Today quotes. Have a Nice day guys. #foryou #fyp #quote #လူငယ်တွေသိထားသင့်တယ် #creatorsearchinsight
Today quotes. Have a Nice day guys. #foryou #fyp #quote #လူငယ်တွေသိထားသင့်တယ် #creatorsearchinsight
ဘာကြောင့်လဲဆိုတော့ သင်က ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာတယ် ၊ ကြိုးစားရင်း ကြိုးစားရင်းနဲ့ တစ်လကို သိန်းငါးရာ ၊ သိန်းတစ်ထောင်လောက် ရှာနိုင်လာတယ် ၊ အဲ့ဒါက ကောင်းတယ် ၊ ဒါပေမဲ့ သင်က အဲ့ဒီဝင်ငွေလာတဲ့ ငွေနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်ရမလဲ ၊ ကိုယ့်လုပ်ငန်းတွေ ဘယ်လိုချဲ့ရမလဲ ၊ ငွေကို ဘယ်နားမှာထားရမလဲ ၊ ဘယ်လို စီမံခန့်ခွဲရမလဲ ဆိုတာတွေကို ဘယ်ကစလုပ်ရမှန်း မသိတော့ဘူး၊ ဒါက စွမ်းဆောင်ရည် မြင့်တဲ့ role modelတွေ မရှိတဲ့ မိသားစု ၊ ပတ်ဝန်းကျင်ကနေ ကြီးပြင်းလာတဲ့အတွက် အတိုင်းအတာတစ်ခုထိ ကြိုးစားပြီးတဲ့အခါမှာ နောက်တဆင့်ကို ထပ်တက်ဖို့ ဘာဆက်လုပ်ရမလဲ ဆိုတာမျိုးကို မသိပဲ ၊ ခေါင်းရှုပ်သွားတက်ပါတယ်။ ဘာလို့ အဲ့ဒီလိုမျိုး ဖြစ်တာလဲဆိုတော့ သင်က ပိုက်ဆံသိပ်မရှိတဲ့ မိသားစုကနေ ကြီးပြင်းလာတဲ့အတွက် သင့်မိသားစုနဲ့ ဆွေမျိုးတွေ ကြားထဲမှာ တစ်လကို သိန်းငါးရာ ၊ သိန်းတစ်ထောင်လောက် ရှာနိုင်တဲ့သူက သင့်အပြင် မရှိခဲ့လို ဖြစ်တယ် ။ အဲ့ဒီလို မရှိလို့ အခြားသူတွေနဲ့ ကွာသွားတယ်။ အခြားသူတွေကကြတော့ သူတို့ရဲ့ ငယ်စဥ်ဘဝမှာကတည်းက မိသားစုကလည်း ချမ်းသာတယ် ၊ စွမ်းဆောင်ရည်မြင့်ပြီး အရမ်းမိုက်တဲ့ အဖေ နဲ့ အမေတို့ ၊ ဦးလေး နဲ့ အဒေါ်တို့က ဘယ်လိုလှုပ်ရှားလဲ ၊ ဘယ်လို ဆုံးဖြတ်ချက်ချလဲ ၊ သူတို့ငွေကို ဘယ်လို စီမံခန့်ခွဲလဲ ၊ အလုပ်သမားတွေကို ဘယ်လိုမျိုး manage လုပ်လဲ ဆိုတာတွေကို ငယ်ငယ်လေးကတည်းက တွေ့လာရတော့ ကြီးလာတဲ့အခါမှာ အဲ့ဒီလမ်းအတိုင်း ဆက်လျှောက်သွားရုံပဲ။ လွယ်တယ်လို့ ဆိုလိုတာမဟုတ်ပေမယ့် နှစ်ပေါင်းများစွာ အမြင် ၊ အကြားကနေ သင်လာရတာဆိုတော့ ဘာတစ်ခုမှ မသိလာတဲ့ လူတွေထက် ခြေလှမ်းပိုသွက်လွန်းတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ် ။ ဘယ်ကိုသွားရမယ် ၊ ဘာလိုချင်ရင် ဘယ်သူနဲ့ တွေ့ရမယ် ၊ ဘယ်နားမှာ ခြံတွေ ဝယ်ရမယ် ၊ ဘယ်လုပ်ငန်းအသစ်လေးတွေ စထားမယ် ၊ အဲ့ဒီလိုမျိုးတွေကို သူ့မျက်စိရှေ့မှာ မြင်ထားရတော့ အကုန်လုံးကို သိနေတယ် ၊ ပြီးတော့ သူတို့အဖိုးအဖွားတွေခေတ်ထဲက တည်ဆောက်လာတဲ့ မိတ်ဆွေ အသိုင်းအဝိုင်း တောင့်တင်းမှု ရှိလို့ တစ်ခုလိုတိုင်း ဘယ်သူ့ဆီမေးရမယ် ၊ ဘယ်သူ့ဆီ သွားရှာရမလဲ အစအဆုံး သိပါတယ် ။ တစ်လကို သိန်းတစ်ထောင် ၊ နှစ်ထောင် ရှာနိုင်တယ်ဆိုရင်လည်း သူ့အနေနဲ့ ဒါကို ဘယ်လိုမျိုးကောင်းအောင် စီမံရမလဲဆိုတာသိတယ် ၊ သူ့ရဲ့ လက်ထဲမှာ မြေပုံကြီး တစ်ခုလုံးရှိပြီးသားမို့လို့ ကျနော်တို့တွေက အဲ့ဒီလိုနေရာမျိုးတွေမှာ ကွာသွားတာပဲဖြစ်တယ်။ အဲ့ဒီတော့ ဒီပြဿနာကို ဖြေရှင်းလို့ရတဲ့ နည်းကတော့ ကိုယ့်ရဲ့ ဘေးနားမှာ သွေးမတော် သားမစပ် ပေမယ့်လည်း လေ့လာသင်ယူ အကြံဥာဏ်တောင်းနိုင်တဲ့ ဆရာသမားတွေ ၊ ကိုယ့်ရဲ့ ဦးလေးလိုပုံစံမျိုး ၊ အဒေါ်လို ပုံစံမျိုး ၊ ဆရာသမားလိုမျိုး လူတွေကို ကိုယ့်ဘေးနားမှ ဝန်းရံထားလို့ ရပါတယ် ။ ပြီးရင် ကိုယ့်သူငယ်ချင်းတွေထဲမှာလည်း မွေးကတည်း အခြေအနေကောင်းတွေနဲ့ မွေးဖွားလာပြီး သေချာ အလေ့ကျင့်ခံခဲ့ရတဲ့သူတွေနဲ့ ထည့်ထားမယ်ဆိုရင် ကိုယ့်အနေနဲ့ သူတို့ behavioral patterns တွေကနေ အနီးကပ် သင်ခွင့်ရမှာဖြစ်သလို သူတို့လိုလုပ်တတ်ဖို့ အခွင့်အရေးတွေ ကိုယ့်မှာ အများကြီးရလာမှာပဲဖြစ်တယ်။ ဒါကြောင့် သင်က Good ကနေ Great ဖြစ်ချင်ရင် Network ကောင်းကောင်းတွေ ရှိဖို့ လိုအပ်ပါတယ်။ #fyp #creatorsearchinsight #advice #foryou #လူငယ်တွေသိထားသင့်တယ်
ကိုယ်လုပ်မှ ကိုယ်ရပါတယ်။ တလွဲစံပင်ကောင်း မဖြစ်ချင်ကြပါနဲ့ လုပ်ငန်းခွင်ထဲမှာ မျက်နှာသာပေးခံရတာတွေဘ၊ လစာတိုးခံရတာတွေ ၊ ရာထူးတိုးခံရတာတွေ ၊ လူအများရဲ့ ချစ်ခင်မှုကို ရတာတွေ၊ ကျနော်တို့ လိုချင်ပြီး မရနိုင်ခဲ့တာတွေကို သူတို့က ရယူခံစားခွင့် ရှိနေတယ်ဆိုတာ ကျနော်တို့ အားမထုတ်ထားတဲ့ အားထုတ်မှုမျိုးကို သူတို့ အားထုတ်ထားလို့ဖြစ်တယ်။ ကျနော်တို့ လွဲနေတာတစ်ခုခုကို သူတို့ မှန်အောင် လုပ်ထားနိုင်လို့ ဖြစ်တယ်။ ကျနော်တို့ မလုပ်မိလိုက်တဲ့ တစ်ခုက လုပ်ငန်းခွင်အတွင်းကလည်း ဖြစ်နိုင်တယ် ၊ အလုပ်ပြင်ပ ကလည်း ဖြစ်နိုင်တယ် ။ Mindset ကြောင့်လည်း ဖြစ်နိုင်သလို ၊အပြုအမူကြောင့်လည်း ဖြစ်နိုင်တယ်။ တောင်းဆိုရဲမှုကြောင့် ဖြစ်နိုင်သလို ၊ သိတတ်မှုကြောင့်လည်း ဖြစ်နိုင်တယ်။ အကြောင်း မဲ့အလိုလိုဆိုတာတွေက ဖြစ်တောင့်ဖြစ်ခဲပါပဲ။ ဒါကြောင့် လုပ်ငန်းခွင်ထဲမှ တစ်ယောက်ယောက်က ကိုယ်ထက် အခြေအနေတစ်ခုမှာ သာနေပြီဆိုရင် ချက်ခြင်းကောက်ချက်ချ မုန်းလိုက်တာမျိုး မဟုတ်ပဲ သူဌေးက ဘက်လိုက်တယ်လို့ တွေးလိုက်တာမျိုးမဟုတ်ပဲ ကိုယ်ဘာမှမလုပ်မိလဲ သူဘာလုပ်နေလဲ ဆိုတာကို သတိထား၍ ကြည့်စေချင်ပါတယ်။ လူတွေ ခါးခါးတီးတီး မုန်းနေကြတာ မျိုးတွေ ရှိသေးတယ်။ သူဌေးကို ဖားတယ်တို့ ၊ ဘောမတယ်တို့ကို စောက်ရမ်းမုန်းတီးကြတယ်။ ကျနော်ကတော့ ရုပ်ရှင်ထဲကလို လုပ်ငန်းခွင်မှာ မနေစေချင်ဘူး။ ကိုယ်အခြေအနေ ကိုယ်နားလည်စေချင်တယ်။ ကိုယ်က ဒီအလုပ်ကို မှီခိုနေရတယ် ၊ ဒီအလုပ်မရှိရင် ထမင်းငတ်သွားနိုင်တယ်။ မိသားစုက အခက်တွေ့သွားနိုင်တယ်ဆိုရင် ဘေးစကားတွေကို နားမယောင်သင့်တော့ဘူး။ ဖားတယ် ဘောမတယ်ဆိုတာကလည်း အားထုတ်ရတာပဲ မဟုတ်ဘူးလား။ လူအများ မလုပ်လိုတဲ့ ခါးသက်သက် အောက်ချရမှုတွေ စိတ်အဆင်မပြေမှုတွေကို မြိုချပြီးမှ ရတာပဲ မဟုတ်ဘူးလား။ ဘာမှ အားမထုတ်လိုပဲ သူများလစာတိုးမှ၊ ရာထူးတိုးမှ ၊ အခွင့်အရေးတွေ ပေးမှ ဒီကောင်က ဖားလို့ ဘောမလို့ဆိုပြီး အပြစ်ပြောနေတဲ့သူတွေထက် ပိုမသာဘူးလား။ သဘောပေါက် မမှားပါနဲ့အုံး။ မြန်မာကားတွေ အကြည့်များပြီး ကွယ်ရာမှာ ထင်ရာလုပ် ၊ သူဌေးရှေ့ရောက်မှ မျက်နှာချိုသွေးဆိုတဲ့ အထာဖမ်းခိုင်းတာမဟုတ်ပါဘူး။ သူဌေးတွေကလည်း စောက်ပိန်းတွေ မဟုတ်ဘူး။ တကယ်တော့ လုပ်ငန်းခွင်ဆိုတာက အလုပ်ကြိုးစားမှု ဆိုတာထက် လူကြောနပ် လူအထာနပ်ဖို့လည်း အများကြီး လိုပါသေးတယ်။ ဒါကြောင့် အလုပ်ကြိုးစားတဲ့သင်က ကြိုးစားသလောက် အရာထင်ဖို့ ပါးနပ်တဲ့သူတစ်ယောက် ဖြစ်ဖို့လိုပါတယ်။ crd- ကိုpika #fyp #လူငယ်များဆီသို့ #လူငယ်တွေသိထားသင့်တယ် #advice #fyppppppppppppppppppppppp
Upload one YouTube video and auto-generate multiple TikToks, Reels, and Shorts in minutes.
လုပ်ငန်းခွင်ကို သင်ထိန်းချုပ်လို့ မရဘူး ၊ ပါးနပ်လို့ပဲ ရတယ် ။ လုပ်ငန်းခွင်ရဲ့ အချို့အပိုင်းတွေက ကျနော်တို့ ထိန်းချုပ်လို့ မရဘူး Social Media တွေမှာ ၊ ကိုယ့်ရဲ့ ကိုယ်ပိုင် အကောင့်တွေမှာ ရေးကြတယ်။ လုပ်ငန်းခွင်က ဘယ်လိုကြီး ဖြစ်နေပါတယ် Family Type တွေက ဂျင်းကြီးတွေပါ ၊ ဘာညာနဲ့ စုံလို့ပါပဲ။ ဒါကို ကျနော်အနေနဲ့က အကောင်းပြောခြင်း ၊ အပြစ်တင် ဝေဖန်ခြင်း ဘာမှမရှိဘူး လူငယ်တွေကို သိပဲသိစေချင်တာ လုပ်ငန်းခွင်က သူတို့သွားတဲ့ စည်းကမ်းတွေ မူဝါဒတွေက ဘယ်လိုပဲ ဖြစ်နေပါစေ ။ ကိုယ်က ပြောင်းလဲချင် စိတ်တွေ ဘာတွေ မဖြစ်နဲ့ ၊ ပြောင်းလဲလို့လည်း မရပါဘူး။ သင် မလာခင်ကတည်းက သူတို့ရဲ့ မိဘ ၊ ဘိုးဘွားတွေ ခေတ်ကတည်းက ယုံကြည်လာတဲ့ အလုပ်လုပ်တဲ့ ပုံစံတွေ ၊ စည်းကမ်း ချမှတ်မှုတွေ ၊ မူဝါဒတွေကို သင့်လို ဝန်ထမ်း တစ်ယောက်အတွက်နဲ့ ပြောင်းပေးမယ် ထင်လို့လား သင် မရှိခင် နှစ်ပေါင်း (၅၀) လောက် ရပ်တည်လာခဲ့တဲ့ လုပ်ငန်းကို သင်မကြိုက်လို့ အရွဲ့တိုက်နေရုံ ၊ အလုပ်ထွက်သွားရုံနဲ့ ပျက်စီးသွားမယ် ထင်လို့လား အချို့လူငယ်တွေက စိတ်ကြီးဝင်ကြတယ် လိုင်းပေါ်က စာတွေကို ဖတ်ပြီး သူတို့ကို သူတို့ အမှန်တရားရဲ့ ဘက်တော်သားလို့ ထင်ကုန်ကြတယ်။ ဒါကြောင့် မလုပ်သင့်တာတွေ လုပ်ဖြစ်ကုန်ကြတာပဲ ဖြစ်တယ်။ လူတွေ အရမ်းမုန်းကြတဲ့ Family Type ဆိုတဲ့အကြောင်းနဲ့ပဲ ပြောရမယ်ဆိုရင် သင်က အဲ့ဒီလုပ်ငန်းခွင်မှာ လုပ်နေရတယ် ၊ မှီခိုနေရသေးတယ် ၊ ချက်ချင်းထွက်လို့ အဆင်မပြေသေးဘူးဆိုရင် ရုပ်ရှင်မဆန်နဲ့ ။ လုပ်ငန်းခွင်က အလိုက်သိတာတို့ ၊ သူတို့နဲ့ အဆင်ပြေအောင် ပေါင်းသင်းတတ်တာတို့ကို ဦးစားပေးတယ် ၊ အရေးပေးတယ်ဆိုရင် အများကြီး မတွေးနဲ့ ၊ သူတို့နဲ့ အဆင်ပြေအောင် သူတို့လိုချင်တာတွေ ကိုယ်ဆီမှာ ရှိနေအောင် လုပ်လိုက် ဒါက ဖားနေတာပါ ၊ မှားနေပါတယ် ဆိုပြီး တွေးမနေနဲ့ ဒါက လက်တွေ့ဘဝ ၊ သူတို့ကို ဆန့်ကျင်နေလို့ကော ဘာထူးမှာ မို့လို့လဲ ဒါကြောင့် ကိုယ့်အတွက် အဆင်ပြေနေအောင် အမြတ်ထုတ်တတ်ဖို့ လိုပါတယ်။ အမြတ်ထုတ်တယ်ဆိုလို့ မကောင်းလုပ်ခိုင်းတာ မဟုတ်ဘူး ဒီလုပ်ငန်းခွင်မှာ သင်က လုပ်နေရတယ် ၊ သင်ကြုံနေရတဲ့ ဘဝ သင်ပဲ သိတယ်။ သူဌေးကလည်း သင့်ကို သဘောကျတယ်။ သင်ကလည်း သူဌေးကို အဆင်ပြေအောင် ပေါင်းနိုင်တယ်ဆိုရင် ဘေးလူတွေကနေ သင့်ကို ဖားတယ် ဘောမတယ်လို့ မြင်တာတွေကို ဘာလို့ ဂရုစိုက်နေအုံးမှာလဲ လုပ်ငန်းခွင်မှာ ကြိုးစားပါလျက်နဲ့ ရှေ့မရောက်ဘူးဆိုတာတွေက အထာမနပ်လို့ ဖြစ်ပါတယ် အယူအဆတွေကြောင့် ဖြစ်ပါတယ်။ crd-ကိုpika #လူငယ်များဆီသို့ #လူငယ်တွေသိထားသင့်တယ် #fyp #fyppppppppppppppppppppppp #ငါသေမှပဲfypပေါ်ရောက်မှာလား😑😑
#fyp #foryoupage #millionviews #လူငယ်တွေသိထားသင့်တယ် #လူငယ်များဆီသို့
လုပ်ဖော်ကိုင်ဖက်ဆိုတာ သူငယ်ချင်းမဟုတ်ပါဘူး ။ သူငယ်ချင်းကို စိတ်ထဲရှိတဲ့ မကျေနပ်ချက်တွေ အကုန်ပြောသလို လုပ်ဖော်ကိုင်ဖက်ကိုလည်း အဲ့လိုသွားပြောလိုက်လို့ မရပါဘူး ။ ဘယ်လောက်ပဲ အဲ့လူနဲ့ ကီးကိုက်တယ် ၊ အမြင်တွေ တူတယ်လို့ပဲ ပြောပြော ကိုယ့်အထဲမှာပဲ ထားသင့်ပြီး ထုတ်မပြောသင့်တဲ့ စကားတွေဆိုတာ ရှိပါတယ် ။ အဲ့လိုစကားတွေ ပြောမိလိုက်ရင် တစ်ချိန်ချိန်ကျ အသုံးချခံရနိုင်ပါတယ် ။ သူငယ်ချင်းဆိုရင်တောင် အပြည့်အဝယုံလို့မရနိုင်တာ လုပ်ဖော်ကိုင်ဖက်ဆိုရင်တော့ ပိုပြီး ယုံလို့မရပါဘူး ။ သင်အခု တွေ့နေရတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပုံစံက သင်နဲ့နီးကပ်ဖို့ ၊ အားနည်းချက်ကိုသိဖို့ လုပ်ယူထားတဲ့ပုံစံဖြစ်ရင် ဖြစ်နေမှာပါ ။ သတိကြီးတာ အမှားမရှိပါဘူး ၊ လူတစ်ယောက်ကို ယုံကြည်ဖို့ အချိန်ယူပါ ။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စကားဝိုင်းမှာ ပထမကတော့ အလုပ်အကြောင်း မကျေနပ်ချက်တွေ ပြောပြီး နောက်ကျတော့ ပြောရင်းနဲ့ လူတွေကိုပါ မကျေနပ်တဲ့အကြောင်းတွေအထိ ရောက်သွားတတ်ပါတယ် ။ အဲ့လိုအချိန်မှာ ကိုယ့်ဘက်က စကားမလွန်ဖို့ သတိထားပါ ။ အထူးသဖြင့် တစ်ဖက်လူ ပြန်ကြားလို့ မကောင်းတဲ့စကားဆိုရင် မပြောပါနဲ့ ။ ကိုယ်ပြောလိုက်တဲ့ စကားက အဲ့လူဆီ ပြန်ရောက်သွားမလား ၊ တခြားလူတွေဆီရောက်သွားပြီး ပြန့်သွားမလား မသိနိုင်ပါဘူး ။ ဘယ်သူ့ဆီရောက်ရောက် ဒါကအတင်းပြောတာလို့ နာမည်တပ်ခံရမှာဖြစ်ပြီး ကောင်းကျိုးရှိလာမှာ မဟုတ်ဘူး ။ တကယ်တော့ အဲ့လိုတွေ ဖြစ်လာရင် ကိုယ်က ဘာစကားမှမပြောခဲ့ရင်တောင် အဲ့စကားဝိုင်းမှာ ပါဝင်နေတာကိုက အပြစ်ဖြစ်နိုင်ပါတယ် ။ အဲ့ဒါကြောင့် အဲ့လိုစကားဝိုင်းမှာ အစကတည်းက မပါဝင်ရင် အကောင်းဆုံးပါ ။ စိတ်ထဲမကျေနပ်ချက်တွေ ၊ အဆင်မပြေတာတွေ ရှိလို့ တစ်ယောက်ယောက်ကို ပြောချင်ရင် အလုပ်မတူတဲ့ သူငယ်ချင်းအရင်းကို ပြောပါ ။ သူငယ်ချင်းမရှိရင် စာရွက်ထဲ ရေးချတာ ၊ ChatGPT ကို သွားပြောတာတွေ လုပ်လို့ရပါတယ် ။ အဲ့အခါကျ သတိနဲ့ ထိန်းစရာမလိုသလို စိတ်ပူစရာလည်း မလိုတော့ပါဘူး ။ အားလုံးဘဲ လုပ်ငန်းခွင်ထဲမှာအဆင်ပြေကျပါစေ✌️#fyp #လူငယ်များဆီသို့ #လူငယ်တွေသိထားသင့်တယ် #fyppppppppppppppppppppppp #millionaudition
"He's Not After Love - He's Building His Life" “တန်ဖိုးကို တည်ဆောက်တဲ့ ယောကျာ်း” “မိန်းမတွေကို ဆာလောင်နေတဲ့ ယောကျာ်းမျိုး မဖြစ်နဲ့ — အောင်မြင်မှုကိုပဲ ဆာလောင်နေပါ။ တကယ့်ယောကျာ်းဆိုတာဆိုရင်... သူ့အချစ်ကို အချိန်မပေးတာမဟုတ်ဘူး၊ သူ့အချစ်ထက် ဘဝတန်ဖိုးကို ပိုတန်ဖိုးထားတာ ပါ။ သူ့အချစ်ကို သက်တမ်းတစ်ခဏအတွက် မဖြစ် စေချင်ဘူး — သူ့ဘဝအောင်မြင်မှုနဲ့အတူ တန်ဖိုးရှိစွာ ရှိနေချင် တာ။ အဖြစ်အပျက်တိုင်းကို သင်ခန်းစာအနေနဲ့ယူပါ။ မိန်းမတွေအတွက် မဟုတ်တဲ့အချိန်တွေမှာ မင်းကိုယ်တိုင်အတွက် တန်ဖိုးရှိအောင် ဆက် တည်ဆောက်ပါ။ တကယ့်ယောကျာ်းဆိုတာ မိန်းမတစ်ယောက်ရ ဖို့ ကြိုးစားတာမဟုတ်ဘူး ကိုယ့်ဘဝတန်ဖိုးကို တည်ဆောက်ဖို့ ကြိုးစား တတ်သူပါ။ " “မိန်းမတွေကို ဆာလောင်နေတဲ့ ယောကျာ်းမျိုး မဖြစ်နဲ့ အောင်မြင်မှုကိုပဲ ဆာလောင်နေပါ။ တကယ့်ယောကျာ်းဆိုတာ... ကိုယ့်ဘဝတန်ဖိုးကို တည်ဆောက်ဖို့ ကြိုးစားတတ်ရမယ်။" "He's Not After Love - He's Building His Life" #လူငယ်များဆီသို့ #လူငယ်တွေသိထားသင့်တယ် #motivation #ငါသေမှပဲfypပေါ်ရောက်မှာလား😑😑 #fyppppppppppppppppppppppp
အသက်20လောက်ကနေစပီး လမ်းကြောင်းတခုအပေါ် တစိုက်မတ်မတ်သွားမယ်ဆိုရင် အသက်30မှာ မင်းတို့ရဲ့ ခေတ်စပီ။ ကြိုးစားထားကျငါ့ကောင်တို့ #fyp#လူငယ်များဆီသို့ #လူငယ်တွေသိထားသင့်တယ် #motivation #ငါသေမှပဲfypပေါ်ရောက်မှာလား😑😑
မလုပ်သင့်တဲ့ဟာတွေကတော့ ကလေးတွေကို တစ်ခုခုဆို သူများနဲ့ နှိုင်းပြီး နှိမ်တာ အမြဲ အပြစ်ပြောတာ ကလေးတွေရဲ့ self-worth ကို test တခုနဲ့ တိုင်းတာ လိုက်တာ ကိုယ်ဖြစ်စေချင်တဲ့ ပုံမှ မဟုတ်ရင် စောက်သုံးမကျဘူးလို့ တမုတ်ချ ဆက်ဆံတာ အဲ့ဒါတွေကို မလုပ်ရပါဘူး ကလေးစိတ်ထဲ တော်တော် အထိနာရင်နာ မနာရင် နာကြဥ်းတဲ့စိတ် ဝင်လာတတ်ပါတယ် (ကျနော် ကံကောင်းတာက မိသားစုဝင်တွေနဲ့ မူလတန်း အလယ်တန်း အထက်တန်းက ဆရာဆရာမတွေက ကျနော့်ကို အဲ့လို မဆက်ဆံခဲ့ပါဘူး) အဲ့ဒါတွေ ပြီးရင် လုပ်သင့်တာတွေ ကတော့ သူတို့ကို အမြဲ စိတ်ရှည်ရှည်နဲ့ kind ဖြစ်ပေးတာ ခေတ်နဲ့ မလိုက်မှီရင်လည်း လိုက်မှီနိုင်အောင် ကြိုးစားပေးတာ ကြိုးစားနေကြောင်းလည်း ထုတ်ပြတာ သူတို့ လုပ်နေတာတွေ နားလည်ပေးတာ တတ်နိုင်ရင် part of it အနေနဲ့ ပါဝင်ပေးတာ ခဏတိုင်း သူတို့ လုပ်ဆောင်နိုင်ခဲ့တဲ့ (accomplishment ) တွေကို ချီးကျုးစကားတွေ ပြောပေးတာ ( အဲ့ဒါမှလည်း သူတို့ inner self-talk တွေက I can do it if I try hard ဆိုတဲ့ဟာမျိုး ဖြစ်လာမှာ ဖြစ်ပါတယ် ) accomplishment ဆိုတဲ့ နေရာမှာ ကိုယ့်ပေတံအိုကြီးနဲ့ တိုင်းလို့ မရပါဘူး ဥပမာ သူ့ tiktok video က million views ထိရောက်သွားတာ game မှာ ခက်ခဲတဲ့အပိုင်းထိ လုပ်နိုင်သွားတာ စတဲ့ဟာတွေကိုပါ မဝေဖန် ( မ judge ) ပဲ တကယ်ကို အသိအမှတ်ပြု ချီးကျူးတာကို ဆိုလိုပါတယ် ။ နောက်ဆုံးကတော့ be a great example by doing ဖြစ်ပြတာ not talking* ပါ doing ပါ ။ သားသမီးက လေးစားနိုင်တဲ့ ကိုယ်ပြောရင်ပြောတဲ့အတိုင်း လိုက်လုပ်တဲ့ အဖေမျိုး အမေမျိုး အဒေါ်မျိုး ဦးလေးမျိုး ဖြစ်ပါမှ သူတို့လည်း မသိစိတ်ကလည်း အဲ့ ကိုယ့်ကိုကိုယ် လေးစားနိုင်တဲ့ (self-esteem) ကို လိုချင်လာပြီး စမ်းကြည့်တာမျိုး လုပ်ဆောင်ကြည့်တာမျိုး ဖြစ်လာမှာ ဖြစ်ပါတယ် အဲ့တော့ နိဂုံးချုပ် အရ ပြောရရင် အတင်းသွား ပြုပြင်လို့ မရပါ ကြိုးလည်း မကြိုးစားသင့်ပါဘူး သူ့ဟာသူ change လာတာကိုပဲ မေတ္တာမပြတ် စောင့်ပေးပါ လမ်းမှားနေတာ တွေ့ရင်တော့ တတ်နိုင်သမျှ မေတ္တာနဲ့ ပြုပြင်ပေးပါ စိတ်ရှည်ပေးပါ မမှားပဲ ဒီအတိုင်းဆိုရင်တော့ အဲ့ ကောင်းတဲ့ ပြောင်းလဲမှု မဖြစ်လာခင်ထိ ကျနော် ပြောခဲ့တဲ့ မလုပ်သင့်တာ မလုပ်ပဲ လုပ်သင့်တာတွေ လုပ်ရင်တော့ ပုံမှန်ထက် အများကြီး ဆက်ဆံရေးတွေ အခြေနေ ကောင်းလာမှာပဲ ဖြစ်ပါတယ် ။ လူကြီး တစ်ယောက်အနေနဲ့ ဒါတွေက ခက်ခဲတာ နားလည်ပါတယ် ဒါပေမယ့် ကြိုးစားရတာ တန်ပါတယ် ။ ဘာလို့ဆို ကိုယ့် သားသမီးတွေ ကိုယ့်တူ တူမလေးတွေနဲ့ အဆင်ပြေ ချစ်ခင်နေရတဲ့ relationship တွေက ဘဝကို ချိုမြိန်စေတာမို့ပါ ။
ဆွဲဆောင်မှုရှိအောင် ဘယ်လိုနေမလဲ' လူတစ်ယောက် ကြည့်ကောင်းတယ်၊ သူ့ကို မြင် လိုက်တဲ့နဲ့ ဆွဲဆောင်မှုရှိတယ်လို့ ခံစားရတာဟာ နဂိုရုပ်ခံချောမောလှပတာတစ်ခုထက် ပိုတယ်။ နဂို ရုပ် ခံရှိပြီး ရှိတဲ့အတိုင်းကို ပိုမွမ်းမံတတ်ရင် အတိုင်း အထက်အလွန် ဆွဲဆောင်မှု ရှိစေတာပေါ့။ ဒါပေမဲ့ ရုပ်ခံတစ်ခုတည်းနဲ့တင် ဆွဲဆောင်မှု ရှိနေလိမ့်မယ်လို့ ယူဆလို့မရဘူး။ ဒါဖြင့် ဘယ်လို အရာတွေက လူတစ်ယောက်ကို ဆွဲဆောင်မှုရှိအောင် ကူညီပေးနိုင်သလဲ။ အလွယ်မှတ်လို့ရအောင် အင်္ဂလိပ် အက္ခရာ C ဆယ်လုံးနဲ့ မှတ်နိုင်တယ်။ ၁။ ယုံကြည်မှု ရှိပါ။ (Confidence) ကိုယ့်ကိုယ်ကိုယ် ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲ တာဝန် ယူရဲတဲ့ ယုံကြည်မှု၊ တစ်နည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေတဲ့သူက ဆွဲဆောင်မှု ရှိစေတယ်။ ကိုယ့် ကိုယ်ကိုယ် မဟုတ်တာ မလုပ်ဘူးဆိုတာ ယုံနေမှ ကိုယ့် သူများ လာယုံပေးလို့ရမှာကိုး။ ၂။ ဩဇာညောင်းပါစေ (Charisma) ဩဇာရှိရှိနေပါဆိုတာက ပိုက်ဆံတွေ အသကုန် ရှာခိုင်းတာ မဟုတ်၊ နာမည်ကြီးအောင် လုပ်ခိုင်း တာလဲ မဟုတ်၊ ကိုယ့်စကား ကိုယ့်လုပ်ရပ်အပေါ်ယုံ တယ်၊ တစ်ဖက်က နှစ်လိုဖွယ် ဖြစ်လာအောင် သိမ်းသွင်း တတ်တယ် ဆိုတာမျိုး။ ၃။ တည်ငြိမ် အေးဆေးမှု (Composure) စိတ်လှုပ်ရှားနေတယ်၊ ဒါပေမဲ့ သိက္ခာမဲ့သွား အောင် ထိန်းထားနိုင်တယ်။ ဒေါသထွက်တယ်၊ ဒါပေမဲ့ ဒေါသရဲ့ဆိုးကျိုးကို သိလို့ အေးအေးဆေးဆေး ဖြေရှင်းဖို့ကိုပဲ ရွေးချယ်တယ်။ တစ်ဖက်လူအ ပေါ်လေးစားမှု ပြတ်မသွားဘူး။ ၄။ စကားပြောကောင်းတယ် (Communication) တကယ်တမ်း Commucation ကောင်းတယ် ဆိုတာ စကားပြောကောင်းတာထက် ပိုပါတယ်။ မ သိသူကို သိအောင်၊ ရင်ဘတ်ထဲရောက်အောင် ပြောပြရတာ တော်ရုံစကေးနဲ့ မရပါဘူး။ ကိုယ့် မှာ Communication skill မြင့်နေမှ အဆင်ပြေ တာပါ။ ၅။ တစ်သမတ်တည်း ရှိတယ် (Consistency) စိတ်နေစိတ်ထား၊ အပြုအမူ၊ အလုပ်အပေါ် စိတ် နှစ်ပြီး လုပ်တဲ့သူက ဆွဲဆောင်မှု ရှိစေတဲ့လူပဲ ဖြစ်ပါတယ်။ ဟိုလိုလို ဒီလိုလို သမားတွေက နောက်မှာ ကျန်နေခဲ့တတ်တယ်။ ၆။ ဂရုတစိုက် ရှိတယ် (Caring) လူတစ်ဖက်သားကို ဂရုတစိုက်ရှိတဲ့လူကလဲ ရုပ်ရည်ချောမောနေတဲ့သူထက် ပိုပြီး ဆွဲဆောင်မှု ရှိစေပါတယ်။ ၇။ ဟာသဉာဏ်ရှိတယ် (Comedy) သူများကို မထိမခိုက် စည်းနဲ့ဘောင်နဲ့ အရွှန်းဖောက် အောက်လုံးမပါတဲ့ ဟာသဉာဏ်ရှိခြင်းဟာ တတ်တဲ့ဆွဲဆောင်မှု ရှိစေတဲ့နည်းပဲ ဖြစ်ပါ တယ်။ ၈။သိလိုစိတ် ပြင်းပြတယ် (Curiosity) အသစ်သစ်တွေကို သင်ယူစုဆောင်းလိုစိတ်ရှိတယ်။ ပိုင်ပိုင်နိုင်နိုင် မေးခွန်းမေးတတ်တာက လဲ သိလိုစိတ်ကို ပြင်းပြခြင်းတစ်မျိုးပဲ။ ဒါ့ကြောင့် ကိုယ့်ရဲ့စူးစမ်းချင်စိတ်ကို မြှင့်တင်ထားရမယ်။ ၉။ အဆင့်အတန်း ရှိရှိနေတတ်ခြင်း (Class) လူရှေ့ ပွဲမရှာဘူး၊ ရှက်စရာကောင်းတဲ့ကိစ္စမျိုး မလုပ်ဘူး၊ ထမင်းငတ်ပါစေ သူများမျက်ရည် စာပါ တဲ့ ထမင်းမျိုးဆိုရင် မစားဘူး။ ကိုယ့် ခြေထောက် ကိုယ် ရပ်တည်တယ်ဆိုတာမျိုးဟာ အဆင့်အတန်းရှိတာကို ပြသရာရောက်ပါတယ်။ ၁၀။ ပူးပေါင်းပါဝင် ဆောင်ရွက်မှု (Contribution) လူ့အသိုင်းအဝိုင်းထဲမှာ လူအများကို ကူညီ တတ် တယ်၊ လူထုအကျိုးပြုလုပ်ငန်းတွေ လုပ်တတ် ရင် ဆွဲဆောင်မှု ရှိစေတာပဲ။ ဒါ့ကြောင့် တချို့ အားလပ်ချိန်တိုင်းမှာ ပရဟိတလုပ်ရင် ကောင်း တယ်။ #richierichard #fyp #charm #လူငယ်များဆီသို့ #fypシ゚viral
ပထမတစ်ခုက ဘာကြောင့် ခက်တယ် ၊ ညာကြောင့် ခက်တယ် ၊ ဘာကြောင့် မလုပ်နိုင်တာ ၊ ဘာတွေကြောင့် အခက်ခဲတွေ များတာ စသဖြင့် မေးခွန်းတွေနဲ့ impossibilities တွေ ထိုင်စဉ်းစား ၊ စိတ်မော ၊ မလုပ်ရဲဖြစ်လာ၊ ကြောက်သွား ၊ နောက်ဆုံး ကိုယ့်ရဲ့ မလုပ်ဖြစ်ရခြင်းကို လူတွေ လက်ခံစေဖို့ ကောင်းတဲ့ ဆင်ခြေတွေ ၊ အကြောင်းပြချက်တွေ လိုက်ရှာ စတဲ့ လမ်းသွားတယ် ။ နောက် တစ်ခုက ငါနဲ့ တူတဲ့ အခြေအနေဆိုး ရောက်နေတဲ့သူတွေ ၊ ငါ့လို မပြည့်စုံမှုနဲ့ သူတွေ ၊ ငါ့လို တူညီတဲ့ရပ်ကွက်ထဲကသူတွေ ဒီကြားတွေထဲက ဘယ်လိုဖြစ်မြောက်အောင် လုပ်ကြလဲ ၊ ဘယ်လို ပိုကောင်းအောင် ကြိုးစားနေကြလဲ ဆင်ခြေပေးမယ်ဆိုရင် တတောင့်ကြီး ပေးလို့ရနေတဲ့ သူတို့က လူကြားကောင်းတဲ့ ဆင်ခြေတွေ ပေးမနေပဲ ဘယ်လို ကြိုးစားနေလဲ ၊ ဘယ်လိုအံကြိတ်နေလဲ စတဲ့ မေးခွန်းတွေ မေးပြီး နည်းလမ်းရှာတဲ့ လမ်းကို ရွေးပါတယ် ။ ရွေးချယ်ပုံတွေ မတူတာ များလာတာနဲ့ စိတ်ဓာတ်တွေ ပြောင်းလာပါတယ် ၊ ဘဝတွေ ပြောင်းလာပါတယ် ။ crd-pika #fyp #bedifferent #advice #richierichard #လူငယ်တွေသိထားသင့်တယ်
#mindset #လူငယ်များဆီသို့ #richierichard #fyp #becomerich
Version 1 မနက်ဆို ထချင်တဲ့အချိန် ထတယ် ၊ များသောအားဖြင့် နေ့ခင်း ၁နာရီ ၂နာရီမှ နိုး ဗိုက်ဆာဆာနဲ့ မှာစားသမျှကလည်း အရသာ အသားပေး အဆီအစိမ့်နဲ့ အနှစ်တွေ ၊ စားလို့ကောင်းမှကောင်း ဒိုတာဆိုတဲ့ ဂိမ်းကလည်း တနေ့ခင်းလုံး ဆော့လို့ကောင်း ဘန်ကောက်မှာဆိုတော့ မီးက မပြတ် ဂိမ်းဆော့ ပျင်းလာရင် Pornography ကြည့် အဲ့လိုနဲ့ မသိလိုက်ပဲ ညနေစောင်း ၊ ဆရာနဲ့ ဆော့ရမယ့်နေ့တွေဆို ဂျင်သွားမယ် ၊ ဆရာနဲ့ မဟုတ်တဲ့ နေ့တွေဆို ဂျင်မသွား ၊ အိမ်မှာပဲ ပေကပ်နေမယ် အဲ့လိုနဲ့ ည ၈လောက်ရောက် ဘော်ဒါတွေစု ၊ အာလူးဖုတ် ညကိုးနာရီလောက် စသောက် ၊ ၁၁ ဆို ကလပ်သွား ဘာသွား အသားကုန် ထပ်သောက် ၊ မူးမူးနဲ့က လွင့် မနက် ၃နာရီဆို ဆက်ကဲမယ့် နေရာ တစ်ခု စဉ်းစား မနက် မိုးလင်း ၆နာရီအထိကဲ - အိမ်ပြန် အိမ်ရောက် မနက် ၇နာရီ အိပ် - ပြန်စ _________ Version 2 မနက် ၆-၇ ထ မျက်နာသစ် သွားတိုက် ၊ ကော်ဖီသောက် လျော်စရာရှိတဲ့ အဝတ်နံတွေ လျှော်စက်ထဲ ထည့်လျှော်ခဲ့ ၊ အောက်ဆင်း ၊ လမ်းလျောက် အကြောလျော့ လမ်းလျောက်နေရင်း ညက ရေးထားတဲ့ ဒီနေ့အတွက် အလုပ်တွေ ပြန်ဖတ် လမ်းလျောက် အကြောလျော့ပြီး အပေါ်ပြန်တက် ၊ လျှော်ပြီးတဲ့ အဝတ်တွေ နေထုတ်လှမ်း ၊ ရေချိုး ခေါင်းလျှော် ၊ ကော်ဖီနောက် တခွက်ဖျော် Deep Work ၂နာရီခွဲလောက်လုပ် ၊ နေ့လည်စာ အသင့်မှာထားတဲ့ Grilled Chicken + Veg စား စားပြီး ကော်ဖီသောက် ၊ ဆေးလိပ်သောက် team strategist နဲ့ အလုပ်စကားပြော ၊ ပေါ့ပေါ့ပါးပါး ခဏနား နေ့ခင်း team meeting/ client meetingတွေ ထိုင် ၊ အလုပ်တွေပေး အတည်ပြုပေးစရာတွေ ပြုပေး ၊ ဆုံးဖြတ်ချက် ချပေးရမှာတွေပေး ညနေ ဂျင်သွားခါနီး ကြက်ဥ အုတ်ဂျုံနဲ့ Carbohydrate တချို့ဖြည့် ဂျင်သွား ၊ ဆရာနဲ့ သေချာဆော့ ပြန်လာ ရေချိုး ၊ Protein rich အစာကောင်း တစ်ခုစား ညဖက် စာသင်အတန်းအတွက် ပြင်ဆင် ၊ စာသင် ၊ ညဆယ်နာရီ ထိုး Creatine ပါတဲ့ Protein Shake လေး သောက် ၊ မျက်နာကြပ်မီးတွေ ပိတ် ၊ ZMA supplement တစ်လုံးလောက် သောက် ၊ မီးမှိန်ပြပြ lamp လေးတစ်ခုနဲ့ နောက်နေ့အတွက် အလုပ်တွေ ချရေး ၊ ရေးပြီးသမျှထဲ domino effect ရှိတဲ့ အလုပ်တွေ ပြန်စစ်ထုတ် ၊ Journaling အနည်းငယ် လုပ် ၊ နာရီဝက်နေ အိပ်ချင်လာ ၁၁-၁၁ခွဲနား အိပ်ပျော် ၊ နောက်နေ့နိုး ၊ ပြန်စ ________ Keywords The path to hell feels like heaven. ငရဲဆီ သွားရာလမ်းက နတ်ပြည်လိုပဲ ၊ “ရှယ်ခံစားရကောင်းတယ် ၊ ရှယ်မိုက်တယ် ၊ လန်းတယ်” The path to heaven feels like hell. နတ်ပြည်ဆီ သွားရာလမ်းက ငရဲလိုပဲ ၊ “ရှယ်ပျင်းစရာကောင်း ၊ အထီးနည်းနည်းကျန် ၊ ရှယ် ငြီးငွေ့ဖွယ်ကောင်းတယ်” Crd- pika #လူငယ်တွေသိထားသင့်တယ် #fyp #richierichard #လူငယ်များဆီသို့ #discipline
Upload one YouTube video and auto-generate multiple TikToks, Reels, and Shorts in minutes.
၁။ မိမိအဖြစ်ချင်ဆုံးဆန္ဒကို တွေ့အောင်ရှာပါ။ - အရာအားလုံးဟာ တောက်လောင်နေတဲ့ ဆန္ဒက နေစတင်ပါတယ်။ သင့်ရည်မှန်းချက်ကို စွဲလမ်းမှု တစ် ဖြစ်လာအောင် ပြင်းပြင်းထန်ထန် လိုချင်စိတ် လာအောင် အရင်လုပ်ပါ။ ၂။ ယုံကြည်မှု တည်ဆောက်ပါ။ - သင့်ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်ဆောင်နိုင်တယ်လို့ အပြည့်အဝ ယုံကြည် ပါ။ အပြုသဘောဆောင်တဲ့ အတည်ပြုချက်တွေနဲ့ သွား သင်သွားမယ့်လမ်းကြောင်းပေါ်က အောင်မြင်တဲ့ သူတွေရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝပုံရိပ်တွေက တဆင့် ယုံကြည်မှုကို ခိုင်မာအောင် တည်ဆောက် ပါ။ ၃။ ထပ်ခါထပ်ခါ လှုံ့ဆော်ပါ။ - သင်ဘာလိုချင်လဲ ဆိုတာ သင့်ကိုယ်သင် အကြိမ်ကြိမ် ပြန်ပြောပြပြီး သင့်မသိစိတ်ရဲ့ ယုံကြည်မှုတွေကို ပရိုဂရမ်အသစ် ပြန်ရေးဆွဲ ပါ။ သင့်ရည်မှန်းချက်တွေကို အမှန်တကယ် လုပ်ဆောင်နိုင်ကြောင်းသင့်ကိုယ်သင် ခဏခဏ ပြောဆို အတည်ပြုပေးပါ။ ၄။ ကျွမ်းကျင်အဆင့်ဖြစ်အောင် ကြိုးစား သင်ယူ ပါ။ - ရည်မှန်းချက်ကြီးလေလေ သင် လက်ရှိသိရှိနားလည်ထားတဲ့ ယေဘုယျ အသိပညာဟာ သ င့် ရည်မှန်းချက်အတွက် မလုံလောက် နိုင်လေ လေပါပဲ။ ဒါကြောင့် အောင်မြင်မှုအတွက်၊ သင့် ရည်မှန်းချက်တွေမှာ အသုံးချနိုင်မယ့် သီးခြား အသိပညာရပ်တွေ ဗဟုသုတတွေကို ရသ လောက် ထပ်ဖြည့်ပါ။ ၅။ စိတ်ကူး ပုံဖော်ပါ။ - အကြံဉာဏ်အသစ်တွေအတွက် အစီအစဉ် အသစ်တွေကို ဖန်တီးတဲ့အခါမှာ ဖန်တီးမှုဆိုင်ရာ အ ကြောင်းအရာ၊ လူပုဂ္ဂိုလ် စတဲ့ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒပုံရိပ်တွေကို စိတ်ကူးထဲမှာ အရင်ဆုံး ပုံဖော် ပါတယ်။ ၆။ စနစ်တကျ အစီအစဉ်ရေးဆွဲပါ။ - ဘယ်အချိန်ဘာလုပ်မယ်၊ ဘယ်အချိန် ဘယ်သူ နဲ့တွေ့မယ်၊ ဘယ်အချိန်မှာတော့ ဘယ်အရာကို ကျွမ်းကျင်ပိုင်နိုင်ပြီး ဖြစ်နေရမယ်ဆိုတဲ့ လက်တွေ့ကျတဲ့ အစီအစဉ်တွေကို အလုပ်ဖြစ်သွားတဲ့ အချိန်အထိ ပြန်လည် ချိန်ညှိပါ။ အရေးအကြီးဆုံးက ဘယ်တော့မှ လက်မလျှော့ပါနဲ့။ ၇။ ဆုံးဖြတ်ချက် ချပါ။ - ချီတုံချတုံဖြစ်နေတဲ့ ဘယ်အရာမှ လုပ်ဆောင် ချက် မကောင်းနိုင်ဘူး။ သင် ဒီအရာကိုလုပ်မယ် လုပ်ဘူး၊ သင်အောင်မြင်မယ် မအောင်မြင်ဘူး သင့်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်။ အောင်မြင်တဲ့သူ အများစုကလည်း လွယ် လွယ်ကူ ကူ အောင်မြင်ခဲ့ကြတာ မရှိပါဘူး။ ၈။ဇွဲမလျှော့ပါနဲ့။ - သင် ဘယ်လောက်ပဲ ကျရှုံးမှု ဒါမှမဟုတ် ငြင်းပယ်ခံရခြင်းတွေနဲ့ ရင်ဆိုင် နေရပါစေ ဆက်လက် လုပ်ဆောင်ပါ။ ဇွဲဆိုတာ ကျရှုံးမှုကို အောင်မြင်မှုအဖြစ် ပြောင်းလဲပေးတဲ့ ပေါင်းကူးတံတား ဖြစ် ပါတယ်။ #richierichard #brightfuture #လူငယ်တွေသိထားသင့်တယ် #fyp #motivation
(1) အချိန် မဖြုန်းတီးပါနဲ့။ တစ်ရက်၂၄နာရီ အချိန်သည် ကုန်ဆုံးသွားလျှင် ပြန်မရနိုင်ပါ။ (2) အပျော်အပါး လျှော့ပါ။ အချိန်မတန်ခင် သူဌေးလို ဇိမ်မခံမိပါစေနဲ့။ (3) ငွေကို အလွယ်တကူ မသုံးပါနဲ့(စုပါ)။ မကျန်းမမာရေး ၊ ပညာရေး ၊ လူမှုရေးအတွက် အရန်ငွေများ စုထားပါ။ (4) အားလပ်တဲ့အချိန် စာဖတ်ပါ။ မြန်မာကို ကမ္ဘာကသိစေခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးသန့်က -စာဖတ် သောလူမျိုးသည် တိုးတက်၍တိုးတက်သောလူမျိုး များသည် စာဖတ်ကြသည်။ဒါကြောင့် သင့်ဘဝ အောင်မြင်ဖို့ ချမ်းသာဖို့အတွက် စာဖတ်ပါ။ (5) ခံပြင်းစိတ် ထားပါ။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့ ကိုယ့်မိသားစုထဲမှာ ပထမဦးဆုံး ဘီလီယံဖြစ်ရမယ်ဆိုတဲ့ ရန် မှန်းချက် ၊ပန်းတိုင်ထားပါ။ ဖြစ်ကိုဖြစ်ရမယ်လို့ ကိုယ့် ကိုယ်ကိုယုံကြည်ပါ၊ ခံပြင်းစိတ် ထားပါ။ (6) အပြောအဆို သိမ့်မွေ့ပါ။ အောင်မြင်တဲ့လူတိုင်း ချမ်းသာတဲ့လူတိုင်း အပြောအဆို သိမ့်မွေ့ကြတယ်ဆိုတာ သင်မမေ့ ပါနဲ့။အတုယူပါ ၊ အလေ့အကျင့်လုပ်ပါ။ (7) အလုပ်တစ်ခုကို အကြွေးမထားပါနဲ့။ ယနေ့လုပ်ရမယ့်အလုပ်ကို အခုထလုပ်ပါ။ မနက်ဖြန်လုပ်ရမယ့်အလုပ်ကို ဒီနေ့ပြီးအောင် လုပ်ပါ။ အလုပ်ဟူသမျှကို အကြွေးမထားမိပါစေနဲ့။ (8) လက်ရှိအလုပ်ကို သစ္စာရှိပါ။ ချမ်းသာအောင်မြင်ကြီးပွားကြသူတိုင်း မိမိရဲ့ လက်ရှိအလုပ်ကို အတုယူနိုင်ပါစေ။ သစ္စာရှိကြတယ်။သင်လည်းပဲ အတုယူနိုငိပါစေ။ (9) အိပ်ယာထ မပျင်းနဲ့။ လူတစ်ယောက် တစ်နေ့ကို ၇နာရီ ပုံမှန်အိပ်စက် အနားသင့်ပါတယ်။ မနက်စောစော အိပ်ရာထ အလေ့အကျင့်က သင့်ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။ (10) တရည်မှန်ချက်ထားပါ။ အိပ်မက်အကြီးကြီး မက်တဲ့သူ ရည်မှန်းချက် ထား ကြတဲ့သူတွေက ဘဝမှာပိုအောင်မြင် ပိုချမ်းသာ တဲ့ လူချမ်းသာတွေပါ။ (11) ကျန်းမာရေး ဂရုစိုက်ပါ။ အာရောဂျုံ ပရမံ လာဘံ - ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုရိုးစကားကို မေ့မထားဖို့နဲ့ သ င့်ကျန်းမာရေးကို ဂရုမစိုက်ပဲ အလုပ်ကို ပိုမို လုပ်ဆောင်ခြင်းကို ရှောင်သင့်ပါတယ်။ ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ရင် ဆေးရုံ ဆေးခန်း တက်ရတဲ့အခါ သင်ရှာဖွေသမျှငွေတွေက အဲဒီ နေရာ၌သာ ကုန်သွားပါလိမ့်မယ်။#richierichard #growthmindset #လူငယ်တွေသိထားသင့်တယ် #motivation #fyp
Clipping is the fastest way to repurpose content: one long video becomes multiple short viral formats. Example: 1 YouTube video -> 10 Shorts/TikToks.