ဆိုင်ခင်းချိန်ကစ လက်မလည်အောင်ရောင်းကောင်းတဲ့ ရွှေခယ်အကင်လှည်းလေး အသားစုံနဲ့ ပင်လယ်စာ၊အသီးအရွက်အကင်တွေကို အမျိုးအမယ်ပေါင်း (၃၀) ကျော် နဲ့ ငါးကင် ပါ တစ်နေရာတည်း စုံနေအောင် ရနိုင်တဲ့ ဆိုင်တစ်ဆိုင်ပါ။အကင်တွေအစုံရပြီးဈေးကလည်း အနိမ့်ဆုံး က (၅၀၀) လောက် ကစရနိုင်တာဖြစ်လို့ ဈေးတန်တဲ့ ဆိုင်ဖြစ်ပါတယ်။ ဆိုင်ရှင် ကိုကရင် ရဲ့ ကိုယ်တိုင်စပ် အချဉ်ရည် နဲ့လက်ရာကလည်းကောင်းလို့လူကြိုက်များပြီး ဆိုင်စခင်းကတည်းက လက်မလည်အောင် ရောင်းကောင်းပါတယ်။ ရွှေခယ် အကင်ဆိုင်ရှင် ကိုကရင်လေးကတော့ ဆိုင်မဖွင့်ခင် အရင်က စားသောက်ဆိုင်မှာ (၁၀) နှစ်လောက် ဝန်ထမ်းလုပ်ခဲ့ပြီး ခုလိုအကင်ဆိုင်လေးကို ဖွင့်ဖြစ်ခဲ့တာလို့ သိရပါတယ်။ (၂၀၂၃) ခုနှစ်မှာ New Year ညတုန်းက ရောင်းအကောင်းဆုံးရက် ဖြစ်ခဲ့ပြီးတစ်ရက်တည်းမှာပဲ သိန်း (၈၀) အထိ ရောင်းအားကို ရခဲ့ဖူးတယ်လို့သိရပါတယ်။ ရွှေခယ် အကင်လှည်းလေးရဲ့ လိပ်စာကတော့ ကျွန်းတောလမ်းနဲ့ ညောင်တုန်းလမ်းထိပ် ၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပါတယ်။ #DuwunLifestyle #Shwekhal #BBQ #KAYINLAY
Duwun | Lifestyle
@duwun.lifestyleအလုပ်ကိစ္စများအတွက် ဆက်သွယ်ရန် 09 955 002 015 09 955 002 016
🔎 Détails (profil + refresh) ouvrir
စနဲ ရခိုင်လက်ညှစ်မုန့်တီ ဆိုင်ကတော့ နှစ်ပေါင်း (၂၀) နီးပါး သက်တမ်းရှိပြီဖြစ်ပြီး လက်ရာကောင်းတယ်လို့ သတင်းမွှေးတဲ့ ရခိုင်မုန့်တီဆိုင်တစ်ဆိုင်ပါ။ ဒီ ရခိုင်မုန့်တီဆိုင် ကို ဆိုင်ရှင် လေးနှစ်သမီးအရွယ်မှာ မိခင်ဖြစ်သူက စတင်ဖွင့်လှစ်ခဲ့တာပါ။ တစ်နိုင်တစ်ပိုင်လေး စဖွင့်ခဲ့တဲ့ ရခိုင်မုန့်တီဆိုင်လေးကနေ မိသားစု တင့်တောင့်တင့်တယ် နေနိုင်တဲ့အထိ အောင်မြင်တဲ့ မုန့်တီဆိုင်လေး ဖြစ်လာပါတယ်။ တစ်နေကုန်ဖွင့်တဲ့ မုန့်တီဆိုင်လေး ဆိုပေမယ့် စဖွင့်ချိန်ကနေ ပိတ်တဲ့အထိ စားသုံးသူ ပြတ်သွားတယ်လို့မရှိဘဲ လက်မလည်အောင် ရောင်းကောင်းတဲ့ ဆိုင်လည်းဖြစ်ပါတယ်။ စနဲဆိုင်လိပ်စာလေးကတော့ အမှတ် (၁၅) ရတနာလမ်း၊ဂွတ္တလစ်၊ဗဟန်းမြို့နယ်မှာဖြစ်ပါတယ်။ #Duwunlifestyle#စနဲမုန့်တီ#ရခိုင်လက်ညှစ်မုန့်တီ
အမြတ်ရဖို့ထက် ကလေးကအစ လူတိုင်း စား နိုင်ဖို့ ရည်ရွယ်ပြီး ဈေးနှုန်းကိုတစ်ထောင်၊ နှစ်ထောင် ကျပ်တည်းနဲ့ပဲ စေတနာထား ရောင်းချပေးတဲ့ ဆိုင်တစ်ဆိုင် ။ ဟမ်ဘာဂါ နဲ့ လက်ရာမပြောင်းတဲ့ ပန်းသေးခေါက်ဆွဲ တို့ကို အစားများကြပြီး ပန်းသေးခေါက်ဆွဲ တစ်ပွဲ ကို တစ်ထောင်ကျပ်တည်းနဲ့ ဗိုက်၀စေလို့ လူကြိုက်များပါတယ်။ ရောင်းတာတွေအကုန်လုံးကလည်းHalal ဖြစ်ပြီးအချိန်တိုအတွင်းမှာတင် ကုန်တတ်တဲ့အထိ ရောင်းအားကောင်းလာတာပါ။ ဆိုင်သက်တမ်းကဆယ်နှစ်ကျော်နဲ့ဒီဆိုင်လေးက လပိုင်းအတွင်းမှာတင်Tik Tok ပေါ်မှာဆိုင်အကြောင်းတွေတင်ခဲ့ရင်း လူသိများလာခဲ့တာဖြစ်ပါတယ်။ “လျှာကျွမ်းထိုး”ဆိုင်လိပ်စာကတော့ ဗိုလ်ဆွန်ပတ်လမ်း၊အလယ်ဘလောက်၊ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်မြို့ မှာဖြစ်ပါတယ်။ #DuwunLifestyle#လျှာကျွမ်းထိုး#Halalfood#ပန်းေသးေခါက်ဆွဲ
"ဖက်ကလေးနဲ့ ထုပ်ပြီး ရောင်းချပေးနေတဲ့ ရွှေတောင်သားဆိုင်" ရွှေတောင်သားလက်ရာ ဆိုတာကတော့ ဒေသထွက် အစားအစာလေးတွေကို ရွေ့လျားကားလေးနဲ့ လိုက်လံရောင်းချပေးနေတဲ့ ဆိုင်လေးတစ်ဆိုင် ဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ အဓိက ဟင်းလျာတွေကတော့ ရွှေတောင်နဲ့ ပြည်ဘက်က နာမည်ကြီး အစားအစာတွေဖြစ်တဲ့ ပြည်ထမင်းသုပ်၊ တို့ဟူးသုပ်၊ စိန်ပန်းသုပ်၊ ခေါက်ဆွဲသုပ်၊ ထမင်းသုပ် စတဲ့ အရသာရှိတဲ့ အသုပ်မျိုးစုံ ပါ ။ ထူးခြားချက်ကတော့ အသုပ်တွေကို ဖက်ကလေးနဲ့ ထုပ်ပြီး ရောင်းချပေးနေတာပါ။ ရောင်းချသူတွေကလည်း ဒေသခံတွေ ကိုယ်တိုင်ဖြစ်ပြီး၊ အသုပ်မှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကိုတောင် ရွှေတောင်မြို့ကနေ မှာယူထားတာ ဖြစ်ပါတယ်။ သန့်ရှင်းသပ်ရပ်မှုနဲ့ အရသာကောင်းမွန်မှုကို အဓိက ဦးစားပေးထားတဲ့အတွက် စားသုံးသူတိုင်း နှစ်ခြိုက်သဘောကျတဲ့ ဆိုင်လေးတစ်ဆိုင်ပါ။ ရွှေတောင်သားလက်ရာကို အားပေးချင်တယ်ဆိုရင်တော့ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းမပေါ်၊ ဖျာပုံလမ်းထိပ်ဖြစ်ပါတယ်။ #DuwunLifestyle #ရွှေတောင်သား #စမ်းချောင်းမြို့နယ်
Sous-titres IA en 1 clic
Vidéo importée → version prête à poster.
တို့ရိုးရာကျောက်ပန်းတောင်းမုန့်ပျားသလက်ဆိုင်ကတော့ ကျောက်ပန်းတောင်းဒေသစာ တွေရောင်းတဲ့အညာစာဆိုင်လေးပါ။ ကျောက်ပန်းတောင်းဒေသခံကိုယ်တိုင်ရောင်းတဲ့ဆိုင်လေးမို့ အညာစာကို အညာအရသာအတိုင်းစားရမယ့်ဆိုင်ကောင်းလေးဖြစ်ပါတယ်။မုန့်ပျား သလက်ရောင်းဖို့အတွက် အညာကနေရန်ကုန်တက်လာတာလို့လည်း ဆိုင်ရှင်ကပြောပြပါ တယ်။ ဒီဆိုင်မှာရောင်းတဲ့အညာအစားစာတွေကစျေးတန်လို့ နေ့လယ်ထမင်းစားချိန်နဲ့ အဆာပြေစားချိန်တွေဆိုရင်တော့ လက်မလည်အောင်ရောင်းကောင်းပါတယ်။ဆိုင်မှာ မုန့်ပျားသလက်အပြင် အညာအရွက်သုပ်အမျိုးအစားစုံလည်းရပါတယ်။အရွက်သုပ်တွေကို အညာအရသာအတိုင်း ဆီချက်မွှေးမွှေး၊မြေပဲဆံအရသာစိမ့်စိမ့်လေးနဲ့စားရမှာပါ။ #DuwunLifestyle #ကျောက်ပန်းတောင်းမုန့်ပျားသလက် #အညာစာ #အညာအရွက်သုပ်
မိခင်လောင်းတိုင်း ဂရုပြုရမယ့် ကိုယ်ဝန်ဆောင်ဆီးချို - အပိုင်း (၂) #duwunlifestyle #healthtalk
မိခင်လောင်းတိုင်း ဂရုပြုရမယ့် ကိုယ်ဝန်ဆောင်ဆီးချို - အပိုင်း (၁) #duwunlifestyle #healthtalk
"နိုင်ငံခြားသားတွေကအစကြိုက်ကြတဲ့မော်လမြိုင်ဒေါ်ရီထမင်းဆိုင်" ဒီဆိုင်လေးမှာ လူကြိုက်အများဆုံးကတော့ ဆီးသီး ဟင်းချို ကို ထူးထူးခြားခြား စားရမှာပါ။ဘိုးဘွားဘီဘင် လက်ထက်ကစပြီး လဖက်ရည်တစ်ခွက် တစ်မတ် ကျပ် ခေတ်ကစတင်ရောင်းချဖွင့်လှစ်ခဲ့တာဖြစ်ပြီးမော်လမြိုင်မှာနာမည်ကြီးဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ဆိုင်ရှင်ဒေါ်ရီက ဟင်းချက်ဝါသနာပါသူဖြစ်ပြီး အသက်ကြီးလာတဲ့တိုင်အောင်ဒီဆိုင်လေးမှာ ချက်ပြုတ်ရင်းပျော်နေသူတစ်ဦးဖြစ်ပါတယ်။ နိုင်ငံခြားသားအများစုတကူးတကလာစားကြပြီး လက်ရာကောင်းတဲ့အတွက် အကြိုက်တွေ့ကြပါတယ်။ ဆိုင်လိပ်စာကတော့ ကျားတံတားလမ်း၊မော်လမြိုင်မြို့မှာရှိပါတယ်။ #Duwunlifestyle #Mawlamyaing #DawYi#မြန်မာထမင်းဆိုင်
ထမင်းပေါင်းကိုမှ တမူထူးခြားတဲ့ ထမင်းပေါင်းဖြစ်တဲ့ မြေအိုးထမင်းပေါင်းဆိုင် ချက်ချင်းမှာ ချက်ချင်း မြေအိုးလေးနဲ့ ချက်ပေးမယ့် မြေအိုးထမင်းပေါင်းလေးကို ပူပူလေးစားနိုင်မှာဖြစ်ပြီး တရုတ် ရိုးရာ အစားအစာ တစ်မျိုးလည်းဖြစ်ပါတယ်။ ဆိုင်ရှင်က သူငယ်ချင်းဆီကနေ ဖုန်းထဲကတစ်ဆင့် ချက်လုပ်ပြင်ဆင်တာတွေ သင်ယူခဲ့တာဖြစ်ပြီး ဒီဆိုင်လေးကိုဖွင့်ဖြစ်ခဲ့ကာ ခုလို လူကြိုက်များတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်လာတာပါ။ ၅ထောင်ကျပ်၀န်းကျင်ပဲမို့ ဈေးတန်ပြီး အရသာ ကောင်းတဲ့ စားစရာတွေရနိုင်လို့လူကြိုက်များရေပန်းစားနေတဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ဆိုင်မှာ မြေအိုး ထမင်းပေါင်းကြက်သား ၊ဝက်သား ၂မျိုးအပြင် ကြက်ခြေထောက်ပေါင်း၊ ကြက်ဥဖက်ပေါင်း၊ ပြောင်းဖူးဖက်ပေါင်းနှင့် ငါးပေါင်းထုတ်တို့လည်း ရရှိနိုင်ပါသေးတယ်။ ဆိုင်ရဲ့ တည်နေရာကတော့ ကျောက်မြောင်း၊ သတိပဋ္ဌာန်လမ်းထဲမှာဖြစ်ပါတယ်။ #DuwunLifestyle #claypotrice #kyaukmyaung
"ဆောင်းတွင်းမှာ ဘာ့ကြောင့် စိတ်ဓာတ်ကျရတာလဲ?- အပိုင်း (၂) #duwunlifestyle #healthtalk
"ဆောင်းတွင်းမှာ ဘာ့ကြောင့် စိတ်ဓာတ်ကျရတာလဲ? - အပိုင်း(၁) #duwunlifestyle #healthtalk
မိသားစု(၅)ယောက်စာကို ဈေးဖိုး ၂သောင်းနဲ့ ချက်မယ် #duwunlifestyle #budgetcook
Texte → vidéo TikTok IA
Tu écris le prompt, on génère la vidéo.
နိုင်ငံခြားအော်ဒါတွေထိ ရလာပြီဖြစ်တဲ့ လက်ဆုံပုံစား ဇွဲ ၊ လုံ့လ ၊ ဝီရိယ စိုက်ထုတ်ပြီး ကြိုးစားအားထုတ်ခဲ့လို့ ပြည်တွင်းပြည်ပအော်ဒါတွေရခဲ့တယ်။ ထမင်းလေးပဲ စရောင်းမယ်လို့ စိတ်ကူးပြီး ဖွင့်ခဲ့တဲ့ဆိုင်လေးကတော့ ခုဆိုရင် မနက်စာတွေပါရလာတဲ့အပြင် ပြည်တွင်းပြည်ပ အော်ဒါတွေပါ လက်ခံရရှိလာပြီဖြစ်ပါတယ်။ ဖြစ်မှဖြစ်ပါ့မလား ဆိုတဲ့စိတ် ၊ အားမပေးကြမှာ လာမစားကြမှာစိုးရိမ်စိတ်တွေနဲ့ ဆိုင်ဖွင့်ခဲ့ရပေမယ့် ခုတော့ သူ့ရဲ့ ဆိုင်ကို လာစားသူတွေအပေါ် ထားတဲ့ စေတနာက အကျိုးပေးပါပြီလို့ လက်ဆုံပုံစား ဆိုင်ရှင် ကိုကျော် ဇေယျက ဆိုပါတယ်။ ဆိုင်အတွက် အပင်ပန်းခံ ဇွဲ ၊ လုံ့လတွေ စိုက်ထုတ်ခဲ့တာကြောင့် ခုလို အောင်မြင်မှုရလာတာလို့ သိရပါတယ်။ လက်ဆုံပုံစားဆိုင်ရှင်ရဲ့ ဖြတ်သန်းခဲ့ပုံအကြောင်းတွေကိုတော့ အခုလိုပဲ တင်ဆက်ပေးလိုက်ပါတယ်။ #DuwunLifestyle #လက်ဆုံပုံစား #StreettoStudio
ဆောင်းတွင်းမှာ အရေပြား ယားယံခြောက်သွေ့တာတွေကို သက်သာစေဖို့ - အပိုင်း (၂) #duwunlifestyle #healthtalk
ဆောင်းတွင်းမှာ အရေပြား ယားယံခြောက်သွေ့တာတွေကို သက်သာစေဖို့ - အပိုင်း (၁) #duwunlifestyle #healthtalk
- Je compte uniquement les vidéos ≥ 60 secondes (tu m’as dit que <60s = pas pris en compte).
- Calcul sur les 30 derniers jours (dans la limite des 35 dernières vidéos qu’on a dans le JSON).
- RPM estimé : 0.87€/1k vues (range 0.61–1.13) basé sur ER + save rate + durée moyenne.
- Résultat: 793€ sur 30j (range 555€–1 031€), pour 910.37K vues éligibles et 11 vidéos ≥60s.
- Emoji + note /10 = performance globale de la vidéo (views + ER + saves).
- ER = (Likes + Commentaires + Partages) / Vues • Save rate = Sauvegardes / Vues.
- Badges “Au-dessus / En dessous” = comparaison directe à la moyenne de TON compte.
Importe ta vidéo, et Vexub génère une vidéo sous-titrée prête pour TikTok, Reels ou Shorts. Pas de montage, pas de prise de tête.
- Reconnaissance vocale IA → texte propre
- Sous-titres syncro automatiquement sur la vidéo
- Format vertical optimisé pour les vues