မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်ရှိ KBZ Center Mandalay တွင် Rotary Club of Yadanabon Myanmarမှ ဦးစီးကျင်းပသည့် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ ဟောပြောပွဲကို နိုဝင်ဘာလ (၂၅) ရက်နေ့က ပြုလုပ်ခဲ့သည်။ "Better Community, Better Future Mandalay ကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေနိုင်မယ့် Youth Development, Education, Health & Water Sanitation, Disaster Relief တို့အပေါ် အခြေခံပြီး တည်ငြိမ်ပြီး ကြာရှည်တည်မြဲသော လူမှုဖွံ့ဖြိုးမှုကို ရည်ရွယ်ထားပါတယ်" ဟု Rotary Club of Yadanabon Myanmar ၏ President ဦးမျိုးဝင်းအောင်မှ ပြောကြားခဲ့သည်။ ဟောပြောပွဲတွင် Rotary Club of Yadanabon Myanmar ၏ President ဦးမျိုးဝင်းအောင်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် Rotary Club အကြောင်းကို ကိုရှနုမှ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများအား ဆရာဦးဇော်သူလင်းမှ ဆွေးနွေးကြပြီးနောက် ဟောပြောပွဲသို့ တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းလာမှုအပေါ် ဆရာဦးဇော်သူလင်းမှ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ ထို့နောက် Rotary Club of Yadanabon Myanmar ၏ Community Service Chair ဆရာမပိုပိုဘိုမှ ကျေးဇူးတင်စကား ပြောကြားပြီး ဟောပြောပွဲ အစီအစဥ်ကို ရုပ်သိမ်းခဲ့ပါသည်။ #KBZCenterMandalay #Earthquakereliefefforts #Rehabilitationefforts #KBZBank #CSRInitiative #CommuinitySupport #ByMyanmarForMyanmar #KBZFoundation
ID
7576932637286124820
👁 Vues vs moy. : Très en dessous
💬 ER : Très en dessous
📌 Saves : Très en dessous
Save rate
0.05%
Global : 0.49%
Revenu est. (Ads)
—
Vidéo ≥60s mais hors fenêtre 30j (ou createTime manquant)
🏆 Rang vues :
#11
(top 28.6%)
Ouvrir sur TikTok ↗