ့နေရာမှာ ရေတွင်းတူးတာမျိုး ၊ အေးတဲ့ဒေသမှာ ❄️ ရေခဲရောင်းတာမျိုးနဲ့တော့ အောင်မြင်မှုမရနိုင်ပါဘူး ။ တစ်နေကုန်စာထိုင်ကျက်ပြီး 📚 စာအုပ်‌ကြားထဲနစ်နေတဲ့သူထက် စာတွေရဲ့ concept ကိုနားလည် 🧠ပြီး ဦးနှောက်ရဲ့အလုပ်လုပ်ပုံကို အသုံးချပြီး အချိန်တိုနဲ့ကျက်နိုင်သူက ပိုပြီးရလဒ်ကောင်းနိုင်ပါတယ်။ လူတစ်ယောက်က ကိုယ့်လောက်တော့မကြိုးစားဘူး ။ ဒါပေမဲ့ ဘယ်အချိန် ⏰ ၊ ဘယ်နေရာ 📍 ဘာလုပ်ရမလဲသိတာ ၊ အချိန်စီမံခန့်ခွဲတတ်တာ ၊ အခက်အခဲတိုင်းကို အခွင့်အရေးလိုအသုံးချတတ်ရင် အောင်မြင်မှုရဖို့ မခက်တော့ပါဘူး 🏆။ smart ဖြစ်တယ်ဆိုတာ Soft skill ကောင်းတဲ့သူကိုပြောတာပဲဖြစ်ပါတယ် ။ ဒါကြောင့် အောင်မြင်ဖို့အတွက် ကြိုးစားမှုနဲ့တန်းတူ အရေးကြီးတာက လူတွေရဲ့ soft skill 🌟ပဲဖြစ်ပါတယ်။ BFYer လေးတွေလည်း ကြိုးစားနေရက်နဲ့ မအောင်မြင်သေးရင် soft skill ပိုင်းကို ပိုလေ့လာသင့်ပါတယ် 📖။ ဒါကြောင့် အောင်မြင်ချင်ရင် BFY က လူငယ်တွေအတွက် soft skill ပိုင်း ‌သင်ပေးမဲ့ "personal development class 5 Days training" 📆 ကို လာ join ဖို့ remind လုပ်ချင်ပါတယ်။ BFYER လေးတို့ရဲ့ smart ဖြစ်မှုကို ဒီtraining လေးမှာ လာရောက်မြှင့်တင်လိုက်ပါ ။ Training လေးကို register လုပ်လို့ရနေပါသေးတယ်နော် https://forms.gle/W5MwiGxEW245thTg9 BFYer လေးတို့ကော ‌"ကြိုးစားတိုင်း အောင်မြင်နိုင်မယ်" ထင်လား❓ Comment 💬 မှာ ဆွေးနွေးခဲ့ကြပါအုံး။ #betterforyouths #betterforyouths

ID 7546467242024733959
😐
Note 5.9/10
👁 949 vues
ER
2.42%
Global : 5.57%
Save rate
0.84%
Global : 0.4%
Revenu est. (Ads)
0€
Non comptée : vidéo < 60s
🏆 Rang vues : #9 (top 42.9%) Ouvrir sur TikTok ↗
📊 Vues par vidéo
Survole un point pour voir la vidéo (# + date + vues exactes).
📈 ER & 📌 Saves
ER = engagement, Save rate = “vidéo à garder”.
💰 Revenu estimé (TikTok Ads)
  • Je compte uniquement les vidéos ≥ 60 secondes (tu m’as dit que <60s = pas pris en compte).
  • Calcul sur les 30 derniers jours (dans la limite des 35 dernières vidéos qu’on a dans le JSON).
  • RPM estimé : 0.71€/1k vues (range 0.5–0.93) basé sur ER + save rate + durée moyenne.
  • Résultat: 0€ sur 30j (range 0€0€), pour 0 vues éligibles et 0 vidéos ≥60s.
Important: c’est une estimation “réaliste” mais ça dépend beaucoup du pays d’audience, du type de contenu, et du niveau de vues qualifiées.
🧠 Lecture ultra simple
  • Emoji + note /10 = performance globale de la vidéo (views + ER + saves).
  • ER = (Likes + Commentaires + Partages) / Vues • Save rate = Sauvegardes / Vues.
  • Badges “Au-dessus / En dessous” = comparaison directe à la moyenne de TON compte.
✨ Boost tes vidéos Vexub IA
Sous-titre tes vidéos automatiquement avec l’IA 🎧

Importe ta vidéo, et Vexub génère une vidéo sous-titrée prête pour TikTok, Reels ou Shorts. Pas de montage, pas de prise de tête.

  • Reconnaissance vocale IA → texte propre
  • Sous-titres syncro automatiquement sur la vidéo
  • Format vertical optimisé pour les vues
Tester le sous-titrage IA ↗
Sous-titrage vidéo IA avec Vexub