PEP Myanmar မှ တောင်းပန်ကြေညာချက် မကြာသေးမီက လူမှုမီဒီယာတွင် စားသုံးသူတစ်ဦးမှ တင်ခဲ့သော PEP နို့ခဲ နှင့် ပတ်သက်သည့် Complaint တစ်ခုကို စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် စားသုံးသူမှ တင်ထားသည့် Video ၊ ဓာတ်ပုံအရ နို့ခဲအတွင်းပါလာသော ထိုပစ္စည်းသည် ထုပ်ပိုးမှုစက်ပစ္စည်းတွင်အသုံးပြုသည့် သန့်ရှင်းရေး ကိရိယာမှ metal ချောင်းတစ်ခုဖြစ်သည်ဟု သံသယရှိပါသည်။ စားသုံးသူအများပြည်သူများကို စိတ်ပူပန်စေခဲ့မှု၊ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့မှုအပေါ် PEP ဝန်ထမ်းမိသားစုမှ အထူးဝမ်းနည်းစွာ တောင်းပန်အပ်ပါသည်။ ဤဖြစ်ရပ်အပေါ်တာဝန်ယူလက်ခံပြီး စစ်ဆေးရေးလုပ်ငန်းစဥ်များကို ပိုမိုတိုးမြှင့်ကာ ပြင်ဆင်ချက်များ ချမှတ်ထား၍ စတင်လုပ်ဆောင်လျက်ရှိပါသည်။ FDA ကိုလည်း မိမိတို့ ကိုယ်တိုင် ယနေ့ပင် အကြောင်းကြားပြီး မိမိတို့၏ ထုတ်လုပ်မှုကျင့်စဥ်အား ထပ်မံအစစ်ဆေးခံမည်ဖြစ်ပါသည်။ PEP Myanmar အတွက် စားသုံးသူ၏ ယုံကြည်မှုသည် အရေးကြီးဆုံးဖြစ်သည့်အားလျော်စွာ ယခုကိစ္စကို PEP Myanmar အားအကျိုးသင့် အကြောင်းသင့် အကြောင်းကြားပေးခဲ့သည့် စားသုံးသူမိသားစုကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါသည်။ PEP Myanmar သည် FDA, HACCP နှင့် ISO စံနှုန်းများအရ အရည်အသွေးနှင့် ထုတ်လုပ်မှုစံချိန်စံညွှန်းများအတိုင်း တင်းကြပ်စွာ လိုက်နာကျင့်သုံးသွားမည့်အပြင် ယခုကိစ္စအား ဖြစ်လေ့ဖြစ်ထရှိသည်ဟု မမှတ်ယူဘဲ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် ကြိုးစားလုပ်ဆောင်မည်ဖြစ်ကြောင်း စားသုံးသူများအား ကတိကဝတ်ပြုပါသည်။ PEP အမှတ်တံဆိပ်ကို နှစ်ပေါင်း (၂၂) နှစ်တိုင်တိုင် ယုံကြည်အားပေးနေကြသည့် မိတ်ဟောင်းမိတ်သစ် အားလုံးကို ကျေးဇူးတင်ပါသည်။
ID
7592180913375579399
👁 Vues vs moy. : Dans la moyenne
💬 ER : Très au-dessus
📌 Saves : Très au-dessus
Save rate
0.25%
Global : 0.08%
Revenu est. (Ads)
0€
Non comptée : vidéo < 60s
🏆 Rang vues :
#3
(top 85.7%)
Ouvrir sur TikTok ↗