Sans description
Sans description
#paingyoursoul #forcrush #foryoupage #fypシ゚ #foryoupage
#paingyoursoul #fypシ゚ #forcrush #foryoupage
#foryoupage #forcrush #paingyoursoul #fypシ゚
Upload one YouTube video and auto-generate multiple TikToks, Reels, and Shorts in minutes.
"နီးတကျက်ကျက် ဝေးတသက်သက်"တဲ့ ဒီစကားကိုကျွန်တော်တို့ပတ်ဝန်းကျင်မှာ မိဘတွေနဲ့သားသမီးတွေမတည့်တဲ့အခါ မောင်နှမချင်းမတည့်တဲ့အခါမှာပြောလို့ရှိကြပါတယ် ကျွန်တော်တော့ဒီစကားကိုမကြိုက်ဘူး ကျွန်တော်တို့ချစ်ရတဲ့သူတွေအနားမှာရှိနေတုန်းဂရုမစိုက်ဘဲဝေးသွားတော့မှဂရုစိုက်ပြနေလို့ရောဘာထူးမှာလဲ ဘယ်လောက်ပဲစိတ်ထဲကချစ်နေနေထုတ်မပြရင်အလကားပဲ မင်းချစ်လား ချစ်ရင်ဂရုစိုက်ပေးလေ ချစ်ရင်စကားအပြောအဆိုလေးချိုသာပေးလိုက်လေ ဟင်းကူချက်မှာလား သန့်ရှင်းရေးကူလုပ်မှာလား အဝတ်လျှော်ပေးမှာလား ကြိုက်တက်တဲ့မုန့်ဝယ်ကျွေးမှာလား ချစ်ကြောင်းပြသဖို့အများကြီးပဲ ပိုက်ဆံရှာပေးနိုင်မှသူတို့ကိုကူညီနိုင်တာမဟုတ်ဘူး ချစ်ကြောင်းပြနိုင်တာမဟုတ်ဘူး ဒါပေမဲ့ပိုက်ဆံပါရှာပေးနိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာ ဒီအခါမှာတော့ငါကပိုက်ဆံရှာရတာပင်ပန်းတယ်ဘာအလုပ်မှကူလုပ်မပေးနိုင်ဘူးလို့ဆင်ခြေပေးနိုင်ပါတယ် ဒါဆိုရင် "ချစ်တယ်"ဆိုတဲ့စကားလေးတစ်ခွန်းကရောခင်ဗျားအတွက်ပင်ပန်းလား အလုပ်ထဲမှာဖြစ်လာတဲ့ပြဿနာတွေကိုသူတို့ကိုပုံမချနဲ့ သူတို့ကိုရင်ဖွင့်ကြည့်လေ ပျော်ပျော်ပါးပါးပေါ့ မနက်ဖြန်သေသွားခဲ့ရင်တောင်နောင်တကင်းကင်းပဲ အေးဆေးပေါ့ "စကားအပြောအဆိုသာမတက်တာစိတ်ရင်းကကောင်းပါတယ်" အဲ့စကားတစ်ခွန်းနဲ့အပြောခံရတဲ့လူကအဆင်ပြေမယ်ထင်လို့လား စကားချိုသာလိုက်လို့ မာနထိခိုက်သွားမှာလား ဂုဏ်သိက္ခာကျဆင်းသွားမှာ ဘာမှမ မဖြစ်သွားတာဟုတ်တယ်မဟုတ်လား "နှုတ်ချိုရင်ပြည်စိုးတယ်" ဆိုတဲ့စကားတောင်ရှိသေးတာပဲ မင်းကဈေးရောင်းနေတဲ့လူတစ်ယောက်သာဆိုဒီစကားကိုပိုလက်ခံလိမ့်မယ် customer ကိုတောင်ချိုချိုသာသာဆက်ဆံနိုင်သေးတာပဲ ကိုယ်ချစ်ရတဲ့ကိုယ့်မိသားစုကိုရော..... အချစ်လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ချစ်သူရည်းစားဆိုတာမျိုးပဲမြင်မိကြမှာပါ ဒါပေမဲ့ခင်ဗျားတို့အဲ့လိုထင်ထဲကခင်ဗျားတို့မေ့နေကြလို့ပါ ကျွန်တော်တို့မိဘတွေ မိသားစုတွေ ကိုယ့်ကိုကိုချစ်ဖို့ကိုပေါ့ အရာတိုင်းအချိန်အတိုင်းအတာရှိတယ် လုပ်ချင်တာလုပ်ဖို့ လုပ်သင့်တာလုပ်ဖို့ ပြောချင်တာပြောဖို့ ပြောသင့်တာပြောဖို့ နောက်မကျစေနဲ့ အချိန်အတိုင်းအတာဆိုတာ ခင်ဗျားတို့အသက်19 20မှာသင်္ကြန်မဏ္ဍပ်မှာကရမဲ့အစား အသက်50 60မှသွားကနေလို့အဆင်မပြေဘူး ကျွန်တော်ပြောတဲ့ အဓိပ္ပာယ်ကိုသိမယ်ထင်ပါတယ် မနက်ဖြန်တောင်မသေချာတဲ့လောကကြီးမှာမင်းဘာတွေမျှော်လင့်နေတာလဲ လုပ်ချင်တာတွေလုပ်လိုက်လေ တစ်ခြားသူတွေနဲ့ကိုယ့်ကိုလည်းမထိခိုက်စေနဲ့ လုပ်သင့်တာကိုလည်းမမေ့နဲ့ ကိုယ့်ကိုယ်ကိုလည်းချစ်ကြည့် ကိုယ်မွေးဖွားလာပြီဆိုမှနေတော့ဒီအတိုင်းသေသွားရင်ပျင်းစရာကြီး ပြောသင့်တာပြောဆိုတဲ့နေရာမှာ "အဓိက" ကတော့ ခင်ဗျားတို့ချစ်သူရည်းစားတွေကို "ချစ်တယ်" လို့နေတိုင်းပြောနေကြပေမဲ့ ခင်ဗျားတို့ အဖေနဲ့အမေကိုရော "ချစ်တယ်" ဆိုတဲ့စကားနှစ်လုံးကိုပြောဖူးရဲ့လား သူစိမ်းတစ်ယောက်ကိုတောင်ပြောနိုင်တာကိုယ့်အဖေနဲ့အမေကိုရော... "လူတစ်ယောက်ရဲ့တန်ဖိုးကိုအဲ့ဒီလူမရှိမှသိတယ်"တဲ့ ဒါဆိုခင်ဗျားတို့ဒီလိုတွေးကြည့်လေ မနက်ဖြန်ခင်ဗျားရဲ့အမေမရှိတော့ရင်၊ ခင်ဗျားရဲ့အဖေမရှိတော့ရင်၊ ခင်ဗျားချစ်ရတဲ့လူတစ်ယောက်ယောက် ဒါမှမဟုတ် ခင်ဗျားချစ်ရတဲ့ခွေးလေး၊ကြောင်လေး မရှိတော့ရင်ဘာလုပ်မလဲ ငိုမှာလား။ ငိုလေခင်ဗျားမျက်ရည်ကုန်ရုံနဲ့နောင်တရ နေရုံကလွဲပြီးဘာမှမရဘူး ဒါဟာကျွန်တော်တို့လက်မခံချင်လည်းလက်ခံရမဲ့အမှန်တရားပဲ ကျွန်တော်ဖတ်ဖူးထဲစာထဲကလို "ဘယ်သူ့ကိုမှစိတ်ဆိုးပြီးမအိပ်ပါနဲ့ ဘယ်သူ့ကိုမှစိတ်ဆိုးအောင်လုပ်ပြီးမအိပ်ပါနဲ့ မနက်ဖြန်ပြန်ထလာနိုင်ပါ့မလားဆိုတာဘယ်သူ့မှမသိနိုင်ဘူးလေ ဒါကြောင့်မို့ စိတ်ဆိုးနေရင်လည်းခွင့်လွှတ်လိုက်ပါ စိတ်ဆိုးအောင်လုပ်ထားမိရင်လည်းပြန်တောင်းပန်လိုက်ပါ" ကျွန်တော်ပြောချင်တာကိုယ့်ကိုကိုချစ်ဖို့နဲ့ခင်ဗျားတို့ချစ်ရသူတွေမရှိတော့မှနောင်တမရဖို့ That's all ****ကိုယ့်ဘက်ကဒီလောက်ကောင်းပေးတာတောင်သူတို့ဘက်ကအဆင်မပြေဘူးဆိုရင်တော့ နေထူးနိုင်ရဲ့မီးလက်ဝါးသိုင်းနဲ့ဖြေရှင်းလိုက်**** ခင်ဗျားနောက်မကျသေးပါဘူး သိတဲ့အချိန်ဟာအစောဆုံးအချိန်ပါ ....... Paing(your soul) #knowledgesharing #foryoupage #paing(yoursoul)
Upload one YouTube video and auto-generate multiple TikToks, Reels, and Shorts in minutes.
ကြိုးစားမှုအရာမထင်ဘူးဆိုတာနေရာမှားနေတာဖြစ်နိုင်တယ် သူငယ်တန်းကနေ4တန်းအထိရွာကျောင်းမှာတက်ရတယ် အဲ့အချိန် "ပညာရည်ချွန်ဆု" ဆိုတာ ကျွန်တော့်အတွက်ဘာမှန်းတောင်မသိဘူး သူများတွေတော့နှစ်တိုင်းရနေကြတာပဲ အတန်းထဲမှာ10ယောက်12ယောက်လောက်ပဲရှိမယ်ထင်တယ် သိပ်တော့မမှတ်မိတော့ဘူး အဲ့တာတောင် ဘာဆုမှမရဘူးဖူး ကျွန်တော့်အပါအဝင်လူသိပ်မသိတဲ့လူအနည်းငယ်တော့ရှိတယ် အဲ့အချိန်မှာတစ်ကယ်တော်တဲ့လူရယ် ဆရာမကိုဟိုဟာပေးဒီဟာပေးတဲ့လူတွေရယ်က Hit ဖြစ်နေတာပေါ့ 5တန်းကနေ10တန်းအထိကတစ်ခြားအထက်တန်းကျောင်းမှာတက်ရတယ် ကျွန်တော်ကတော့အဲ့အထက်တန်းကျောင်းမှာလည်း8တန်းအထိပဲတက်ခဲ့တယ် 5တန်းစပြောင်းတဲ့နှစ်ပထမဆုံးဖြေတဲ့စာမေးပွဲမှာ "အဆင့် 2" ရတယ် ဟ "I'm f**king cool"နည်းနည်းလေးဘဝင်တောင်မြင့်သွားတယ် ရွာမှာရဖို့နေနေသာသာသိတောင်မသိတဲ့ဂဏန်းတစ်ခု ဒါနဲ့ဘယ်ပြောကောင်းမလဲ ကိုယ်ကအစထဲကအိမ်မှာဆရာကြီး အဆင့် 2 လည်းရရောအိမ်မှာ အထာကြီးနဲ့နေပေးလိုက်တယ်ဘယ်ရမလဲ နောက်ရက်နည်းနည်းကြာတော့ကျောင်းကနေအိမ်ပြန်လာတဲ့အချိန်မောင်တစ်ဝမ်းကွဲကစာရွက်လာပေးတယ်ဆုပေးပွဲစာရွက်နင့်ကိုဆရာမပေးခိုင်းလို့တဲ့ လာနောက်နေတာလားငါဘယ်တုန်းကဆုရလို့လဲလို့ပြောတော့ မယုံလဲနေဆိုပြီးစာရွက်ပေးသွားတယ် "တတိယဆု" "အစိုးရစစ်4တန်း" တုန်းကဆု အစိုးရစစ်ကရွာကျောင်းစစ်တာထက်ပိုလွယ်နေလို့လား ဒါမှမဟုတ် ကျွန်တော်ကပဲဗြုန်းစားကြီးထပြီးဉာဏ်ကောင်းသွားတာလား🤣။ မိသားစုနဲ့ကျွန်တော်ထပ်တူအံဩရပါတယ် နောက်ပိုင်းတော့ကျွန်တော်လည်းဘာအဆင့်တွေရလည်းမမှတ်မိတော့ဘူး Messi or Ronaldo လို့မေးတော့Rodonalတဲ့ ဘာဖြစ်လို့လဲဆိုတော့ "ပါရမီနဲ့ကြိုးစားမှုမတူဘူးတဲ့" ဒါဆိုကျွန်တော်မေးမယ် ပါရမီပါတိုင်းမကြိုးစားရင်အဲ့နေရာတစ်ခုကိုရောက်မှာလား အဲ့လိုဆိုရင်တော့ပါရမီပါတဲ့လူတွေထိုင်ပဲနေတော့မှာပေါ့ ဘာလို့ကြိုးစားနေမှာလဲ ကြိုးစားတိုင်းဖြစ်လာတာမဟုတ်ဘူး နေရာမှန်ဖို့လည်းအရေးကြီးတယ် နေရာမှားနေရင်ကတော့ခင်ဗျားဘယ်လောက်ကြိုးစားကြိုးစားဘယ်နေရာမှရောက်မှာမဟုတ်ဘူး ***Ronaldo fanတွေကိုblameတာမဟုတ် လူတိုင်းကိုယ့်အကြိုက်နဲ့ကိုယ်**** မင်းကြိုးစားနေတာတွေအရာမထင်ရင်တော့မင်းနေရာမှားနေတာလား ဒါမှမဟုတ် မင်းကမှားနေတာလား ပြန်စမ်းစစ်ကြည့်ပါ။။ Paing(your soul) #knowledgesharing #foryoupage #paing (yoursoul)
Clipping is the fastest way to repurpose content: one long video becomes multiple short viral formats. Example: 1 YouTube video -> 10 Shorts/TikToks.