“Chat GPT ရဲ့ ပဲ့ကိုင်ရှင် CEO” ယနေ့ခေတ်မှာ information တစ်ခုခုကိုသိရှိဖို့ အဆင်ပြေချောမွေ့သွားဖို့ ကူညီပေးနေတဲ့ AI တစ်ခုဖြစ်တဲ့ Chat GPT ကို လူတော်တော်များများ စမ်းဖူးကြပါလိမ့်မယ်။ Google ကို ကျော်တက်သွားမလားလို့တောင် ထင်ရတဲ့ ဒီ Chat GPT ရဲ့ CEO အကြောင်း သိကြပြီလားခင်ဗျာ။ Chat GPT ရဲ့ ပဲ့ကိုင်ရှင်ကတော့ CEO Sam Altman ပဲ ဖြစ်ပါတယ်ခင်ဗျာ။ 1985 ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Altman ဟာ ငယ်စဉ်ကတည်းက နည်းပညာနဲ့ programming ပိုင်းကို စိတ်ဝင်စားခဲ့ပြီး လေ့လာခဲ့ပါတယ်။ သူဟာ Standford University မှာ Computer Science ကို သင်ယူလေ့လာခဲ့ပေမယ့် ဘွဲ့မရခင်အချိန်မှာပဲ နည်းပညာမှာ စွန့်ဦးတီထွင် လုပ်ငန်းရှင် (entrepreneurship) တစ်ယောက်ဖြစ်ဖို့ စတင်ခဲ့ပါတယ်။ Altman ဟာ Y Combinator ရဲ့ 2005 ခုနှစ်မှာ launched လုပ်ခဲ့တဲ့ social networking app တစ်ခုဖြစ်တဲ့ Loopt မှာ co-founder အဖြစ် သူ့နာမည်ကို လူသိများစေခဲ့ပါတယ်။ Loopt က ဈေးကွက်မှာ အောင်မြင်မှု မရခဲ့ပေမယ့်လည်း 2014 ခုနှစ်နောက်ပိုင်းမှာ Altman ဟာ လူသိများတဲ့ Dropbox တို့ Reddit တို့လိုမျိုး ကုမ္ပဏီတွေအပါ ကုမ္ပဏီများစွာကို အကြံပေးလမ်းညွှန်ပေးတဲ့ mentor အဖြစ်လည်း လုပ်ကိုင်ခဲ့ပါတယ်။ 2015 ခုနှစ်မှာ Altman က Elon Musk အပါအဝင် အခြား shareholders တွေပါတဲ့ OpenAI မှာ ပူးတွဲတည်ထောင်သူ တစ်ယောက်ဖြစ်လာပြီးတော့ လူတွေကိုအကူအညီပေးနိုင်မယ့် AI တွေ ဖန်တီးဖို့ ဦးဆောင်ခဲ့ပါတယ်။ သူ့ဦးဆောင်မှုအောက်က ပြောင်မြောက်တဲ့ AI technologies တွေထဲမှာ Chat GPT လည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်ခင်ဗျာ။ —————————