#လမ်းခွဲလိုက်ရလို့၊ကွာရှင်းလိုက်ရလို့ဘဝဆုံးသွားပြီလို့မတွေးပါနဲ့။ ဒါ စာအုပ်တစ်အုပ်ရဲ့ အခန်းတစ်ခန်း ပြီးသွားတာပဲ ရှိပါသေးတယ်။ Relationship တစ်ခု ပြိုကွဲသွားတာဟာ နာကျင်စရာ ကောင်းပေမယ့်၊ အဲ့ဒီအထဲမှာ သင်ခန်းစာတွေ အများကြီး ပါပါတယ်။ ငါ ဘာလိုအပ်ခဲ့လဲ၊ ငါ ဘယ်လိုလူမျိုးနဲ့ ကိုက်ညီလဲ ဆိုတာကို ပိုသိလာရတယ်။ မအောင်မြင်တဲ့ ဆက်ဆံရေးတစ်ခုကို ဖက်တွယ်ထားတာက လက်ထဲက ဖန်ကွဲစကို ဆုပ်ကိုင်ထားတာနဲ့ တူပါတယ်။ သွေးထွက်နေမှန်းသိလျက်နဲ့ မလွှတ်ချရဲရင် အနာက ဘယ်တော့မှ ကျက်မှာ မဟုတ်ဘူး။ လွှတ်ချလိုက်ပါ၊ ငိုချင်သလောက် ငိုပြီးရင် ပြန်ထပါ။ သင့်ဘဝရဲ့ အကောင်းဆုံး အခန်းကဏ္ဍတွေက ရှေ့မှာ လာဖို့ ကျန်ပါသေးတယ်။ တစ်ယောက်တည်း ရပ်တည်ရဲတဲ့ သတ္တိက သင့်ကို ပိုပြီး ဆွဲဆောင်မှု ရှိစေပါတယ်။ #မိန်းမသားတို့အတွက် #သျှင်ယွန်း