Can This Love Be Translated? (2026) [အစ-အဆုံး] Hometown Cha-Cha-Cha ထဲက အကြည်ဓာတ် ပါးချိုင့်လေးတွေနဲ့ ပရိသတ်အသည်းနှလုံးကို သိမ်းပိုက်ခဲ့တဲ့ မင်းသား ဂင်ဆွန်းဟို နဲ့ Alchemy of souls, Resident Playbook စတဲ့ ဇာတ်ကားတွေမှာ ပရိသတ်တွေ သည်းသည်းလှုပ်ခဲ့ကြတဲ့ အပြုံးချိုချိုမင်းသမီး ဂိုယွန်းဂျောင်းတို့ပါဝင်ထားတဲ့ “Can this love be translated?” ဇာတ်လမ်းတွဲလေး ဒီနေ့မှာ ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ် ပရိသတ်ကြီးတို့ရေ.. Off-screen တွေမှာတောင် chemistry တွေ အရမ်းမိနေကြတဲ့အတွက် ပရိသတ်တွေ ဝိုင်းချစ်ကြရတဲ့သူတို့ on-screen မှာ ဘယ်လောက်ထိ လိုက်ဖက်နေမလဲဆိုတာ ဒီနေ့ တဝကြီး ခံစားကြည့်ရှုလို့ရပါပြီနော်။ ဇာတ်လမ်းအကျဉ်းကတော့…. ဂျပန်၊ တရုတ်စတဲ့ အရှေ့တိုင်းဘာသာတွေသာမက ဂျာမန်၊ အီတလီစတဲ့ အနောက်တိုင်းဘာသာစကားတွေကိုလည်း ကျွမ်းကျင်စွာ ပြောနိုင်တဲ့ နိုင်ငံတကာဘာသာပြန် ဂျူဟိုဂျင်းဟာ တစ်နေ့မှာတော့ ထိပ်တန်းကြယ်ပွင့်သရုပ်ဆောင်မင်းသမီး ချာမူဟီးအတွက် ဘာသာပြန်အလုပ်လုပ်ပေးရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အလုပ်အရ နိုင်ငံအနှံ့ ခရီးသွားရင်း ဘာသာပြန်လေးနဲ့ မင်းသမီးလေးတို့အကြား ပေါ်ပေါက်လာတဲ့ အချစ်ဇာတ်လမ်းလေးကို ချိုမြိန်စွာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ပြည်သူ့အသည်းစွဲ မင်းသားနဲ့ မင်းသမီးကို ကြည့်ခွင့်ရရုံတင်မက ဒီဇာတ်လမ်းလေးဟာ ဂျပန်၊ အီတလီ၊ ကနေဒါ အစရှိတဲ့နိုင်ငံတွေမှာလည်း သွားရောက်ရိုက်ကူးထားတာဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့အလှအပရှုခင်းတွေကိုလည်း တဝကြီး မြင်တွေ့ရှုစားနိုင်ဦးမှာပါ။ ကဲ “ဤဇာတ်လမ်း မကြည့်လေက လူဖြစ်ကျိူး မနပ်လေရဲ့” လို့သာ ညွှန်းဆိုလိုက်ပါရစေနော်။ #canthislovebetranslated? #koreandrama #romance #fyp #foryoupage
ID
7595939579190906119
👁 Vues vs moy. : Dans la moyenne
💬 ER : Dans la moyenne
📌 Saves : Très en dessous
Save rate
0%
Global : 0.12%
Revenu est. (Ads)
0€
Non comptée : vidéo < 60s
🏆 Rang vues :
#5
(top 69.2%)
Ouvrir sur TikTok ↗