ပိုတော်၊ ပိုတတ်၊ ပိုထက်ချင်ရင် စကားပြောပါ။ စကားပြောရမှာကို ကြောက်နေတုန်းပဲလား? တကယ်တော့ အဲ့ဒီ "စကားပြောခြင်း" ထဲမှာပဲ အဖြေတွေ ရှိနေတာပါ။ ပြဿနာ တော်တော်များများရဲ့ အဖြေက စကားပြောလိုက်ရင်ရှင်းတယ်။ စကားကို ဘယ်လိုပြောရမလဲ ? ဘာတွေပြောကြမလဲ ? Video ထဲမှာရော မဆုက ဘာစကားတွေပြောထားမလဲ။ အတူတူကြည့်ကြရအောင်နော်။ ➡️➡️➡️➡️⬇️⬇️🔵🔵🟠🟠 #burmesecommunity #curimyanmar #curi #booksummary #burmesebooksummary #Burmesebook #အတွေးမှလက်တွေ့သို့ #CURIapplication
Curi - Curious Insighter
@curimyanmarRight Curiosity, Right Growth.
🔎 Détails (profil + refresh) ouvrir
➡️ ဒါဆို Active Recall ကို သုံးကြည့်ရအောင် စာအုပ်တစ်အုပ်ကို အစအဆုံးဖတ်ပြီးသွားလို့ "ဘာတွေရလိုက်လဲ" လို့ ပြန်မေးရင် ဝေဝေဝါးဝါး ဖြစ်နေတတ်တယ်ဆိုတာ မှတ်ဉာဏ်မကောင်းလို့မဟုတ်ဘဲ စာကို "Active" ဖြစ်ဖြစ် မဖတ်လို့ပါ။ Active Recall Principle ဆိုတာ... စာကို မျက်စိနဲ့ လိုက်ဖတ်ရုံ မဟုတ်ဘဲ ဖတ်ပြီးသားအချက်တွေကို ကိုယ့်ခေါင်းထဲကနေ ပြန်ထုတ်ပြီး အသုံးချတာ (Retrieval) ကို ခေါ်တာပါ။ သိပ္ပံနည်းကျ လေ့လာမှုတွေအရ အချက်အလက်တွေကို မှတ်မိဖို့ဆိုရင် ခေါင်းထဲ "ထည့်တာ" ထက် ခေါင်းထဲကနေ "ပြန်ထုတ်တာ" က ဉာဏ်ရည်ကို ပိုပွင့်စေပါတယ်။ ဒါဆို Active Recall ကို ဘယ်လိုလုပ်မလဲ? ၁။ စာဖတ်ပြီးတိုင်း စာအုပ်ကို ပိတ်လိုက်ပါ။ ၂။ အခုဖတ်လိုက်တဲ့အထဲက အရေးကြီးဆုံး (၃) ချက်ကို ကိုယ့်ဘာကိုယ် ပြန်ပြောကြည့်ပါ။ ၃။ အဲ့ဒီအချက်တွေကို လက်တွေ့ဘဝမှာ ဘယ်လိုသုံးမလဲဆိုတာ "Action" အနေနဲ့ ချရေးပါ။ ဒါပေမဲ့... တစ်ယောက်တည်း တွန်းအားမရှိလို့ ဒီလိုလုပ်ဖို့ ခက်နေတယ်ဆိုရင်ရော ? ဖတ်ပြီးသားစာတွေကို လက်တွေ့ အသုံးချဖို့ ကူညီပေးမဲ့ "အတွေးမှ လက်တွေ့သို့" Program ရှိပါတယ်။ ဒီ Program မှာဆိုရင်: Assign ချပေးမယ်: တစ်ရက်ချင်းစီအတွက် ဖတ်ရမဲ့အပိုင်းတွေကို သတ်မှတ်ပေးထားမယ်။ Daily Action: ဖတ်ရုံတင်မဟုတ်ဘဲ နေ့စဉ် လက်တွေ့လုပ်ဆောင်ချက်တွေပါဝင်လို့ Active Recall ကို အလိုအလျောက် ကျင့်ပြီးသားဖြစ်မယ်။ Weekly Reflection: တစ်ပတ်လုံး ကိုယ်တိုင် လက်တွေ့လုပ်ခဲ့တာတွေကို Zoom meeting မှာ ပြန်ဆွေးနွေးရင်း ခေါင်းထဲမှာ စွဲမြဲသွားစေမယ်။ 📅 Reminder: ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးစာရင်းပေးသွင်းရမှာဖြစ်ပြီး မတ်လ ၁ ရက်နေ့မှာ စတင်မှာမို့ ဒီ Post လေးက Last Call ပါ။ 💰 အထူးဈေးနှုန်း: CURI Subscriber တွေအတွက် 60% OFF အထိ Discount တွေရှိလို့ အခုပဲ Form ဖြည့်ပြီး Join လိုက်တော့နော်! သိရုံပဲသိပြီး မလုပ်ဖြစ်တဲ့ အကျင့်တွေကိုပြင်ရင်း တကယ့် Action Taker တစ်ယောက် ဖြစ်လာဖို့ comment က Form ကိုဖြည့်ပြီး Program ကို Join လိုက်တော့နော်။ ➡️➡️➡️➡️⬇️⬇️🔵🔵🟠🟠 #burmesecommunity #curimyanmar #curi #booksummary #burmesebooksummary
ဒီမေးခွန်းမေးခံရလို့ ပုံထဲက အာဝုလေးရဲ့ reaction ဖြစ်သွားရင်တော့ 'အတွေးမှ လက်တွေ့သို့' program join ဖို့လိုနေပါပြီ။ ဒီအစီအစဥ်လေးကို ပါဝင်ခွင့်လို့ရမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးမို့ ပါဝင်ချင်တယ် ဆို စာရင်းပေးဖို့ အချိန်သိပ်မကျန်တော့ပါဘူးနော်။ နောက်က်ကျသွားရင် Execution Rhythm မှာမို့ လက်ခံမှာမဟုတ်တော့ပါဘူး။ အတွေးမှ လက်တွေ့သို Program က - Time Efficient: တစ်နေ့ကို မိနစ် ၂၀ ကနေ ၄၀ ပဲ အချိန်ပေးရမှာဖြစ်လို့ အလုပ်ရှုပ်တဲ့သူတွေအတွက် အဆင်ပြေဆုံးပါ။ Action Only: စာအကြောင်းတွေ အရှည်ကြီးပြောနေမှာ မဟုတ်ပါဘူး၊ တစ်နေ့တာအတွက် လက်တွေ့လုပ်ဆောင်ရမယ့် Action တစ်ခုတည်းကိုပဲ အာရုံစိုက်သွားမှာပါ။ Community Support: Introvert တွေအတွက်လည်း အထူးသင့်တော်ပြီး တစ်ယောက်ကိုတစ်ယောက် ဝေဖန်တာမျိုးမရှိတဲ့ Community မှာ အတူတူပြောင်းလဲကြမှာပါ။ စာဖတ်ပြီး လိုက်မလုပ်ဖြစ်တဲ့ Curios တွေက CURI Team နဲ့အတူ လက်တွေ့ စတင်လိုက်ပါ။ ➡️➡️➡️➡️⬇️⬇️🔵🔵🟠🟠 #burmesecommunity #curimyanmar #curi #booksummary #burmesebooksummary
ခေါင်းဆောင်ကောင်းဖြစ်ဖို့ စာအုပ် ၅ အုပ် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ဆိုတာ အမြဲလေ့လာသင်ယူနေရတဲ့ ခရီးစဉ်တစ်ခုပါ။ ဒါကြောင့် ဒီနေ့လည်း Leadership အကြောင်း သင်ယူနိုင်ဖို့ ဒီစာအုပ် ၅ အုပ်ကို မျှဝေလိုက်ပါတယ်။ စာအုပ်လေးတွေရဲ့ အနှစ်ချုပ်ကို CURI App မှာ ဖတ်ရှုနိုင်ပါတယ်။ Curios တို့ရော ဒီထဲက ဘာစာအုပ်လေးတွေ ဖတ်ပြီးသွားပြီလဲ။ ➡️➡️➡️➡️⬇️⬇️🔵🔵🟠🟠 #burmesecommunity #curimyanmar #curi #booksummary #burmesebooksummary
မတ်လ ၁ ရက်နေ့မှာ စမဲ့ "အတွေးမှ လက်တွေ့သို့" Program အတွက် စာရင်းသွင်းဖို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က နောက်ဆုံးပါပဲ။ သတ်မှတ်ရက် ကျော်လွန်သွားရင် အဖွဲ့ထဲက Execution Rhythm တွေ မတူညီနိုင်တော့လို့ ထပ်တိုးလက်ခံပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီ program ကို Join ဖို့ စိတ်ကူးထားရင်တော့ အခုပဲ စာရင်းပေးလိုက်တော့နော်။ 🟠 CURI Subscribers တွေအတွက် အထူးအခွင့်အရေး: CURI Subscription (၃ လစာ) ဝယ်ထားရင် မူရင်းဈေး ၇၀,၀၀၀ တန်ကို ၂၈,၀၀၀ ကျပ် (60% OFF) နဲ့ Join နိုင်ပါတယ်။ စာအုပ်တွေ ဖတ်ရုံတင်မဟုတ်ဘဲ စာအုပ်ကောင်းတွေကို လက်တွေ့ကျင့်သုံးပြီး နေ့စဥ်ဘဝမှာ Result ထွက်လာဖို့ ဒီ Program ကို သေချာပေါက် Join ကြည့်သင့်တယ်နော်။ အတွေးထဲမှာပဲ ရပ်မနေဘဲ မတ်လမှာ CURI Team နဲ့အတူ လက်တွေ့ပြောင်းလဲဖို့ comment ထဲက link ကနေ အခုပဲ စာရင်းပေးလိုက်တော့နော်! ➡️➡️➡️➡️⬇️⬇️🔵🔵🟠🟠 #burmesecommunity #curimyanmar #curi #booksummary #burmesebooksummary
စာဖတ်ပြီး ဘာမှမထူးခြားဘူး ဖြစ်နေလား? "သိတော့သိတယ်၊ ဒါပေမဲ့ လက်တွေ့မလုပ်ဖြစ်ဘူး" ဆိုတာ စာဖတ်ဖြစ်နေပေမဲ့ ဘယ်ကစရမယ်မသိတဲ့ လူတိုင်းရဲ့ အားနည်းချက်ပါ။ ဒါကြောင့်ပဲ CURI ကနေ "အတွေးမှ လက်တွေ့သို့၊ စာအတူဖတ်ကြစို့" ဆိုတဲ့ Program လေး ဖန်တီးလိုက်တာပါ။ ဘာတွေကွာမလဲ? Daily Action: ဖတ်ရုံတင်မဟုတ်ဘဲ နေ့တိုင်း လက်တွေ့လုပ်ရတဲ့ Task တွေပါမယ်။ Weekly Zoom: တစ်ပတ်စာ အတွေ့အကြုံတွေကို Community ထဲမှာ ပြန်ဆွေးနွေးမယ်။ Networking & Skills: Judging မရှိတဲ့ နေရာလေး။ 🟠 Fees: ၇၀,၀၀၀ ကျပ် 🟠 CURI Subscriber Discount: 60% အထိ လျော့ဈေးရှိမယ်နော်! 🟠 Deadline: Feb 28 အထိပဲ လက်ခံမှာပါ။ 🟠 Start Date: မတ်လ (၁) ရက်နေ့ စပါပြီ။ အတွေးကနေ လက်တွေ့ပြောင်းလဲဖို့ အခုပဲ Comment က Form ဖြည့်ပြီး Join လိုက်တော့... Go Go Go! ➡️➡️➡️➡️⬇️⬇️🔵🔵🟠🟠 #burmesecommunity #curimyanmar #curi #booksummary #burmesebooksummary #Burmesebook #အတွေးမှလက်တွေ့သို့ #CURIapplication
လက်ခံဖို့ခက်ပေမဲ့ လက်တွေ့ကျတဲ့ ၇ ချက် လူ့ဘဝဆိုတာ ပန်းခင်းလမ်းမဟုတ်ပါဘူး။ ဒီ "လက်တွေ့ကျတဲ့ အမှန်တရား ၇ ချက်" ကို သဘောပေါက်ထားမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပြီး သူများထက် တစ်ပန်းသာမှာပါ။ Mastery စာအုပ်က ပြောပြထားတဲ့ ဒီ ၇ ချက် က ဘာတွေဖြစ်မလဲ။ ဒီအချက်တွေထဲက ဘယ်အချက်က ကိုယ့်အတွက် အသုံးအဝင်ဆုံးလဲ? ဒီစာအုပ်အကြောင်း မဆုပြောပြထားတဲ့ အပြည့်အစုံကို CURI App မှာ Subscription ဝယ်ပြီး လေ့လာနိုင်ပါတယ်။ ➡️➡️➡️➡️⬇️⬇️🔵🔵🟠🟠 #burmesecommunity #curimyanmar #curi #booksummary #burmesebooksummary #Burmesebook #တွေးမှလက်တွေ့သို့ #CURIapplication
Turn 1 Long Video into 10 Viral Shorts
Upload one YouTube video and auto-generate multiple TikToks, Reels, and Shorts in minutes.
ပုံထဲကလို မဖြစ်ရလေအောင် အတွေးမှ လက်တွေ့သို့၊ စာအတူဖတ်ကြစို့ Program ကို Join လိုက်တော့နော်။ ဒီ Program က - Action ပဲ အဓိက: စာအရှည်ကြီးတွေ မပြောဘူး၊Action ကိုပဲ အာရုံစိုက်မယ်။ အချိန်မရှိလည်း အဆင်ပြေ: တစ်နေ့ မိနစ် ၂၀-၄၀ ပဲပေးလို့ရ။ Introvert တွေအတွက် Perfect: တူညီတဲ့ Community မှာ တစ်ယောက်ကိုတစ်ယောက် Judge မလုပ်ဘဲ အတူတူလုပ်ကြမယ်။ Public Speaking : Zoom meeting မှာ sharing လုပ်ရင်း စကားပြောစွမ်းရည်ပါ လေ့ကျင့်ပြီးသား ဖြစ်မယ်။ CURI က မတ်လ (၁) ရက်မှာ ဒီ Program စတင်မှာဖြစ်လို့ ပုံထဲကလို မဖြစ်ချင်ရင်တော့ comment ထဲက link ကနေ အခုပဲ Join လိုက်တော့နော်! 👇 Program အကြောင်းအသေးစိတ်ကိုလည်း comment မှာ link ချထားတဲ့ Post မှာ ဖတ်ရှူနိုင်ပါတယ်။ ➡️➡️➡️➡️⬇️⬇️🔵🔵🟠🟠 #burmesecommunity #curimyanmar #curi #booksummary #burmesebooksummary
Turn 1 Long Video into 10 Viral Shorts
Upload one YouTube video and auto-generate multiple TikToks, Reels, and Shorts in minutes.
ကိုယ်ကိုယ်ကိုယ် အရည်အချင်းမရှိဘူးလို့ သံသယဝင်နေတတ်တာဟာ Imposter Syndrome ကြောင့်ပါ။ ဒါကို အောင်မြင်မှုအတွက် တွန်းအားအဖြစ် ပြောင်းလဲနိုင်မဲ့ နည်းလမ်း (၅) ချက်ကို မျှဝေလိုက်ပါတယ်။ ၁။ Imposter Syndrome ကို တိုးတက်နေတဲ့ လက္ခဏာအဖြစ် မြင်ပါ ကိုယ်က ဘာမှမလုပ်ဘဲ ငြိမ်နေရင် ဒီလိုခံစားချက်မျိုး ဖြစ်လာမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ Comfort Zone ထဲကနေ ထွက်ပြီး အသစ်တွေကို စိန်ခေါ်နေလို့သာ ဒီလို "မလုံခြုံမှု" မျိုး ခံစားရတာပါ။ ၂။ ခံစားချက်နဲ့ အချက်အလက်ကို ခွဲခြားပါ "ငါက မတော်ဘူး" ဆိုတာ ခံစားချက် သက်သက်ပါ။ တကယ်တမ်း အချက်အလက်ကတော့ ကိုယ်က အခုရှိနေတဲ့နေရာကို ရောက်ဖို့ ကြိုးစားခဲ့ရတယ်၊ အောင်မြင်မှုတချို့ ရခဲ့ဖူးတယ်ဆိုတာပါပဲ။ အောင်မြင်ခဲ့ဖူးတဲ့ အချက်အလက်တွေကို ချရေးပြီး ခံစားချက်ကို အချက်အလက်နဲ့ တိုက်ဖျက်ပါ။ ၃။ ပြီးပြည့်စုံမှုကို စွန့်လွှတ်ပါ Imposter Syndrome ရဲ့ အဓိကတရားခံဟာ "အရာရာ ပြီးပြည့်စုံရမယ်" ဆိုတဲ့ စိတ်ပါ။ အမှားလုပ်မိမှာကို မကြောက်ပါနဲ့။ အမှားဟာ သင်ခန်းစာဖြစ်ပြီး၊ အဲဒီသင်ခန်းစာက ကိုယ့်ကို ပိုတော်လာစေမှာပါ။ "ပြီးပြည့်စုံဖို့ထက် ပြီးမြောက်ဖို့ကို ဦးစားပေးပါ။ ၄။ သင်ယူလိုစိတ်ကို အသုံးချပါ "ငါဒါကို မသိဘူး၊ သိနေတဲ့လူတွေက ငါ့ကို အထင်သေးမှာပဲ" လို့ တွေးမယ့်အစား "ငါဒါကို မသိသေးဘူး၊ အခုသင်ယူလိုက်ရင် ငါပိုသိသွားပြီ" လို့ ပြောင်းတွေးပါ။ မသိတာကို ဝန်ခံပြီး မေးမြန်းခြင်းက မြန်မြန်ဆန်ဆန် တိုးတက်စေတဲ့ တွန်းအား ဖြစ်ပါတယ်။ ၅။ ကိုယ့်ရဲ့ အောင်မြင်မှုတွေကို မှတ်တမ်းတင်ပါ လုပ်ဆောင်ခဲ့တဲ့ အောင်မြင်မှုအသေးလေးတွေကအစ ချရေးထားပါ။ ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာတဲ့အခါ အဲဒီမှတ်တမ်းကို ပြန်ဖတ်ပါ။ ဒါဟာ ကံကောင်းလို့ရလာတာမဟုတ်ဘဲ ကြိုးစားမှုကြောင့် ရလာတာဆိုတာကို သက်သေပြပါလိမ့်မယ်။ အနှစ်ချုပ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် မလုံခြုံသလို ခံစားရတာက ကြီးထွားလာနေပြီဆိုတဲ့ လက္ခဏာပါ။ 🟠 ပြီးပြည့်စုံဖို့ မကြိုးစားပါနဲ့၊ တိုးတက်ဖို့ပဲ ကြိုးစားပါ။ 🟠 ကိုယ့်ရဲ့ တန်ဖိုးကို ခံစားချက်နဲ့ မတိုင်းတာပါနဲ့၊ သင်လုပ်ခဲ့တဲ့ ရလဒ်တွေနဲ့ တိုင်းတာပါ။ 🟠 သင်ယူလိုစိတ်ကို အသုံးချပြီး CURI Application မှာ သင်တန်းတွေလာတက် ၊ စာတွေလာဖတ်ပါ။ ကိုယ်တိုင်ရော ကိုယ်ကိုယ်ကိုယ် အရည်အချင်းမရှိဘူးလို့ ခံစားရဖူးလား ? ဘယ်တုန်းကဖြစ်မလဲ ? ဘယ်လိုကျော်လွှားခဲ့လဲ ? ➡️➡️➡️➡️⬇️⬇️🔵🔵🟠🟠 #burmesecommunity #curimyanmar #curi #booksummary #burmesebooksummary
စာအတူတူဖတ်မယ် အစီအစဉ်အကြောင်းလေးပါ။
စာဖတ်ဖို့ အာရုံမရဘူးလား? အချိန်မရှိဘူးလား? ဖတ်ပြီးရင်ရော ဘာဆက်လုပ်ရမှန်း မသိဖြစ်နေလား? ဒါဆိုရင်တော့ Curi ရဲ့ "အတွေးမှ လက်တွေ့သို့ စာအတူဖတ်ကြစို့" Community မှာ အတူတူ ပူးပေါင်းလိုက်ပါ။ 🟠 ဘာတွေပါမလဲ? ➡️တစ်လ ၄ အုပ် စာအုပ်ကောင်းတွေကို အတူဖတ်မယ်။ ➡️ တစ်နေ့ကို (၄၀) မိနစ်ထက်မပိုတဲ့ Execution Plan တွေနဲ့ လက်တွေ့ပြောင်းလဲမယ်။ ➡️ Zoom မှာ ကိုယ်လုပ်ခဲ့တာတွေကို အပတ်စဥ် Sharing လုပ်ရင်း Public Speaking Skill ကို မြှင့်တင်မယ်။ 🟠 Program Details ➡️ အစီအစဉ်စတင်မည့်ရက်: မတ်လ (၁) ရက် ➡️ စာရင်းပေးသွင်းရန်နောက်ဆုံးရက်: ဖေဖော်ဝါရီ (၂၈) ရက် ➡️ Fee : ၇၀,၀၀၀ကျပ် ( Up to 60% Discount ) 🟠 Curi Subscribers တွေအတွက် Discount ဈေးရှိတာမို့ အမြန်ဆုံး Comment က Form ဖြည့်ပြီး ပါဝင်လိုက်နော် ! Program အကြောင်းအသေးစိတ်ကိုလည်း comment မှာ link ချထားတဲ့ Post မှာ ဖတ်ရှူနိုင်ပါတယ်။ ➡️➡️➡️➡️⬇️⬇️🔵🔵🟠🟠 #burmesecommunity #curimyanmar #curi #booksummary #burmesebooksummary
စာတွေဖတ်ရင် တိုးတက်မယ်ဆိုလို့ စာတွေတော့ နေ့တိုင်း ဖတ်ပါရဲ့ အချက်အလက်တွေ အများကြီးရနေတာပဲရှိပြီး ချည်လုံးတစ်လုံးကို အစရှာလို့မရသလိုမျိုး ဝေဝေဝါးဝါးဖြစ်နေတဲ့ ခံစားချက်မျိုးကို ခံစားဖူးကြလား။ ဒါဟာ လက်တွေ့လုပ်ဆောင်ချက်မရှိလို့ဖြစ်တဲ့ ပြဿနာပါ။ CURI က စီစဥ်ထားတဲ့ 'အတွေးမှ လက်တွေ့သို့ ' ဆိုတာ စာအုပ်ထဲက အသိတွေကို ရလဒ်တွေအဖြစ် အတူပြောင်းလဲပစ်မဲ့ တစ်လတာ Execution Group ဖြစ်ပါတယ်။ 🎯 ဒီ Group မှာ ပါဝင်ရင် ဘာတွေရမလဲ? 1️⃣ Action-Oriented Learning စာအကြောင်းတွေ အရှည်ကြီး ဆွေးနွေးမှာမဟုတ်ဘဲ လက်တွေ့ "ဘာလုပ်ရမလဲ" ဆိုတဲ့ Action တစ်ခုတည်းကိုပဲ အာရုံစိုက်မယ်။ 2️⃣ Time Efficient (မိနစ် ၂၀ - ၄၀ ) အလုပ်ရှုပ်တဲ့သူတွေအတွက် Perfect ပဲ! တစ်နေ့ကို အချိန်အနည်းငယ်ပေးရုံနဲ့ Habit အသစ်တွေကို တည်ဆောက်နိုင်မယ်။ 3️⃣ Community Support တစ်ယောက်တည်း မရုန်းရတော့ဘူး။ Group နဲ့အတူတူ လုပ်ဆောင်ပြီး Reflection လုပ်ကြမှာဖြစ်လို့ ပျင်းသွားဖို့ အခွင့်အရေးမရှိပါဘူး။ 4️⃣ Public Speaking Skills အပတ်စဥ် Zoom Sharing အစီအစဉ်တွေကနေတစ်ဆင့် လူရှေ့မှာထွက်ပြီး စကားပြောစွမ်းရည်ပါ သိသိသာသာ တိုးတက်လာမယ်။ 5️⃣ Real Results Theory တွေကနေ Action၊ Action ကနေ တကယ့်လက်တွေ့ Result တွေကို အစဉ်လိုက် အတူတူပြောင်းလဲကြမယ်။ 📅 အစီအစဉ် အသေးစိတ် Duration : မတ်လ ၁ ရက် နေ့မှ ၃၁ ရက်နေ့အထိ Fee : ၇၀,၀၀၀ ကျပ် ❗️အထူးအခွင့်အရေး: CURI Subscriber များအတွက် အထူးစျေးနှုန်းတွေ ရှိပါတယ်။❗️ "Theory > Action > Results" လမ်းကြောင်းအတိုင်း တကယ်ပြောင်းလဲချင်သူများအတွက်ပဲ ဖြစ်ပါတယ်။ 🟠 လက်တွေ့မလုပ်ဖြစ်တာတွေ အခုရပ်ဖို့ အခုပဲ CURI ရဲ့ မတ်လ စာဖတ်ဝိုင်းကို Comment မှာချထားတဲ့ Form ဖြည့်ပြီး Join လိုက်ပါ။ ➡️➡️➡️➡️⬇️⬇️🔵🔵🟠🟠 #burmesecommunity #curimyanmar #curi #booksummary #burmesebooksummary
တိကျတဲ့ ပန်းတိုင်ရည်မှန်းချက်တွေ ရှိနေပေမဲ့ ထင်သလောက် ခရီးမတွင်တာ အလေ့အကျင့်ကောင်းတွေ မမွေးမြူရသေးလို့ပါ။ ဥပမာ - ၂၀၂၅ မှာ ဝိတ် ဘယ်နှပေါင်ချမယ်ဆိုပြီး goal တစ်ခု သတ်မှတ်လိုက်တာက လွယ်ကူပေမဲ့ ၊ နေ့တိုင်း အစားအသောက်ဆင်ခြင်ဖို့ ၊ လေ့ကျင့်ခန်းလုပ်ဖို့ ဆိုတဲ့ အလေ့အကျင့်တွေကို အမှန်တကယ်လုပ်ဖို့ကတော့ ခက်ပါတယ်။ အလေ့အကျင့်ကောင်းတစ်ခုမွေးမြူဖို့ဆိုရင် "အတူတူသွားမဲ့ community တစ်ခု" နဲ့ "မှန်ကန်တဲ့ စနစ်တစ်ခု" ရှိရင် ပိုပြီး လွယ်ကူပါတယ်။ ဒါကြောင့်မို့ CURI က 'အတွေးမှ လက်တွေ့သို့ ၊ စာအတူဖတ်ကြစို့' အစီအစဥ်မှာ အလေ့အကျင့်ကောင်းတွေဆီ လက်တွေ့ပြောင်းလဲပေးနိုင်မဲ့ စာအုပ် ၄ အုပ်ကို မတ်လအတွက် ရွေးထားပါတယ်။ 1️⃣ Tiny Habits — အကြီးကြီးတွေလုပ်ပြီး မောမသွားစေဘဲ အလေ့အကျင့် သေးသေးလေးကနေ "စတင်" ကြည့်ကြမယ်။ ဒါဆို 'မနက်ဖြန်စလုပ်မယ်' ဆိုတဲ့အရာတွေကလည်း တကယ် အလုပ်ဖြစ်လာလိမ့်မယ်။ 2️⃣ Essentialism — အရေးမပါတာတွေကို ဖယ်ထုတ်ပြီး အရေးကြီးတဲ့ အရာတွေကိုပဲ အာရုံစိုက်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူကြမယ်။ တစ်ရက်လုံး ဝေဝေဝါးဝါး အချိန်ကုန်သွားတဲ့ရက်တွေ တဖြည်းဖြည်းလျော့လာလိမ့်မယ်။ 3️⃣The Miracle Morning — တစ်နေ့လုံး အဆင်ပြေပြေ စတင်နိုင်ဖို့ မနက်ခင်းမှာ ကိုယ့်ကိုယ်ကိုယ် အရင်အနိုင်ယူတဲ့ အလေ့အကျင့်ကိုလည်း သင်ယူကြမယ်။ 4️⃣ The One Thing — လမ်းမပျောက်အောင် အရေးကြီးဆုံး "တစ်ခုတည်း" ကိုပဲ အာရုံစိုက်ဖို့ အတူကြိုးစားကြမယ်။ ဒီနေ့ခေတ် လူတိုင်းခံစားရတဲ့ လမ်းပျောက်တဲ့ ခံစားချက်ကို လျော့သွားနိုင်မယ်။ အတွေးမှ လက်တွေ့သို program မှာ ဒီစာအုပ်တွေထဲက အလေ့အကျင့်ကောင်း ဆိုတာတွေကို ဦးနှောက်ထဲ မှတ်မိနေရုံ မဟုတ်ဘဲ သိမယ် (Knowledge) ↓ စတင်စေမယ် (Action) ↓ အတူလုပ်ကြမယ် (Accountability) ဆိုတဲ့ ပုံစံနဲ့ CURI Team ကသွားမှာပါ။ ဒီစာအုပ် ၄ အုပ်ကို CURI Team နဲ့ အတူဖတ်ရင်း လက်တွေ့ပြောင်းလဲကြည့်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ 'အတွေးမှ လက်တွေ့သို့' မတ်လ program ကို Join ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 📅 Program ကာလ ကာလ : ၂၀၂၆ မတ်လ ၁ ရက် မှ ၃၁ ရက် အထိ ⌛️နောက်ဆုံးထားအပ်ရမည့်အချိန် : ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၆ ➡️ မှတ်ချက် : သတ်မှတ်ရက်ထက် ကျော်လွန်ပါက Execution Rhythm မတူညီနိုင်တော့သည့်အတွက် လက်ခံပေးမည်မဟုတ်ပါ။ စာတွေဖတ်ပြီး တစ်ယောက်တည်း ရုန်းကန်ရတာ ပင်ပန်းနေပြီဆိုရင်... CURI team နဲ့အတူ လက်တွေ့ခြေလှမ်းတွေ စလှမ်းကြည့်ရအောင်။ စာဖတ်ပြီး goal တွေပဲ ချနေတာတွေရပ်ပြီး မတ်လမှာ အတူ "လက်တွေ့" လုပ်ဆောင်ကြမယ်။ 💡 အတွေးတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ အခုပဲ CURI ရဲ့ မတ်လ စာဖတ်ဝိုင်းကို Comment မှာချထားတဲ့ Form ဖြည့်ပြီး Join လိုက်ပါ။ ➡️➡️➡️➡️⬇️⬇️🔵🔵🟠🟠 #burmesecommunity #curimyanmar #curi #booksummary #burmesebooksummary
အလုပ်တွေရှုပ်လို့ ၊ အချိန်မရလို့ စာဖတ်ဖို့ အချိန်မရှိဘူး ဖြစ်နေလား။ တကယ်တော့ စာဖတ်ခြင်းဆိုတာ အချိန်ပိုရှိမှ လုပ်ရတဲ့အရာမဟုတ်ဘဲ အချိန်ကို "ဖန်တီး" ယူရမဲ့ အလေ့အကျင့်တစ်ခုပါ။ လူသိနည်းပြီး ထိရောက်တဲ့ စာဖတ်ချိန်ရှာနည်း (၅) မျိုးကို မျှဝေပေးလိုက်ပါတယ်။ ၁။ ၁၀ မိနစ် ဟာကွက်သုံးပါ။ လူအများစုက စာဖတ်ဖို့ဆိုရင် ၁ နာရီလောက် အချိန်ပေးနိုင်မှ ဖတ်မယ်လို့ တွေးမိတတ်ကြပါတယ်။ ➡️ သုတေသနတွေအရ တစ်နေ့ကို ၁၀ မိနစ်ပဲ စာဖတ်ရင်တောင် တစ်နှစ်ကို စာအုပ်အားလုံးပေါင်း ၁၂ အုပ်ကနေ ၁၅ အုပ် အထိ ပြီးနိုင်ပါတယ်။ 🟠 လက်တွေ့ကျတဲ့ အကြံပြုချက်: ကားမှတ်တိုင်စောင့်ရင်း၊ မှာထားတဲ့ကော်ဖီလာချတာ စောင့်ရင်း ဖုန်းပွတ်မဲ့အစား ၁၀ မိနစ်လောက် စာဖတ်ပါ။ ၂။ အချိန်ကို ပိုအသုံးချပါ။ စာဖတ်တယ်ဆိုတာ မျက်စိနဲ့ကြည့်မှ မဟုတ်ပါဘူး။ နားနဲ့နားထောင်တာကလည်း စာဖတ်ခြင်းတစ်မျိုးပါပဲ။ ➡️ ဒါကို NET Time လို့ ခေါ်ပါတယ်။ တခြားအလုပ်တစ်ခုခု လုပ်နေရင်း အချိန်ထပ်မပေးရဘဲ စာဖတ်တဲ့နည်းပါ။ 🟠 လက်တွေ့ကျတဲ့ အကြံပြုချက်: အိမ်အလုပ်လုပ်နေချိန်၊ လမ်းလျှောက်နေချိန် ဒါမှမဟုတ် ကားမောင်းနေချိန်တွေမှာ CURI application ကနေ Audiobook နားထောင်ပါ။ ဒါဟာ အချိန်ကို ပိုအသုံးချလိုက်တာပါ။ ၃။ နေရာရွေးချယ်မှု နည်းဗျူဟာနဲ့ စာဖတ်ပါ။ ဒါက နည်းနည်းတော့ ထူးဆန်းပေမဲ့ အထင်ကရ ပုဂ္ဂိုလ်တွေပါသုံးတဲ့ တကယ်ထိရောက်တဲ့ နည်းလမ်းပါ။ ➡️ လူတစ်ယောက်ဟာ နေ့တိုင်း အချိန်အတိုင်းအတာတစ်ခုကို အိမ်သာထဲမှာ ကုန်ဆုံးရပါတယ်။ ဒီအချိန်ဟာ ဖုန်းကြည့်ဖို့မဟုတ်ဘဲ အာရုံစိုက်ဖို့ အကောင်းဆုံးအချိန်ဖြစ်နိုင်ပါတယ်။ 🟠 လက်တွေ့ကျတဲ့ အကြံပြုချက်: အိမ်သာထဲမှာ စာအုပ်တစ်အုပ် အမြဲထားပါ။ ဖုန်းယူမသွားပါနဲ့။ ဒါဆို တစ်နေ့ကို စာမျက်နှာ ၅ မျက်နှာလောက် ပုံမှန်ဖတ်ဖြစ်သွားပါလိမ့်မယ်။ ၄။ အိပ်ခါနီး စာဖတ်တဲ့ အလေ့အကျင့်မွေးပါ။ အိပ်ခါနီး ဖုန်းကြည့်တာက ဦးနှောက်ကို ပင်ပန်းစေပြီး အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ➡️ အိပ်ခါနီးစာဖတ်တာက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး မှတ်ဉာဏ်ထဲမှာ ပိုစွဲမြဲစေပါတယ်။ 🟠 လက်တွေ့ကျတဲ့ အကြံပြုချက်: အိပ်ရာဘေးမှာ စာအုပ်အမြဲထားပါ။ အိပ်ခါနီး ဖုန်းကြည့်မဲ့အစား စာမျက်နှာ ၂ မျက်နှာလောက်ပဲ ဖြစ်ဖြစ် ဖတ်ပါ။ စိတ်ငြိမ်ပြီး အိပ်ပျော်ရတာ ပိုလွယ်သွားပါလိမ့်မယ်။ ၅။ အဖွဲ့အစည်းနဲ့ စာဖတ်ပါ။ တစ်ယောက်တည်းစာဖတ်ရင် ပျင်းလာတာ ဒါမှမဟုတ် ပျက်ကွက်မိတာ သဘာဝပါ။ ➡️ လူတွေဟာ တစ်ဦးချင်းကတိပေးတာထက် အဖွဲ့အစည်းကို ကတိပေးတဲ့အခါမှာ အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်စွမ်း ၆၅% ကနေ ၉၅% အထိ မြင့်တက်သွားပါတယ်။ 🟠 လက်တွေ့ကျတဲ့ အကြံပြုချက်: စာဖတ်ဝါသနာပါတဲ့ လူတွေနဲ့ သူငယ်ချင်းလုပ်ပါ။ တစ်ပတ်မှာ ဘယ်နှမျက်နှာ ပြီးအောင်ဖတ်မယ်ဆိုတာ အချင်းချင်း Check လုပ်တာက စာဖတ်ဖို့ အချိန်ဖယ်ဖြစ်အောင် ကိုယ့်ကို တွန်းအားပေးပါလိမ့်မယ်။ ဘယ်လို သူငယ်ချင်းလုပ်ရမလဲ ၊ ဘယ်ကနေ စရမလဲ မသိရင်တော့ CURI ရဲ့ 'အတွေးမှ လက်တွေ့သို့' အစီအစဥ်မှာ စာအတူတူလာဖတ်ပါ။ အစီအစဥ်အသေးစိတ်ကို စိတ်ဝင်စားနေပြီ သိချင်တယ်ဆိုရင် Comment နဲ့ Chatbox မှာ မေးမြန်းနိုင်ပါတယ်။ စာဖတ်ဖို့ အချိန်မရှိဘူးဆိုတာထက် စာဖတ်ဖို့ကို ဦးစားမပေးဖြစ်တာက ပိုမှန်ပါလိမ့်မယ်။ ဒီနေ့ကစပြီး တစ်နေ့ ၁၀ မိနစ်လောက် အချိန်ပေးကြည့်ရအောင်။ ➡️➡️➡️➡️⬇️⬇️🔵🔵🟠🟠 #burmesecommunity #curimyanmar #curi #booksummary #burmesebooksummary
'Digital Product တစ်ခု တည်ဆောက်ခြင်း အနုပညာ' ဒီ Webinar မှာ digital product တွေ အကြောင်းပြောဖို့၊ experience တွေ sharing လုပ်ဖို့ မဆုနဲ့ ကို James ကတော့ Ready ဖြစ်နေကြပါပြီ။ CURI ရဲ့ subscribers တွေကရော Ready ပဲလား ? 20 ရက်နေ့ ည 11နာရီ အထိပဲ Form ဖြည့်လို့ရမှာမို့ စိတ်ဝင်စားတယ်ဆိုတဲ့လူတွေက အခုပဲ Form မြန်မြန်ဖြည့်ကြမယ်နော်။ 🟠Webinar အကြောင်း အသေးစိတ် ➡️Date: 22 February 2026 ➡️Time: 9:00 AM (Yangon Time) ➡️Platform: Zoom ➡️Fee: Curi Premium subscribers များအတွက် လုံးဝ Free! 🟠 Register Link: https://curi.notion.site/2fe3bc6d164e8113bb79f3b1d0c5e9b6?pvs=105 📩 Email လေးတွေကို စစ်ပေးကြပါနော် ! CURI Team ကနေ Webinar တက်ရောက်ဖို့ Form ဖြည့်ထားတဲ့သူတွေဆီ လိုအပ်တဲ့ အသေးစိတ် အချက်အလက်တွေကို mail ပို့မှာမလို့ Email Inbox ထဲမှာ Curi က ပို့တဲ့ Mail ရောက်၊ မရောက်စစ်ဆေးပေးကြပါဦးနော်။ (Inbox ထဲမှာ မတွေ့ရင် Spam သို့မဟုတ် Junk Folder ထဲမှာလည်း ရှာကြည့်ပေးဖို့ မမေ့နဲ့နော်)။ Digital Productတွေ အကြောင်း စိတ်ဝင်စားတယ်ဆိုရင် 22 ရက်နေ့ Webinar မှာ ဆုံကြမယ်! ➡️➡️➡️➡️⬇️⬇️🔵🔵🟠🟠 #burmesecommunity #curimyanmar #curi #booksummary #burmesebooksummary
- Je compte uniquement les vidéos ≥ 60 secondes (tu m’as dit que <60s = pas pris en compte).
- Calcul sur les 30 derniers jours (dans la limite des 35 dernières vidéos qu’on a dans le JSON).
- RPM estimé : 0.88€/1k vues (range 0.62–1.14) basé sur ER + save rate + durée moyenne.
- Résultat: 3.62€ sur 30j (range 2.53€–4.7€), pour 4.12K vues éligibles et 5 vidéos ≥60s.
- Emoji + note /10 = performance globale de la vidéo (views + ER + saves).
- ER = (Likes + Commentaires + Partages) / Vues • Save rate = Sauvegardes / Vues.
- Badges “Au-dessus / En dessous” = comparaison directe à la moyenne de TON compte.
Clipping is the fastest way to repurpose content: one long video becomes multiple short viral formats. Example: 1 YouTube video -> 10 Shorts/TikToks.
- 1 long video -> multiple Shorts/TikToks
- Auto subtitles synced to every clip
- Vertical exports optimized for watch time