အရှုံးနဲ့ကျန်ခဲ့တယ်ဆိုတာ ကိုယ်တိုင်အရှုံး ပေးလိုက်လို့ပါ၊၊ ကိုယ့်ကိုယ် လမ်းခွဲပြီး ထားခဲ့မဲ့သူက ..... '' ငါကတော့ နင့်ကို လမ်းခွဲတော့မှာမို့ နင်အရှုံးနဲ့ကျန်ခဲ့တယ် လို့မခံစားရအောင် ဒီိမှာ ဖြေဆေး၊ဒီဟာကတော့ နင် Healing ရမဲ့နည်း ဒါကတော့ နင် အသည်းကွဲနေတုန်း အလုပ်မလုပ်နိုင်ခင် စားသောက်ဖို့ပိုက်ဆံ " ဆိုပြီးပေးခဲ့မှာမဟုတ် ဘူး၊၊မချစ်ချင်တော့လို့ လမ်းခွဲခဲ့တာ...မလိုအပ်တော့လို့ ပထုတ်ခဲ့တာဘဲ၊၊ အနည်ဆုံးတော့ မခံချင်စိတ်လေးတော့ ရှိသင့်တာပေါ့။ငါကတော့ အရှုံးနဲ့ ကျန်ခဲ့ရတာပါဆိုပြီး နာကျင်ပြနေတာက Cool မဖြစ် ဘူးလေ၊၊ အဲ့တော့ ကိုယ််ကိုကိုယ် အရှုံးတွေနဲ့ ကျန်ခဲ့တာလို့ မခံယူလိုက်နဲ့။ဒါဟာ အသည်းကွဲခြင်းရဲ့ ပုံမှန် Symptom တွေဘဲ၊၊ အရှုံးအစစ်ဆိုတာကိုယ်တိုင် လက်ခံထားလိုက်မှ ဖြစ်တာ၊၊ နှစ်တွေအကြာကြီးတွဲခဲ့တာဖြစ်ဖြစ် ၊ ဘာတွေပေးခဲ့ရလို့ဘဲဖြစ်ဖြစ် အဆုံးမှာ နောင်တတွေ မရနဲ့။ကိုယ်က ကြိုသိ နိုင်ခဲ့တာမှ မဟုတ်ဘဲ....ဒါက သဘာဝဘဲ ဖြစ်တတ်တယ် ၊၊ လမ်းခွဲရပြီးနောက် ကိုယ်လုပ်မှာက ငါဟာ အရှုံးသမားတစ်ယောက် အဖြစ် ကျန်ခဲ့ရတာ မဟုတတ်ဘူး ဆိုတဲ့အသိကိုသေချာပေါက် ရနိုင်ဖို့ပါဘဲ၊၊ ဒီတော့လမ်းခွဲပြီးရင် ဒါကိုတွေးရမယ် ၊၊ လမ်းခွဲ ပြီးတဲ့နောက် ....သုံးလအကြာက ကိုယ့််ကိုကိုယ် မြင်ယောင်ကြည်လိုက်။ မစားနိုင် မသောက်နိုင် အသည်းကွဲနေတဲ့ကိုယ်် ...၊၊ ကိုယ့်ရဲ့Daily routine ကိုရပ်တန့်ထားတဲ့ကိုယ်။ ပြန်မလာတဲ့သူကိုမျှော်နေတဲ့ကိုယ် ၊၊ စိတ်ပိုင်းဆိုင်ရာကျိုးကြေနေတဲ့ကိုယ်။ ဝင်ငွေမရှိတော့တဲ့ကိုယ် ၊၊ လေ့လာမှုရပ်တန့်လိုက်တဲ့ကိုယ် ၊၊ ကိုယ့်အတွက်ရော ဘယ်သူ့ကိုမှ မထောက်ပံ့န်ုင်တဲ့ ကိုယ် ....၊၊ အချိန်တွေကို ဖြုန်းလိုက်မိတဲ့ကိုယ် ၊၊ နာကျင်စေခဲ့သူက အပြစ်ရှိစိတ်တောင် မခံစားရဘဲ သူ့ဘဝမှာ ပျော်နေတာကို ရင်နာနာနဲ့ကြည့်နေရတဲ့ကိုယ်....၊၊ အဲ့ဒီသုံးလ အကြာက ကိုယ့်ကိုကိုယ် မြင်ယောင် ကြည့်ရင် လက်ရှိအရှုံးနဲ့ကျန်ခဲ့ရတယ် ဆိုတဲ့ ဘဝကို မလိုချင်တော့ဘူး၊၊ နဂိုကမှ ကိုယ့်ကိုရှုံးရလို့ ဘာမှမဖြစ်တဲ့သူက သူ့ဘဝမှာကောင်းကောင်းနေနေခဲ့တာကို တွေ့ရရင် ပိုနာကျင်ရလိမ့်မယ် ၊၊ဒါကြောင့်မတန် တဲ့သူအတွက် အလွန် တရာမခံစားလိုက်နဲ့၊၊ သူ့စိတ်နဲ့ကိုယ့်ရဲ့တက်လမ်းတွေ ၊လေ့လာမှုတွေကို ရပ်တန့်လိုက်ရင် ...နောက်လအနည်းငယ်အကြာမှာ ကိုယ့်မှာပိုင်ဆိုင်တာဆိုလို့ နောင်တဘဲရှိတော့မှာ၊၊ ဘာဘဲဖြစ်ဖြစ် ဘဝကတော့ ဆက်သွားနေမှကို ရမှာ၊၊ ဘဝမှာ နာကျင်ခံစားနေဖို့ အချိန်သိပ်မရှိဘူး၊၊ သူမဟုတ်လည်း အခြားသူနဲ့ ထပ်ပြီးအဆင်ပြေသွားလိမ့်မယ် ၊၊ဒါကို လက်ခံ...၊၊ ကိုယ့်အချိန်တွေ နုပျိုမှုတွေ သူ့ကြောင့် ကုန်ခဲ့တယ်လို့ နောင်တရနေရင် အခုကစပြီး ပြန်ပြင်ဆင်တော့ ၊၊ အခုလည်း အဲဒီနောင်တစိတ်ကြောင့် ကြေကွဲနေရင် နောက် ထပ် နောင်တရစရာ အချိန်တွေကို ထပ်ဖန်တီးနေမိကြောင်း သတိရပါ၊၊ သူ့ကို ချစ်နေတုန်းကဘာတွေပဲပေးပေး လုပ်ပေးခဲ့ရလို့ကိုယ့်မှာ ဘယ်လိုအကုန်ကျများခဲ့ရတာဆိုပြီး တွေးမိရင်…အခုချိန်ကစပြီး ကိုယ် တစ်ယောက်တည်းအတွက် ငွေသုံးတော့ ၊၊ချစ်နေတုန်းကတော့ ချစ်စိတ်ကြောင့် ဖြည့်ဆည်းပေးမိဖူးတာတွေကို ရေစက်ချလိုက်တော့ ...၊၊ ဒါကလည်း ကိုယ့်ကံပဲ၊၊ ရယူခဲ့ဖူးရင် ပြန်ပေးဆပ်ရတတ်တယ် ဆိုတဲ့ ဝဋ်ကို ကြေအောင်ဆပ်လိုက်နိုင်တာလို့ဘဲ မှတ်ယူလိုက်ပါ အညိုးတွေမထားနဲ့ ၊၊ မနာကျည်းနဲ့ ....၊၊ သူ့ကိုလည်း ခွင့်လွှတ်လိုက် ၊၊ ကိုယ့်ကိုကိုယ်လည်း ခွင့်လွှတ်လိုက်၊၊ ဖြစ်ပြီးတဲ့အရာတွေကို အရှိအတိုင်းလက်ခံပြီး ဘဝကိုသာဆက်သွားလိုက်ပါ...၊၊အရှုံးနဲ့ကျန်ခဲ့ရတယ်ဆိုတာ ကိုယ်တိိုင် အရှုံးခံလိုက် လို့ဆိုတာ သတိရပါ၊၊ အချစ်ကို ဆုံးရှုံးပြီးသွားရင် ထားလိုက်တော့ ...၊၊ ကျေနပ်လိုက် လက်ခံလိုက်တော့ ၊၊ ကိုယ့်ဘဝကိိုယ် တော့ ထပ်ပြီးမရှုံးစေနဲ့။ အရာအားလုံးကို လွှတ်ချပြိး ကိုယ့်ဘဝကိုအနိုင်ပြန်ယူ၊၊ ကိုယ့်ရပိုင်ခွင့်တွေကို ပြန်ယူ၊၊သူမပါတဲ့ ကိုယ့်ဘဝရဲ့အချိန်ကောင်းတွေ ပြန်ယူ၊၊ ပျော်ရွင်မှုတွေ ပြန်ရှာယူပါ၊၊ နောက်ပြီး ကိုယ့်ရဲ့အကောင်းဆုံး version နဲ့အတူပြန်လာခဲ့ပါ။ #tharhtwe #optimistic #ပိုကောင်းတဲ့ဘက်ဆီချဉ်းကပ်ခြင်း #books #foryoupage