Waiting for the right person is not about shrinking yourself to fit someone else’s timeline. It’s about standing fully in who you are and refusing to settle for anything less than love that sees you, respects you, and celebrates you. #yoursniz
Peace begins when expectations ends 🦋✨
Waiting for the right person is not about shrinking yourself to fit someone else’s timeline. It’s about standing fully in who you are and refusing to settle for anything less than love that sees you, respects you, and celebrates you. #yoursniz
အားလုံးပဲ အမွန်းနဲ့ ပြန်တွေ့ရပါတော့မယ်။ ရှေ့ရက်ပိုင်းတွေက အမွန်းနဲ့ပတ်သက်ပြီး comment တွေ၊ message request အတော်အသင့် Niz လက်ခံရပါတယ်။ အမွန်းကို သတိတရနဲ့ လွမ်းနေပေးတာ သိရတော့ အမွန်းနဲ့ စာဖတ်သူတွေအကြား မမြင်နိုင်တဲ့ အချိတ်အဆက်လေး ရှိတာ ပိုသိရပါတယ်။ ကြာပါတယ် .. အမွန်းနဲ့ နောက်တပတ်မှာ ထုံးစမ်အတိုင်း ပြန်တွေ့ကြရအောင်ပါ။ #yours_niz #BLstories
Vietnam's neon dreams 🇻🇳 #vietnam #yours_niz
အမွန်းနဲ့ November နောက်ဆုံး အပတ်လောက်မှာမှ အားလုံးနဲ့ ပြန်တွေ့ကြရအောင် ကြိုးစားပါ့မယ်။ ပြည်ပ ခရီးစဥ်လေး ရှိသလို အလုပ်ရဲ့ tasks တွေလည်း ရှိတာမို့ Niz အားလုံးကို ခတ္တခွင့်တိုင်ပါတယ်။ တချို့တလေဟာ အမွန်းကို အချိန်ကာလတိုလေးတခုမှာ မေ့သွားနိုင်ပါတယ်။ ဒါပေမဲ့ အမွန်းကို ဇာတ်သိမ်းသည်အထိ Niz အပြီးသတ်ပေးပါ့မယ်။ အမွန်းကို အပတ်စဥ် စနေ/တနင်္ဂနွေတိုင်း စောင့်မျှော် အားပေးကြတဲ့သူတစ်ဦးချင်းကို ကျေးဇူးတင်ပါတယ်။ Note: Niz ရဲ့ Profile လေးဟာ ရှင်းပါတယ်။ အရင်က Niz ရေးခဲ့တဲ့ Real Stories လေးတွေလည်း ရှိတာမို့ ဟိုးအောက်ဆုံးကနေ တပိုင်းချင်း အပေါ်တက်သွားပြီး ဖတ်သွားရင်းလည်း အပျင်းဖြေနိုင်ပါတယ်။ #yours_niz
"အမွန်းးး” အမွန်းက ကျွန်တော့် မျက်လုံးတွေကို ကြည့်တယ်။ ဒေါသတွေနဲ့လည်း မဟုတ်ဘူး။ မကျေနပ်မှုတွေနဲ့လည်း မဟုတ်ဘူး။ နားလည်မှု မျက်ဝန်းတွေနဲ့။ အကို့ကို အမွန်း နားလည်ပါတယ်။ အကိုက ယောကျာ်းလေးပဲ ဖိုဆိုတော့ မသဘာဝကို လိုအပ်တာပဲ။ အမွန်းနားလည်တာပေါ့။ "အမွန်း ..လိုက်ခဲ့” အကိုက ကျွန်တော့်လက်ကို ဆွဲပြီး ဈေးဆိုင် အနောက်ဘက်အခြမ်းကို ခေါ်လာတယ်။ " အမွန်း .. ကို” "ရာသီဥတုကြီးက တအားပူတယ်။ တွေးပူစရာတွေ ရှိရင် ကို တွေးမပူပါနဲ့။ အမွန်းကလေ ကို့ကို အမြဲနားလည်ပေးနေမှာ..” "အမွန်းး” ကျွန်တော် အမွန်းကို ရင်ခွင်ထဲ ထည့်ထားလိုက်တယ်။ အမွန်းက ကျွန်တော့်အတွက်တော့ ညီလေးတစ်ယောက်ထက် ပိုပါတယ်။ သံယောဇဉ်လည်းရှိတယ်။ အမွန်းက ကျွန်တော့်အတွက် ဘုရားကပေးတဲ့ ဆုလာဒ်လိုပဲ။ အမွန်းသာ မိန်းကလေးဖြစ်ရင်..ကျွန်တော် .. ကျွန်တော် ကျွန်တော် အမွန်းကို ချစ်မိမှာပါ။ -- ဈေးရုံရဲ့ အပြန်လမ်းဟာ အသွားတုန်းကထက် ပိုမိုလေးပင်နေခဲ့တယ်။ ရက်တွေ၊ အချိန်တွေဟာ အလျင်အမြန်ပဲ ခုလို အခြေအနေတွေစီ ရောက်လာခဲ့တာပဲ။ နေ့ခင်းနေနဲ့ အတူ အမွန်းရင်ထဲ ပူလောင်နေတယ်။ နေ့လယ် ကောင်းကင်ကြီးနဲ့ ခြားနားစွာ အမွန်းရင်ထဲ အုံ့မှိုင်းနေတယ်။ သက်ပြင်းလေးချရင်းပေါ့။ __ လေးလံသော ခြေလှမ်းတွေနဲ့ ဈေးသိမ်းပြီး ပြန်လာတယ်။ အမွန်းနဲ့တွေ့ရမှာ ကျွန်တော် အားနာနေမိတယ်။ အမွန်းက ကျွန်တော့်ကို အသံကျယ်ကျယ်နဲ့ ရန်တွေ့မယ့် သူမဟုတ်ပါဘူး။ အမွန်းက တိတ်တိတ်လေး ခံစားမယ့်သူ။ အပြုံးနဲ့ ကြိုနေမယ့်သူ။ ဘာလို့လဲ .. ဘာလို့ အမွန်းကို တွေ့ဖို့ ကျွန်တော် မဝံ့ရဲ ဖြစ်နေရတာလဲ။ တွေ့ပြီ။ အိမ်ပေါက်ဝမှာ ကောင်းကင်ကြီးကို မော့ကြည့်နေတဲ့ ခန္ဓာကိုယ် ကျုံ့ကျုံ့သေးသေးလေး။ ကျွန်တော့် ခြေသံကြားလို့နဲ့တူတယ်။ အမွန်း ကိုယ်ဟန်လေး ပြန်မတ်လာပြီး ကျွန်တော့်ကို ပြုံးပြတယ်။ ပုံမှန်ပဲ ဘာမှ မပြောင်းလဲဘူး။ "ကို ရော့ .. သောက်ရေ။ အမွန်း ထမင်းဝိုင်း သွားပြင်လိုက်ဦးမယ်နော်” ကျွန်တော် အမွန်းလက်ကို လှမ်းဆွဲလိုက်တယ်။ “အမွန်း နေပါဦး။ ကို စကားလေး ပြောချင်လို့.."။ အမွန်းက ကျွန်တော့်နားလေးမှာ ကျွန်တော်နဲ့ ဘေးချင်းကပ်လေး ပြန်ထိုင်တယ်။ "ကို မရှိတော့ရင် အမွန်း အဆင်ပြေလို့လား” အမွန်း ကိုယ်လုံးလေး သိသိသာသာ တုန်သွားတယ်။စကားလေးပဲ .. မေးခွန်းလေးတစ်ခုနဲ့တင် ထိတ်လန့်နေတာတဲ့လား..။ "အမွန်း အဆင်ပြေသွားမှာပါ” "ဟင်" "အမွန်းကလေ .. လိုအင်ဆန္ဒတွေ သိပ်နည်းတာ။ လိုအင်ဆန္ဒတွေ အမွန်းမှာ မရှိဘူး။ အဲ့ဒါကြောင့် အမွန်းအဆင်ပြေသွားမှာပါ” လိုအင်ဆန္ဒတွေ နည်းတယ်ဆိုပေမဲ့ ကိုက တစ်ခုထဲသော အမွန်းရဲ့ လိုအင်ဆန္ဒ ဖြစ်ကြောင်းကိုတော့ ချန်လှပ်ခဲ့ပါတယ်။ "ကို အဆင်ပြေတဲ့ အချိန်၊ အဆင်သင့်ဖြစ်တဲ့အချိန် အမွန်းနေခဲ့ပါ့မယ်။ အမွန်းစိတ်ထဲမှာလေ ကိုက အမွန်းခဏလေး ဖြစ်ဖြစ် တွေ့ကြုံခွင့်ရလိုက်တဲ့ ကံကောင်းမှုလေးလိုပဲ။ ကို အမွန်းအနားရှိနေရင် လုံခြုံတယ်။ ပျော်တယ်။ ကို့ အသံလေး ကြားနေရရင် အမွန်း စိတ်ချမ်းသာတယ်။ အမွန်း ချက်ပြုတ်ပေးတဲ့ ထမင်းပူပူ၊ ဟင်းပူပူလေးတွေကို ကိုနှစ်နှစ်ခြိုက်ခြိုက်စားတာမြင်ရင် အမွန်း သိပ်ကျေနပ်တယ်။ ကို့လက်မောင်လေးပေါ် အိပ်ခွင့်ရတဲ့ညတွေဆို အမွန်းမှာ အိပ်မက်ဆိုးတွေ မရှိဘူး။ ကိုနဲ့ အတူတူ ဖျာတစ်ခင်းတည်း အိပ်ရတဲ့ ညတွေဟာ အမွန်းရဲ့ ပြည့်စုံမှုပဲ။ မနက် နေရောင်နဲ့အတူ ကို့မျက်နှာလေး ကြည့်ခွင့်ရနေတာလည်း အမွန်းရဲ့ ကံကောင်းမှုပဲ။ ဒါနဲ့ပဲ အမွန်း ကို့ကို အပိုင်လိုချင်ရင် အမွန်း အတ္တကြီးရာ ကျမှာပေါ့။ ကို့အပေါ် မတရားရာကျမှာပေါ့။ အမွန်းကလေ ကိုပျော်နေတာကို ဘယ်အရပ်၊ဘယ်ဒေသ၊ ဘယ်လေညှာအရပ်ကနေ သိရကြားရ၊ မြင်ရပါစေ အမွန်း ကျေနပ်ပါတယ်။” "အမွန်းးးးးး” ကျွန်တော် အမွန်းကို ရင်ဘတ်ထဲ ထည့်လိုက်တယ်။ စကားကို တစ်ခွန်း၊နှစ်ခွန်းအပြင် ပိုမပြောတတ်တဲ့ ကောင်လေးက ဒီနေ့မှ စကားတွေ အများကြီးးး။ ပြီးတော့ ရင်ထဲက ...။ ယောကျာ်းဆိုပြီး Lမျက်ရည်တွေ ကျလာတယ်။ အမွန်းကွာ .. မင်း မိန်းကလေးတစ်ယောက်သာဆိုရင် ဒီကောင်ကဖြင့် … တောက်ခ် ကိုက ကျွန်တော့်ကို ဖက်ပြီး ကလေးကြီးတစ်ယောက်လို ဖက်ငိုတယ်။ တင်းတင်းကြပ်ကြပ် ဖက်ထားတဲ့ အကို့လက်တွေလို ကျွန်တော်တို့ မြဲမြံရင် ဘယ်လောက်ကောင်းမလဲ…။ အမွန်းက ကျွန်တော့်ကို ကလေးလေးတစ်ယောက်လို ကျောလေးကို ဖွဖွလေးပုတ်ပေးတယ်။ --- ရင်ခွင်ထဲက ကလေးကြီး အားရအောင် ငိုပြီး မောသွားပုံပါ။ "ကို အဲ့လောက် အငိုသန်မှန်း အမွန်းဖြင့် မသိခဲ့ပါဘူး” ကိုက ကျွန်တော့်ကို ငိုထားတဲ့ မျက်လုံးရဲရဲနဲ့ ကြည့်ပြီး ယောကျာ်းမျက်စောင်း ပစ်တယ်။ “Haha ကို့ကို မျက်စောင်းထိုးတတ်မယ်လို့လည်း ခုမှ သိတယ်” "ဟာ .. ဒီကောင်လေး လာစနေတယ်.. ။ လာစမ်း …” ဒီလိုနဲ့ အဲ့ဒီ့ညဟာ လရောင် ၊ ကြယ်ရောင်တွေရဲ့ အောက်မှာ ကောင်လေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို လိုက်ဖမ်းနေသတဲ့။ #yous_niz #BLstories #BL
စောလွန် ရင်ခုန်တယ်။ အထည်ဆိုင်က အကိုကြီးက အရမ်းရဲတင်းတယ်။ ဒါပေမဲ့ စောလွန်လို အရမ်းရှက်ပြီး ဝေးတဲ့ ကောင်မလေးအတွက် အခုလို ရဲတင်းပြီး ရှေ့တိုးရဲတဲ့ အကို့လို လူမျိုးနဲ့မှ အဆင်ပြေမှာလို့လည်း တွေးမိတယ်။ အကိုက ကြည့်ကောင်းတယ်။ အကြည့်ခံတယ်။ ပြီးတော့ သဘောကောင်းတယ်။ အကိုမှာလိုက်သလို စောလွန်လည်း အဖွားနဲ့ အတူ အမြဲဈေးလိုက်မှပဲ ဖြစ်တော့မှာပါ။ စောလွန်တို့က နွမ်းပါးတယ်လို့ မဆိုနိုင်ပေမဲ့ ပြေလည်တယ်လို့လည်း မပြောနိုင်ပါဘူး။ အဖွားက အထည်လေးတွေ ပန်းထိုးတာ၊ ပန်း သီတာ လုပ်တယ်လေ။ အဲ့ငွေလေးနဲ့ပဲ စောလွန်တို့ မြေးအဖွား ရပ်တည်ကြရတာ။ စောလွန်လည်း ကူပေးပါတယ်။ ဒါပေမဲ့ မိန်းမသားနှစ်ယောက်ရဲ့ ဝင်ငွေအားဟာ အိမ်စားရိတ်ကာမိရုံအပြင် ဘာမှ အပိုစုမိဆောင်းမိမရှိဘူး။ နေမကောင်း မကျန်းမာတဲ့အခါ၊ အကြောင်းကြီးငယ် ရှိတဲ့အခါချေးရင်းငှားရင်း ဖြေရှင်းရတယ်။ စောလွန်ရဲ့ မိဘနှစ်ပါးဟာ စောလွန်မွေးပြီး နောက်ပိုင်းမှာ ကွာရှင်းလိုက်ကြတယ်။ အမေကိုယ်တိုင် စောလွန်ကို အဖွားစီအပ်ခဲ့ပြီး ခြေရာလက်ရာ ဖျောက်သွားတယ်။ တချို့ကလည်း နိုင်ငံခြားမှာ အမေအိမ်ထောင်အသစ် ထူထောင်သွားပြီတဲ့။ တချို့ကလည်း ဟိုမြို့မှာ တွေ့လိုက်တယ်။ ဒီမြို့မှာ တွေ့လိုက်တယ်နဲ့ပေါ့။ အဖေကတော့ နောက်အိမ်ထောင်ပြုခဲ့ပြီး စောလွန်ကို ရှိမှန်းတောင် သတိရသေးရဲ့လား မသိပါဘူး။ စောလွန် ဘဝမှာ အဖွားပဲ ရှိခဲ့တာ။ ပြီးတော့ ငယ်သူငယ်ချင်းလေး ထားသွယ် ရယ်ပေါ့။ “မြေးရေ.. အထည်လေး လဲရခဲ့လား” "ဆိုင်ရှင် အကိုကြီးက လဲပေးလိုက်တယ်။ အရမ်းလည်း သဘောကောင်းတယ်သိလား။ ဒီအစလေးတောင် လက်ဆောင်ထည့်ပေးလိုက်တယ်။ အဖွားကြည့်ဦး …” "အော် .. ဒါဆို ဒါလေးကို အဖွား ပန်းလေးသီပြီး ပုဝါလေး လုပ်ပေးမယ်နော်။ ပုဝါတထည်စာ ကောင်းကောင်းလောက်တယ်ကွဲ့။ ဆိုင်ရှင်လေး ကြီးပွားတိုးတက်ပါစေကွယ်” "ဟီးဟီး” အကိုရေ .. အဖွားကတော့ ကြီးပွားတိုးတက်ပါစေတဲ့ ..။ စောလွန်လည်း ဆုတောင်းပေးပါတယ်။ အကို အစစအရာရာတိုင်း အဆင်ပြေချောမွေ့ပါစေလို့။ __ ကိုက ကျွန်တော့်ဘဝထဲ မမျှော်လင့်ဘဲ ရောက်လာတာပါ။ ကျွန်တော် အဆင်သင့် ဖြစ်ခြင်း၊ မဖြစ်ခြင်းတွေတောင် စဉ်းစားချိန်မရဘဲ ကိုက ကျွန်တော့် အရိပ်မြုံထဲ၊ ကျွန်တော့် လူမှု အသိုင်းအဝိုင်းထဲ၊ ကျွန်တော့်ဘဝထဲ.. ပြီးတော့ ကျွန်တော့် နှလုံးသားထဲ ရောက်လာသူပါ။ ကျွန်တော်ကလည်း ကို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပါတယ်။ ကိုက ကျွန်တော့်ကို ချစ်တယ်လို့ တခါမှ မပြောခဲ့ဖူးဘူးပါဘူး။ ကျွန်တော်ကလည်း အလိုက်သိစွာ မမေးဖူးပါဘူး။ ကျွန်တော်က ကို့ကို စတွေ့ထဲက တိတ်တိတ်လေး သဘောကျခဲ့တာပါ။ ဒါပေမဲ့ အလိုက်သိရတယ်လေ။ ယောကျ်ားလေးတစ်ယောက်ကို ကျွန်တော်က ဘယ်လို ချစ်ခြင်းမျက်ဝန်းတွေနဲ့ ကြည့်ရဲမှာလဲ၊ ဘယ်လိုမျိုး စကားလုံးတွေနဲ့ တွယ်ငြိရဲမှာလဲ။ အနာဂတ်တွေ တွေးလားလို့ မေးရင် အမွန်း မသိဘူး။ အမွန်းကလေ လက်ရှိအချိန်လေး၊ ကိုနဲ့ ရှိနေတဲ့ အချိန်လေးကိုပဲ တွေးပါတယ်။ အမွန်းတို့ အနာဂတ်ကို မသိနိုင်ဘူးမလား။ လက်ရှိအချိန်လေးဆိုလို့ အခုလို ရာသီဥတု ပူတဲ့နေ့တွေဆို ဈေးရုံက တအားပူတာ။ နေ့လယ်နေ့ခင်း ကို့ကို အအေးလေး ဖျော်တိုက်ဖို့ ပင်မှည့်သီးလေး လှီးနေတယ်။ အနှစ်ကို ဗူးလေးထဲ ထည့်၊ ဆား ၊ သကြားလေးထည့်ရင်း ပြင်ဆင်သွားမယ်။ ဟိုရောက်မှ .. မြေအိုးလေးထဲက ရေနဲ့ ကို့ကို တိုက်ပါ့မယ်။ ကို ပင်ပန်းရောပေါ့။ ___ “တို့အကိုကြီး ပြုံးလို့ ရယ်လို့ ရဲလို့၊ မှည့်လို့ ပါလားဗျ” “L ကို ..ရဲလို့ မှည့်လို့” "ဟဟ” "ဘာတဲ့ စောလွန်ဆိုလား စောလုံဆိုလား” "စောလွန်ပါကွာ” ဆိုင်အကူ ညီလေးတွေက ယောကျာ်း ဘာသာဘာဝ လှမ်းစတော့ စောလွန်ကို ပိုတောင် သတိရသွားတယ်။ ဒါပေါ့ ယောကျာ်းလေးဆိုတာ မိန်းကလေးတွေနဲ့ ဒီလိုမျိုး အတွေ့အထိလေးတွေ၊ ရစ်ပတ်မှုလေးတွေ၊ စွဲလမ်းမှုလေးတွေ ရှိနေမှ သဘာဝကျတာ။ "လူပျိုကြီးတော့ စွံတော့မယ် ထင်ပါတယ် ..ဟဲဟဲ” "ငါလည်း စွံချင်ပါပြီကွာ ဟဟ” ဒါနဲ့ ကျွန်တော်နဲ့ အမွန်းကို အားလုံးက ညီအစ်ကိုဝမ်းကွဲတွေလို့ပဲ သိထားကြတာလေ။ ဒီတော့ ကျွန်တော်လည်း အနေမကျုံ့ဘူးပေါ့။ အမွန်းဆိုလို့.. ကျွန်တော် အမွန်းကို သစ္စာဖောက်မိသလိုများ ဖြစ်သွားလား။ -- "အကို” အတွေးတွေနဲ့မို့ အမွန်းရောက်လာတာတောင် မသိလိုက်ဘူး။ "အော် အမွန်း ဘယ်တုန်းက ရောက်တာလဲ” "ခုလေးတင်ပဲရယ်.. ဈေးရုံက ဒီအချိန်ပူတယ်လေ။ အဲ့ဒါ အကို့ကို ပင်မှည့်ဖျော်ရည်လေး လာတိုက်တာ” "ကိုမွန်း .. ကျွန်တော်တို့အတွက်ရော မပါဘူးလားဗျ" “Ha×3ပါပါတယ် အကိုတို့ခင်ဗျ။ ပိုပိုသာသာလေး ထည့်လိုက်ပါတယ်” "ယေးး” "အကို ...အကို ပင်ပမ်းနေပြီလားဟင်။ အကို ပင်ပမ်းနေရင် အမွန်းနောက်ရက်တွေ ဆိုင်တလှည့် ပြန်နေပေးမယ်လေ” "မဟုတ်တာ .. မဟုတ်တာ အမွန်းရဲ့။ အကို အဆင်ပြေပါတယ်။ အကိုပဲ ထိုင်ပါ့မယ်” "ကိုမွန်း.. သွားပြောမနေနဲ့။ အဲ့ဘဲက စကီလေးတွေ့နေပြီဗျ။ စောလွန်ဆိုလားပဲ ..နောက်ရက်တွေဆို ကျွန်တော်တို့ထက်တောင် ဈေးရုံကို စောရောက်နေဦးမယ် haha” “ဟျောင့်တွေ ကိုယ့်အလုပ်ကိုယ်လုပ်” "အမွန်း .. ဟို .. အကိုက အဲ့လို မဟုတ် ..” အမွန်းက သွားလေးပေါ်အောင်ရယ်ရင်း ခေါင်းလေးတခါခါနဲ့ .. "အာ့ဆို အကို့ကို ခါတိုင်းထက် စောစော မနက်စာ ပြင်ပေးတာပေါ့” "အမွန်းးးး” #yours_niz #BLstories #BL
အမွန်း .. အပိုင်း (၃) | BL ဇာတ်လမ်းတို# "ကို … ကို .. စားရတာ အဆင်မပြေလို့လားဟင်” မဟုတ်တာ။ ကျွန်တော် အတွေးတွေ လွန်နေခဲ့တာ။ "မဟုတ်ဘူး မွန်း။ စားရတာ အဆင်ပြေပါတယ်.. ခု မနက်စာရော၊ ညက အမွန်းကိုရော” "အာ .. ကိုဗျာ ..” “Haha x3 “ "ကို စားလို့ပြီးပြီ။ ဈေးရုံသွားလိုက်ဦးမယ်။” "ဟုတ် ကို ..။ ဒီနေ့ နေ့လယ်စာအတွက် ကို ဘာလေးစားချင်လဲ” အမွန်းရဲ့ အလုပ်ပေါ့။ ကို ကြိုက်တတ်တာလေးတွေ မေးမယ်။ ကို စားချင်တဲ့ဟင်းလေးတွေကို အမွန်းကိုယ်တိုင် စိတ်ရှည်စွာ မေတ္တာအပြည့်နဲ့ ချက်ပြုတ်ပေးမယ်။ "ရပါတယ်.. အမွန်းရဲ့။ အမွန်း စားချင်တာလေးလည်း ချက်ပါဦး။ ကိုက ရတယ်။” "ဟုတ်ကဲ့” ကြုံလို့ ပြောရဦးမယ်ဗျာ။ အမွန်းက သိပ်လက်ရာကောင်းတာဗျ။ အဆောင်မှာထဲက သိတာ။ အဆောင်မှာမို့ ချက်ပြုတ်စားလို့မရပေမဲ့ အဆောင်မှာ ယောက်ျားလေးတွေ ဝိုင်းပြီး ဘီယာသောက်၊ အရက်ချတဲ့အခါ အမွန်းရဲ့ ဖြစ်သလို ရှိတာလေးတွေနဲ့ ကြံဖန်သုပ်ကျွေးတဲ့ အသုပ်လေးတွေက မထင်ရလောက်အောင် ရှယ်ကောင်းသလို ဆောင်းတွင်းဘာညာမှာ ကာလသား ကြက်ဘူးသီးဟင်းတို့ ဘာညာ တခါတလေ အဆောင်ရှေ့ မီးဖိုပြီး ချက်ပြုတ်ရင်လည်း အဆောင်ပြည့် လူအများစာကို ပိုင်ပိုင်နိုင်နိုင် ချက်ပြုတ်တတ်သေးတာ။ အစက အဆောင်က ယောက်ျားလေးတွေနဲ့ သိပ်အရောအဝင်၊ အံဝင်ခွင်ကျမဖြစ်နိုင်ခဲ့တဲ့ အမွန်းဟာ .. နှစ်ဝက်လောက်မှာတော့ အားလုံးရဲ့ အချစ်တော်လေးလို ဖြစ်လာတယ်။ နောက်ပိုင်း ငါတို့ အမွန်းကို မထိနဲ့ .. အမွန်းရော .. အမွန်း ပါမှ ဆိုတာမျိုးတွေတောင် ဖြစ်လာတဲ့အထိ အမွန်းဟာ ချစ်မွှေးလေး။ အမြဲတမ်း ငြိမ်သက်အေးချမ်းပြီး ပြုံးနေယောင်သဖွယ်ရှိတဲ့ မျက်နှာလေး၊ အပူအပင်မရှိ၊ ဒေါသမရှိတဲ့ အမွန်းရဲ့ စိတ်ထားလေး၊ ဒါ့အပြင် တိတ်တိတ်ဆိတ်ဆိတ်နေတတ်တာ၊ သန့်သန်ရှင်းရှင်းနေတတ်တာ .. အားလုံးကြောင့် နောက်ပိုင်းမှာ အမွန်းရဲ့ အခန်းဖော်ဖြစ်တဲ့ ကျွန်တော့်ကို ကံကောင်းတယ်လို့တောင် ပြောလာကြတယ်။ __ ဈေးရုံ .. အမွန်းက အထည်အလိပ်လက်ကားဖြန့်ချီတဲ့ လုပ်ငန်းလုပ်တာလေ။ အစက အမွန်းက ကိုယ်တိုင်ဦးစီးပေမဲ့ နောက်တော့ အိမ်ထောင်ဦးစီးလို့ ခံယူထားတဲ့ ကျွန်တော်ကပဲ ဦးစီးတော့တယ်။ အမွန်းကလည်း ကျွန်တော့်ကို ယုံကြည်တယ်။ ကျွန်တော်အပ်တဲ့ ငွေကိုပဲ အမွန်းက မရေမတွက်ဘဲ လက်ခံယူတယ်။ တခါတလေတော့လည်း ယောကျာ်းလေးပဲဗျာ။ လောင်းကစားဘာညာလေးတော့ ရှိတာပေါ့။ ဒါပေမဲ့ အမွန်းအတွက် ဘာမှ မဖြစ်ပါဘူး .. ကျွန်တော်သုံးတဲ့ ပမာဏလောက်က။ အမွန်းမှာ ကျွန်တော်မရှိရင် သူပဲရှိတာ .. ဒီတော့ လုံလောက်တယ်လို့ ထင်တယ်။ ဒါပေမဲ့ ကျွန်တော်လည်း တခါတလေမှပါ။ "အကို ..” အသားဖြူဖြူဝင်းဝင်းလေး၊ ပါးကွက်လေး နှစ်ဖက်၊ ကံကော်ပန်းလေး ပန်ထားတယ်။ လှလိုက်တာဗျာ...။ "အကိုလို့" "အော် ဟုတ် ..ညီမလေး ဘာလိုချင်လို့လဲ” "ဟိုဟာလေ .. ညီမလေး အဖွားဝယ်သွားခဲ့တဲ့ အထည်လေးက ဒီနားမှာ မီးပေါက်ရာလေးရှိနေလို့..။ အဖျားအနားဆိုရင်တော့ ဒီတိုင်း ညှပ်လိုက်လို့ရတယ်။ ဒါပေမဲ့ အလယ်တဲ့တဲ့ကြီးဆိုတော့ .. မရလို့ရယ်” ကျွန်တော့်ကို အကျိုးသင့်အကြောင်းသင့်နဲ့ တိုင်ပြောနေသလိုလေး တတွတ်တွတ်ပြောနေတဲ့ နှုတ်ခမ်းဖူးဖူးလေးကို စိတ်ထိန်းနိုင်ဖို့ ကြိုးစားရင်း တဖက်ကလည်း ဘာဖြစ်တာလဲ နားထောင်ရသေးတယ်။ "အော် … အဟမ်း။ ညီမလေး အဲ့ဒါက အကိုတို့လဲပေးလို့ မရဘူး။ ဆိုင်ကထွက်ထဲက သေချာကြည့်ယူသွားသင့်တာ ညီမလေးရဲ့” တမင် နှုတ်ခမ်းဖူးဖူးလေး ပို အရှေ့ထွက်လာမလား။ ငိုမဲ့မဲ့ သနားစဖွယ် မျက်ဝန်းလေး ဖြစ်လာမလားဆိုတဲ့ သိချင်စိတ်နဲ့ တမင်ညစ်ပြီး ပြောလိုက်တယ်။ "အာ့ဆို လဲပေးလို့ မရဘူးပေါ့နော်။ ရှိစုမဲ့စုလေးနဲ့ သူငယ်ချင်း မင်္ဂလာဆောင်မှာ ဝတ်ဖို့ အဖွားကို ပူဆာလွန်းလို့ ဝယ်ရတာရယ်။ ခုက ဘယ်လိုလုပ်မလဲနော့် .....” ဟော .. ငိုမဲ့မဲ့ ရုပ်လေး။ ကျွန်တော်စတာ လွန်သွားပြီနဲ့ တူတယ်ဗျာ။ "ဟိတ် ဟိတ်.. မငိုတော့ မငိုလိုက်ပါနဲ့ အမိရယ်။ အကို လဲပေးလိုက်ပါ့မယ်” "အာ .. ဟီးဟီး တကယ်လား” ကြည့် .. ချက်ချင်း.. မင်းသမီးဆို အကယ်ဒမီတောင်ရလောက်တယ်။ လာပြုစားနေတာ .. ဒီကောင်ကို။ "ဒါပေါ့.. ဒါပေမဲ့ နည်းနည်းတော့ ထပ်စိုက်ရမယ်” "ဟင် .. ဘယ်လောက်ထပ်စိုက်ရမှာလဲဟင်” "နာမည် … နာမည်လေး ပြောပြခဲ့” ဒီချိန်မှာပဲ ကောင်မလေးနဲ့ ကျွန်တော် မျက်လုံးခြင်း စကားပြောမှုတွေ အပြန်အလှန်ဖြစ်ပွားသွားခဲ့တယ်။ ဖိုနဲ့မဗျာ .. ဘာတွေက ဘာကိုဆိုလိုလဲ သိကြတာပေါ့။ "စောလွန်ပါ” "စောလွန်တဲ့လားးး” "ဟုတ် …” "စောလွန်က ဈေးကို အမြဲလာဖြစ်လား” "ဟုတ် .. အဖွားနဲ့တော့ ရံဖန်ရံခါ လိုက်လာဖြစ်ပါတယ်။ နီးလည်း နီးပါတယ်” "အမြဲလိုက်ခဲ့ပါလား” "ရှင် …” "ဟုတ်တယ် .. စောလွန်ကို အကို အမြဲအရှေ့မှာ မြင်နေချင်လို့” ကောင်မလေး ရင်ခုန်သွားတယ်။ စကားလုံးတွေနဲ့ တဆင့်၊ မျက်လုံးတွေနဲ့ တဆင့် ရင်ခုန်တယ်။ အထည်စလေး ပြန်ပေးရင်း လက်လေးတွေထိမိတော့လည်း ရင်ခုန်တယ်။ အကြည့်ချင်း လည်းတောက်လျောက်ချိတ်ဆက်ထားတယ်။ ဒါတွေကပဲ နောက်ပိုင်းမှာ ကျွန်တော်ဈေးရုံကို မြန်မြန်သွက်သွက်လာဖို့ ၊ အချိန်မှန်လာဖို့ တွန်းအားတွေ ဖြစ်နေတော့မှာပါဗျာ။ #yours_niz #BLstories #BL
ခြင်ထောင်လေး မ'ပြီး အိပ်ယာထဲ ဝင်လာတဲ့ ကိုပါ။ ပြီးတော့ ကိုက လှဲချလိုက်တယ်။ "အနားတိုး .. လက်မောင်းပေါ် လာအိပ်” (၂) နှစ်အတွင်း ဒီလိုညတွေ စိတ်ရှိတိုင်း ဖြတ်သန်းခဲ့ပြီးပြီဆိုပေမဲ့ အမြဲရင်ခုန်မြဲ ရင်ခုန်နေရတာ .. အမွန်းပါ။ ကို့ရဲ့ ရေချိုးပြီးခါစ ဆပ်ပြာနံ့လေး၊ ပြီးတော့ ကို့ရဲ့ ကိုယ်သင်းနံံ့ ..၊ လောလောလတ်လတ်ကမှ ဖွာလာတဲ့ ဆေးပေါ့လိပ်နံ့..။ ဒါတွေအားလုံးဟာ မိန်းမောစရာပါ။ ဆေးပေါ့လိပ်ဖွာတဲ့ နှုတ်ခမ်းနဲ့ ကျွန်တော့်ကို လာရှုပ်တော့ .. စိတ်ထင်လို့လား၊ တကယ်ပဲလား မသိပေမဲ့ ခါးသက်သက်အရသာ ရပါတယ်။ အနမ်းလေးပေမဲ့ အသွေးရော၊အသားရော လှုပ်ရှားစေပါတယ်။ ရှက်ရှက်နဲ့ ပြောရရင် အကြောလေးတောင် ကပ်ချင်သွားတယ်ရယ် ရင်ခုန်လွန်းလို့ ..။ လွတ်လပ်လပ် ဖွင့်ထားတဲ့ ပြတင်းပေါက်က တဆင့်လာတဲ့ လရဲ့ အလင်းရောင်အောက်မှာ ကို့ရဲ့ အနမ်းတွေဟာ အသံတွေ ထွက်တဲ့အထိ ..။ ရွာကအိမ်တွေဖြစ်တာမို့ ခြံဝင်းတွေဟာ ကျယ်ပါတယ်။ ကိုက ကျွန်တော် ကျရှုံးရာ နယ်မြေ (၁) ဖြစ်တဲ့ ရင်ဘတ်လေးတွေစီ နယ်ကျွံတော့ ကျွန်တော့်မှာ အသံလေး မထွက်ရအောင် နေနေရင်းနဲ့မှ "အ" ဆိုတဲ့ အသံလေး ထွက်မိသွားပါသေးတယ်။ ကိုကတော့ .. ကိုကတော့ .. ကိုပါပဲ။ ကို့ဆံပင်လေးတွေထဲ လက်လေးတိုးဝင်ပြီး ကိုင်တော့ ကိုက မော့ကြည့်လာပါတယ်။ ပြီးတော့ နှုတ်ခမ်းလေးစီ တဖန်ပြန်ပြီး ကျူးကျော်ပါတယ်။ "ဖောက်” ဒီအသံဟာ ကျွန်တော့်အတွက် စိတ်လှုပ်ရှားမှုနဲ့ အနည်းငယ် ကြောက်လန့်မှုပါးပါးလေးကို ဖြစ်စေပါတယ်။ စတော်ဘယ်ရီအနံ့ .. "အ" .... အာ့”..။ ကိုရဲ့ အသားကျဖို့ ကြိုးစားနေတဲ့ လက်ချောင်းတွေ ..ခဏကြာတော့ ကိုဟာ သူဝတ်ထားတဲ့ ပုဆိုးကို ကွင်းသိုင်းရင်းး ။ ဟုတ်ကဲ့ ရွာက အိမ်တွေဖြစ်တာမို့ ခြံဝင်းတွေဟာ ကျယ်ပါတယ်။ ___ မနက်ခင်းပိုင်း အချိန်ဟာ တအားအေးပါတယ်။ ညက ကို့ရဲ့ ယောကျာ်းပီသမှုတွေ အောက်မှာ တချို့နေရာလေးတွေက သက်သောင့်သက်သာ မဖြစ်သေးပါဘူး။ ထချင်ပေမဲ့ မထနိုင်သေးတာ တစ်ကြောင်း၊ ထဖို့ မထချင်သေးတာက တစ်ကြောင်း ..။ ညက ကို့ရင်ခွင်ထဲ အိပ်ပျော်သွားခဲ့တာလေ..။ သန့်ရှင်းရေး လုပ်ပြီး ခြင်ထောင်ထဲ ပြန်ဝင်လာတဲ့ ကျွန်တော့်ကို ကိုက ရင်ခွင်ထဲ လာအိပ်တဲ့လေ။ ဒါနဲ့ပဲ ခုမနက်ထိ ကို့ရင်ခွင်ထဲမှာ .. မထချင်တော့တာပေါ့။ လက်မောင်းပေါ်က လှုပ်လှုပ်ရှားရှားလေး ဖြစ်လာတဲ့ ကောင်လေးကြောင့် ကျွန်တော်လည်း နိုးလာပါတယ်။ ဘာတွေ သဘောကျနေတာမို့ နိုးနိုးချင်းကို ပြုံးတုံးတုံးလေး ဖြစ်နေတာလဲ မသိဘူး ဒီကောင်လေး။ နိုးပြီဆိုတော့ ထမယ်ထင်တာ .. ကောင်လေးက ကျွန်တော့်လက်မောင်းရင်းထိ ထပ်တိုးပြီး မျက်လုံးလေး မှိတ်သွားသေးတယ်။ ဘာလေးလဲ … မင်းက။ _____ ကို့ အတွက် ကောက်ညှင်းပေါင်းပူပူလေးကို ဒေါ်ပုမစီက ဝယ်ပါတယ်။ ရေနွေးလေးကြိုပြီး ဓာတ်ဘူးထဲ ထည့်ထားပါတယ်။ ကို ကော်ဖီလေးနဲ့ သောက်လို့ရအောင်ပေါ့။ အမွန်းအတွက်တော့ ဆန်ပြုတ်လေးပဲ သောက်ပါ့မယ်။ အမွန်း သက်သောင့်သက်သာ မဖြစ်သေးဘူးလေ။ "ကို .. အမွန်း မနက်စာကို ကောက်ညှင်းပေါင်းလေးနဲ့ ကော်ဖီလေး ပြင်ပေးထားတယ်နော်။ စားပြီးမှ ဈေးရုံကို သွားပါလားဟင်” ဒီနေ့ အိပ်ယာထနောက်ကျတာမို့ .. ကျွန်တော်အလျင်စလို ဈေးဆိုင်ဖွင့်ဖို့ သွားရမှာပါ။ ဒါပေမဲ့ မနက်စာ စားဖို့ ပြောတဲ့ အသံလေး၊ တောင်းဆိုတဲ့ အသံလေးကြောင့်ပဲ စားပွဲဝိုင်းလေးမှာ ထိုင်ရင်း မနက်စာ စားပါတယ်။ ကောင်လေးကတော့ ဆန်ပြုတ်လေး မှုတ်ပြီး သောက်လို့ပေါ့။ ကျွန်တော် ကြည့်နေမှန်းသိတော့ .. "ကို ဆန်ပြုတ်သောက်ချင်ရင် မွန်းကို ပြောလေ .. မွန်း သွားထည့်ပေးမယ်လေ” ဟော … ဒီကောင့်ကို ဆန်ပြုတ်သောက်ချင်လို့ မျှော်ကြည့်နေတဲ့ အာဝုကြီး ထင်နေတာများလား။ တကယ်က သူ့ကို ငေးနေတာ။ မိန်းကလေး တစ်ဦးမဟုတ်တာကလွဲရင် တကယ့်ကို အလှလေး။ အနွံတာခံတာ၊ ရိုကျိုးတာ၊ နူးညံ့အေးချမ်းတာ .. အားလုံးပေါင်းလိုက်တော့ ကောင်လေးက ပြောစရာ မရှိပါ။ ကျောင်းပြီးလို့ အဆောင်ပြန်မယ်ဆိုတော့ မိဘတွေကို အရွဲ့တိုက်ချင်၊ ရွာကိုလည်း မပြန်ချင်။ မပြန်ချင်ဆို ဖွေးက မိဘတွေ သဘောတူတဲ့ ဆန်စက် သူဌေးသားနဲ့ အိမ်ထောင်ကျသွားပြီတဲ့လေ။ ဒီတော့ မွေးရပ်မြေလည်း ဖြစ်၊ အချစ်ဦးရှိရာ နယ်မြေလည်း ဖြစ်၊ အချစ်ဦးကို ဆုံးရာရှုံးရာ နယ်မြေလည်း ဖြစ်တဲ့ ရွာကို မပြန်ချင်တော့တာနဲ့ "အမွန်း .. ငါမင်းနဲ့ လိုက်ခဲ့မယ်" ဆိုပြီး လိုက်လာလိုက်တာ ခုဆို ၂ နှစ် ကျော် ..။ အမွန်းက ကျွန်တော့်ကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံခဲ့တယ်။ အနေအထိုင် ကျုံ့အောင်လို့ အမူအရာနဲ့ ဖြစ်စေ၊ မျက်လုံးတွေက တဆင့်ဖြစ်စေ၊ စကားတွေ ၊ အမေးတွေက တဆင့်ဖြစ်စေ .. တခွန်း တစတောင် ကျွန်တော် လိုက်လာရခြင်းကိစ္စကို မမေးခဲ့။ မနက်ဆို စားဖို့ အဆင်သင့်၊ နေ့လယ်ဆို စားဖို့ အရံသင့်၊ ညဆို တည်ခင်းပြီးသား ..။ (၆) လ လောက်ကြာတော့ အမွန်းက ဘာမှန်း သိနေတဲ့ ကျွန်တော်ကပဲ စပြီး စကားပြောခဲ့တယ်။ "အမွန်း .. ငါ မင်းအိမ်မှာ ဧည့်သည်မလုပ်ချင်တော့ဘူး။ အိမ်ရှင်.. တစ်နည်း မင်းရဲ့ အိမ်ဦးနတ် လုပ်မယ်” ဒီစကားကို ပြောတော့ အမွန်းက သောက်နေလက်စ စတီးရေခွက်လေးတောင် လွတ်ကျတယ်။ ကျွန်တော်က တည့်ပဲလေ..။ အဲ့နေ့ကစပြီး အိမ်မှာ ကျွန်တော်ဟာ အိမ်ထောင်ဦးစီးတစ်ဦး ဖြစ်ခဲ့ပါတယ်။ #yours_niz #BLstories #BL
“ကို .. ပြန်ရောက်ပြီလား။ ပြောပါဦး ဘာတွေများဖြစ်လို့ ဒီလောက်ကြာနေရတာတုန်း .. ကို..” စကားသံအေးအေးလေး၊ အပြစ်တင်တဲ့လေသံလည်း မဟုတ် .. ပြုံးပြုံးလေးနဲ့ ကျွန်တော့်ကို ကြည့်ပြီး ပြောနေပုံလေးက ချစ်စရာ၊ မြတ်နိုးစရာ .. ရင်အေးစေချင်ရာ..မိန်းကလေးဆိုရင်ပေါ့..။ “ဒီနေ့ ကားတအားပိတ်တယ်ကွာ.. ကိုယ်ဖြင့် စိတ်ကို ပျက်ရောပဲ။ ခင်ဗျားလေးမှာလိုက်တဲ့ အထည်အစတွေ ဒီမှာ.. ရော့ ကြည့်ဦး ကြိုက်ရဲ့လား..” ကော်လံအဖြူအထပ်က ထင်းထွက်နေတဲ့ လည်ဇလုပ်က စလို့၊ ချွေးစို့နေတဲ့ အင်္ကျီလေး၊ ဒူးအထပ် မရောက်တရောက် မ'တင်ထားတဲ့ ပုဆိုးနဲ့ ကျွန်တော့်ကို စကားပြောနေတဲ့ပုံဟာ အလိုလိုနေရင်း ရင်ခုန်မိစေတယ်။ အသည်းယားစေတယ်။ …. ကွပ်ပျစ်ပေါ် ထောက်ထားတဲ့ ကို့လက်အပေါ် လက်လေးထပ်တင်ပြီး ကိုင်တော့ ကိုက ကျွန်တော့်ကို ကြည့်တယ်။ ဒါပေမဲ့ ချက်ချင်းပဲ မျက်နှာ ပြန်လွှဲသွားတယ်။ "ကို ပင်ပန်းသွားရပြီပေါ့။ ထ .. ရေအရင်ချိုးလိုက်.. ။ မွန်း ထမင်းဝိုင်းပြင်ပြီး စောင့်နေမယ်။” ကိုက ဒုတိယအကြိမ် မွန်းကို ထပ်ကြည့်တယ်။ ပြီးတော့ ရေချိုးဖို့ ထထွက်သွားပါတယ်။ ___ ကိုကြိုက်တတ်တဲ့ ခရမ်းချဉ်သီးလေးကို ပန်ထွေဖျော်ထားတယ်။ တို့စရာဆိုတာကိုလည်း စုံလို့။ ကြက်ရိုးလေးနဲ့ ဘူးသီးလေးကိုလည်း ရှမ်းနံနံ လုံလုံလောက်လောက် အုပ်ပြီး ကာလသားဟင်း အရည်သောက်လေးတစ်ခွက်။ ငါးကြင်းကို မန်ကျည်းသီးလေးနဲ့ အအီပြေ၊ အညှီပြေလေး သူ့အကြိုက် ချက်ပေးထားသေးတယ်။ ဒီနေ့တော့ ကို ထမင်းမြိန်မယ့်နေ့ရယ်ပါ၊။ ရေချိုးပြီးလို့ အပေါ်ပိုင်း ဗလာနဲ့ ရေစိုပုဆိုးနဲ့ ခေါင်းသုတ်ပြီး ထွက်လာရင်း ထမင်းဝိုင်းကိုမြင်တော့ ကို့မျက်လုံးလေး ဝင်းလက်သွားတာကို ဖယောင်းတိုင်မီးလေးအကြားက မြင်ဖြစ်အောင် မြင်လိုက်သေးတယ် .. အမွန်းတို့က။ ပင်ပန်းရကျိုးနပ်ပြီ .. မောရကျိုးနပ်ပြီ။ ဒါပေါ့ .. ဒီလိုပဲဖြစ်ရမယ်။ ကို က အင်္ကျီတောင်သွားမဝတ်တော့ဘဲ .. ထမင်းစားပွဲဝိုင်းလေးထဲ ထိုင်ပြီး အဆင်သင့်ခူးထားတဲ့ ထမင်းပန်းကန်ကို ကိုင်စားပါတော့တယ်။ "...” "ဟိတ် .. ဟိုဟာလေး စားလေးးး “ "အာ့ ...ဟုတ် ဟုတ်” ကျွန်တော် တချက်တော့ ပြုံးမိသွားတယ်။ ဒီကောင်လေးက တကယ့်ကို ရိုရိုကျိုးကျိုးနဲ့ ကျွန်တော့်ကို ချစ်ရှာတာပါ။ သူသာ မိန်းကလေးအစစ်တစ်ယောက်ဖြစ်မယ်ဆိုရင် ဒီကမ္ဘာမှာ ကျွန်တော့်လိုကောင် ကံကောင်းတယ်လို့ ပြောရမှာ။ ခုတော့ …. အခုလည်း ကြည့် .. ကျွန်တော့်ကို ငေးရင်း ထမင်းစားဖို့ မေ့နေတာတဲ့ ..။ ကောင်မလေးသာဆိုရင် .. အသည်းယားစရာ … ဟူးးးးးးး ဖြစ်မှာဗျ။ "အတူနေတာပဲ (၂) နှစ်ကြာပြီ။ ခုထိ ခိုးကြည့်နေတုန်းပဲလား မင်းက” "အာ .. ကိုကလည်းဗျာ” "ဟဟ … “ ထမင်းဝိုင်းလေးဟာ ခုမှ ရယ်သံစစနဲ့ စိုပြေလာသလို ၊ ကျွန်တော့်အတွက် နွင်ထားတဲ့ ငါးတုံးလေး တဖတ် ပန်းကန်လေးထဲ ရောက်လာတယ်။ ချစ်ဖို့ ကောင်းပါတယ်ကွာ မင်းက ....။ ___ ပန်းကန်တွေဆေးပြီး ထွက်လာတော့ ကိုက အိမ်ပေါက်ဝကို ငေးပြီး ဆေးလိပ်သောက်နေတယ်။ ကို ..ရှိနေတယ်ဆိုတဲ့ အသိလေးဟာ လုံခြုံလိုက်တာ ..။ အမွန်းဘဝမှာ ဆန္ဒတွေ၊ ဆုတောင်းတွေ နည်းပါတယ်။ ဒါပေမဲ့ ကို့ကို အမွန်းအနား ရှိနေဖို့ကိုတော့ တစိုက်မတ်မတ်ဆုတောင်းပါရဲ့ .. ပြည့်ချင်စမ်းပါဘိရဲ့ ..။ အယ် ဆုတောင်းဆိုလို့ မေ့နေတာ .. ဘုရားရှိခိုးရဦးမယ်။ ကိုရယ် .. အမွန်းကလေ ကိုရှိနေရင် ကို့နားမှာပဲ နေပြီး ကို့ကို ငေးကြည့်နေတာပဲ ဖြစ်ဖြစ်၊ စကားတွေ ပြောရတာပဲ ဖြစ်ဖြစ် လုပ်နေချင်တော့တယ်။ ဒီလိုညပေါ့ .. အခုလို ကောင်းကင်ကြီးမှာ လက ထိန်ထိန်သာပြီး ကြယ်တွေ တဖြတ်ဖြတ်လတ်နေတဲ့ ဒီနေ့လို ညမျိုးပေါ့။ ကျွန်တော် သူ့ကို အဖြေတောင်းခဲ့တာ။ သူ့ရဲ့ အဖြေကို ရခဲ့တာ။ သူ့ အိမ်က သဘောမတူဘူးလေ။ သူတို့ သမီးနဲ့ ကျွန်တော့်ကို အနုနည်းတမျိုး၊ အကြမ်းနည်းတမျိုး ခွဲကြတာ။ ဒါပေမဲ့ သိတယ်မလား .. ယောကျာ်းလေဗျာ။ မဖြစ်ဖြစ်အောင် ဖွေးကို လိုက်ခဲ့တယ်။ ဖွေးကို ပိုးတယ်။ ဖွေးစီက အခုဆို အဖြေတောင်ရပြီဗျာ။ "ချစ်တယ်"လို့ ပြောပြီး ခေါင်းလေးငုံ့ပြီး ရှက်နေတဲ့ ကိုယ်တကယ်ချစ်ရတဲ့ ကောင်မလေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ရချိန်ဗျာ .. တောက်ခ် ! ဘုရားရှိခိုးသံ တိုးတိုးလေး ကျွန်တော် တောက်ခ်လိုက်လို့ ခဏရပ်သွားတယ်။ ခဏကြာတော့ ပုံမှန်ထပ် တိုးတဲ့၊ မဟုတ်ဘူး ကြားတောင် မကြားရတဲ့ လေသံလေးနဲ့ ဘုရားဆက်ရှိခိုးတယ်။ ဆက်ရရင် .. ရင်ခွင်ထဲ ဆွဲသွင်းထားတဲ့ ကောင်မလေးကို ခပ်ရဲရဲလေးကြည့်ပြီး နှုတ်ခမ်းလေးကိုငုံ့နမ်းတော့ မျက်လုံးလေးမှိတ်လို့။ ယောကျာ်းလေဗျာ .. ဒီလို အထိတွေ၊ အတွေ့တွေက ဘာတွေ ဖြစ်စေလဲ ခင်ဗျားတို့ သိမှာပါ။ --- "ကို ....ဘုရားရှိခိုးလို့ ပြီးသွားပြီ” " အော် .. အင်းအင်း အိပ်ယာခင်းတော့လေ။ ကိုယ်ခဏနေ လာခဲ့မယ်” "ဟုတ် ..” "ဒါနဲ့ ပစ္စည်းတွေ ရှိသေးတယ်မလား” သူသိတာပေါ့။ ကျွန်တော်ဘာကိုဆိုလိုချင်လဲဆိုတာ ...။ ဖွေးကို တွေးရင်း ဖြစ်ပေါ်လာတဲ့ ယောက်ျားစိတ်ကို ဖြေဖျောက်ဖို့ လိုပြီလေဗျာ။ #yous_niz #BLstories #BL
အကိုက ကျွန်တော့်ရဲ့ အချစ်ဘာသာစကားကို နားလည်ဖို့ ခက်ခဲပုံပါ။ ဒါမှမဟုတ် နားလည်နိုင်ပေမဲ့ ယူဆောင်ဖို့ မစဥ်းစားတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ အမျိုးသမီးတယောက်ရဲ့အတွေ့အထိတွေကို ကျွန်တော့်လို ယောကျာ်းလေးတစ်ယောက်အနေနဲ့ ဘယ်လိုလုပ် စွမ်းနိုင်မှာပါလဲ။ မေတ္တာဆိုတာ မလိုချင်တဲ့သူကိုပေးရင် စိတ်အနှောက်အယှက်ဖြစ်စေတယ်မလား။ ဒါကြောင့် ကျွန်တော့်ရဲ့ မေတ္တာတွေကို ကျွန်တော်ကပဲ လုံခြုံစွာ သိမ်းပါ့မယ်။ ပဝါမကူ၊ရေမရှုစတမ်း ကျွန်တော်သာ ရင်ကွဲခံပါ့မယ်။ #yous_niz #BL
အခုဆို Niz ရဲ့ အမေ၊အဖေဟာ Niz ရဲ့ ဂရုစိုက်မှုတွေ၊ စိုးရိမ်မှုတွေအောက်မှာ ရောက်ရှိလာခဲ့ပါပြီ။ ငယ်ငယ်က မေမေ သတိပေးနေကြဖြစ်တဲ့ "အစပ်တွေ တအားမစားနဲ့၊ အချိုတွေ တအားမစားနဲ့၊ အရမ်းပြေးလွှားမဆော့နဲ့လေ၊ ရေကို သွက်သွက်နဲ့ မြန်မြန်ချိုး ၊ နေပူထဲလျှောက်မသွားနဲ့လေ" .. စတဲ့ စကားသံတွေအစား အခုတော့ "မေမေ ရေမြန်မြန်ချိုး၊ ခေါင်းလျှော်ပြီးရင် ရေသေချာပြောင်အောင်သုတ်၊ အချိုတွေ တအားမစားနဲ့ ၊ ဆေးသောက်ထားလား ၊ ဒါမလုပ်နဲ့လေ .. မတည့်ဘူး၊ ဒါမစားနဲ့လေ .. အဆင်မပြေဘူး" စသဖြင့်ပေါ့။ အဖေကိုလည်း ထိုနည်းလည်းကောင်း သတိပေး၊ ပြန်လည်စောင့်ရှောက်လာရတဲ့ အရွယ်လေး ရောက်ပါပြီ။ စစ်မှုထမ်းကိစ္စဘာညာအသံတွေရှိတာတောင် Niz မြန်မာနိုင်ငံမှာ ပေကပ်နေရခြင်း အကြောင်းကတော့ ရှင်းပါတယ်။ အိမ်က အဖေ နဲ့ အမေကို စိတ်မချလို့ပါ။ ဒီအသက်ဒီအရွယ်ထိ လူလားမြောက်အောင် ကျွေးမွေးထားရတဲ့ အမေနဲ့ အဖေကို ပြန်လည် မပြုစု၊မစောင့်ရှောက်၊မကူညီပေးရဘဲ အဝေးရောက်နေရမှာမျိုးက Niz အတွက် အဆင်မပြေပါဘူး။ တတ်နိုင်သလောက်လေး ခိုကပ်ပြီး အမေ၊အဖေရှိတဲ့ အိမ်လေးမှာ နေနေဦးမှာပါ။ သတိတအားမေ့ပြီး မုန့်ပဲသရေစာ တအားမက်တဲ့ အမေ့ကို အလိုလိုက်ရင်း၊ ဂရုစိုက်ရင်း .. အိမ်အပြန်နောက်ကျလေ့ရှိတဲ့ အဖေ့ကို အလိုလိုက်ရင်း၊ ဂရုစိုက်ရင်း၊ အပူတချို့ကို ကူဖြေရှင်းပေးရင်း နီးနီးကပ်ကပ်ရှိနေချင်တာ Niz ရဲ့ ဆန္ဒပါ။ အိုမင်းပြီး မစွမ်းနိုင်၊မသန်နိုင်တော့တဲ့အချိန်မျိုးမှာ မိဘတွေကို နောက်ဆုံးအချိန်အထိ အလုံခြုံဆုံး ဖြစ်နေအောင်၊ အားတစ်အား အဖြစ် ရှိနေစေဖို့ Niz ကြိုးစားမှာပါ။ ကိုယ့်ဖို့ကိုယ်ကြည့်ပြီး အထူးလည်ပတ်နေတဲ့ လောကကြီးမှာ အမေနဲ့အဖေကို သူစိမ်းတွေကြားထဲ ကိုယ့်လက်ကိုယ့်ခြေနဲ့ စောင့်ရှောက်ပြီး နေဖို့ရာ မမှာထားရက်နိုင်ပါဘူး။ စိတ်လည်းမချပါဘူး။ ထမ်းနိုင်တဲ့ ဝန်တွေထမ်းရင်း၊ အမေနဲ့ အဖေရဲ့ အတိုင်ပင်ခံလေး၊ အားကိုးခံလေး ဖြစ်ပြီး သေနတ်ကြောင့် မျက်လုံးမှိတ်ရမယ်ဆိုလည်း Niz ဟာ အမိမြေမှာပဲ နောင်တကင်းကင်း မှိတ်လိုပါတယ်။ အကောင်းဆုံးတွေကိုပဲ လူတွေကိုပေးခဲ့ဖူးပါတယ်။ အစစ်အမှန်တွေကိုပဲ ပေးခဲ့ဖူးပါတယ်။ ဒါကြောင့် ဘယ်လို အခြေအနေလေးမှာပဲ ဖြစ်ဖြစ် လိပ်ပြာလုံပါတယ်။ ယူတို့ရဲ့ Niz ဟာ တိတ်တဆိတ်လေးနဲ့ တဖက်တလမ်းကနေ ရင့်ကျက်လာခဲ့ပါပြီ။ ဟုတ်တယ်မလား ...။ Yours Niz 🤍 #yours_niz
အရပ်သုံးစကား မလှပချင်နေမယ် .. အမြတ်နိုးဆုံးပါပဲကွယ် ..... 🍂✨ #yours_niz
မိုးရာသီထဲ ..☔ (ဇာတ်သိမ်း) ---- ကော်ဖီအေးဆိုင်လေးအရောက်၊ စက်ဘီးလေးပေါ်က အဆင်း ကျွန်တော်ပထမဦးဆုံး လုပ်ဖြစ်တာက အကို့မျက်နှာလေးကို ကြည့်တာပါ။ စက်ဘီးနင်းရင်း ငိုကြွေးခဲ့လား၊ မျက်ရည်ကျခဲ့တာလား မသိပေမဲ့ အကို့မျက်လုံးတွေ နီစွေးနေတာ တွေ့ရသလို၊ မျက်ဖျားမျက်နားလေးတွေမှာလည်း စိုစွတ်လို့နေပါသေးတယ်။ ခံစားချက်တွေက ကူးလူးလွဲတယ်ဆိုတာ အမှန်နော်။ "အမယ် .. ငိုမဲ့မဲ့နဲ့ ဘာဖြစ် ။ အကို့ကို ပြော .."။ ကိုယ်တိုင်တောင် မသိလိုက်ဘဲ အကို့ကိုကြည့်ရင်း ငိုမဲ့မဲ့ဖြစ်မိသွားပုံပါပဲ။ "အကို ငိုထားတာလား"ဆိုတော့ .. အကိုက မငြင်းပါဘူး။ " အဲ့ဒါနဲ့ပဲ အလွန်းက လိုက်ငိုမလို့လား ကဲ ပြော Haha" ကလေးလေးကျနေတာပဲ။ "ငိုနဲ့နော် အာပြဲကြီး ငိုရင် အကိုက ကလေး မချော့တတ်ဘူး လူကြီးလိုပဲ ချော့တတ်တာ"။ "ဘယ်လိုလဲ" လို့ ပြန်မေးတော့ ... အကိုက ရယ်ပြီး "လာပါ ကော်ဖီအေး သောက်ရအောင်ပါ"တဲ့။ လူကြီးတွေက ဘယ်လိုချော့ကြတာပါလိမ့် ..။ ချိုချိုခါးခါးလေးဖြစ်တဲ့ ကော်ဖီအေးက စောစောတုန်းက စိတ်ခံစားချက်တွေကို မေ့မေ့ပျောက်ပျောက်ဖြစ်စေပါတယ်။ အကိုက ကျွန်တော့်ကိုစရတာ ပျော်နေပုံပါ။ ကော်ဖီသောက်တာကို ကလေးလေးနို့ဗူးရသလိုပဲ။ ဘဲနှုတ်သီးလေးနဲ့ တူတယ် အဲ့လိုသောက်ရင်။ ဟိတ်ဟိတ် စိတ်မကောက်နဲ့နော် .. စိတ်ကောက်လို့ အပြန်တင်နင်းဖို့ အကိုအားမရှိရင် အလွန်း အကိုနဲ့ တူတူ အဝေးကြီး လမ်းလျှောက်ရမှာ .. စသဖြင့်။ ရခိုင်မုန့်တီတွေသောက်၊ ကော်ဖီအေးတွေသောက်နဲ့ ဗိုက်လေးလာတာမို့ အကိုနဲ့အတူ အပြန်လမ်းကို လမ်းလျှောက်ပြန်ပါတယ်။ ပုဇဥ်းအော်သံတွေ၊ ဖားတွေရဲ့ မိုးခေါ်သံတွေ၊ ကျွတ်ကျွတ်လို့ အော်တဲ့ ဘယ်အကောင်က အော်မှန်းမသိတဲ့ အသံတွေနဲ့ အပြန်လမ်းဟာ တိတ်ဆိတ်နေပါတယ်။ မေ့လို့ .. နေဝင်ချိန်လေးကို အကိုနဲ့ အုတ်ခုံလေးပေါ် ထိုင်ပြီး ကြည့်ခဲ့ပါသေးတယ်။ အပြန်မှာတော့ အတော်လေးမှောင်ပါတယ်။ ဒါ့အပြင် မီးပြတ်နေတာမို့ လမ်းဘေးမီးတိုင်ရဲ့ အလင်းရောင်လည်း မရပါဘူး။ အကို့ရဲ့ စက်ဘီးရှေ့က မီးလေးနဲ့ပဲ လမ်းလျှောက်ရတာပါ။ တနေရာ၊ လမ်းတစ်လမ်း အစရောက်တော့ အကိုက စက်ဘီးရှေ့မီးကို ပိတ်လိုက်ပါတယ်။ "အကို ဘာလို့ ပိတ်လိုက်တာလဲ မမြင်ရတော့ဘူးရယ်"လို့ ပြောတော့ .."ဒါ ချစ်သူလမ်းကြားလို့ ခေါ်တယ်။ အတွဲလေးတွေ ရှိတယ်။ မီးထိုးလိုက်ရင် သူတို့ကို နှောက်ယှက်သလို ဖြစ်မယ်"တဲ့။ အကို့မီးလေး ပိတ်လိုက်တော့လည်း သိပ်မမှောင်ပါဘူး။ ကောင်းကင်က အလင်းရောင် ခပ်ဖျော့ဖျော့လေးက လူငယ်မျက်လုံးနှစ်စုံအတွက် အဆင်ပြေပါတယ်။ ဒါပေမဲ့ နည်းနည်းကြောက်လို့ အကို့နားပိုကပ်ဖြစ်တော့ "ကြောက်လို့လား" ..ဆိုတဲ့ အမေးကို "နည်းနည်းး ကြောက်"လို့ ဖြေတော့ အကိုရယ်သံ သဲ့သဲ့လေး ကြားလိုက်ရပါတယ်။ ပြီးတော့ ကျွန်တော့်လက်ဖဝါးတွေကြား အကို့လက်တဖက် ရောက်လာပါတယ်။ အခု... "လုံခြုံသွားပါပြီ"။ ဘေးဘီဝဲရာမှာ အတွဲလေးတွေကို တွေ့ရပါတယ်။ တချို့က ဖက်ထားတယ်။ တချို့က စကားတိုးတိုးပြောနေတယ်။ နည်းနည်းလေး နားစွင့်ပြီး စပ်စုကြည့်ပါသေးတယ်။ ထူးဆန်းတယ် .. တကယ့်ကို သဲ့သဲ့လေးတောင် မကြားရဘူး။ တချို့ကတော့ နမ်းနေတယ် အတော်လေး နက်နက်ရှိုင်းရှိုင်းပေါ့။ ဆယ်ကျော်သက်လေး ကျွန်တော့်အတွက် ဒီလမ်းကြားက မျက်မြင်မြင်ကွင်းတွေက တကယ့်ကို ရင်ဖိုချင်စရာပါ။ "ဟိတ် ..ဟိုကောင်လေး အဲ့လောက်ထိသွားမကြည့်နဲ့လေ" အကို့ရဲ့ သတိပေးသံ။ ဟဲဟဲ အတော်လေး နက်နက်ရှိုင်းရှိုင်းနမ်းနေတဲ့ အတွဲကို ကျွန်တော် သေချာလေး ကြည့်မိတာကိုး အကိုသတိထားမိသွားရုံပါ။ "ဟီးဟီး" လို့ ရယ်ပြတော့ "နှာဘူးလေး"တဲ့။ ဝွန် ... 🙄🎀 အကို့လက်တွေ နွေးနေတယ်။ ချွေးလေးတွေတောင် ထွက်နေတယ်လို့ ခံစားမိတယ်။ "အကို .. ကိုယ်ပူနေတာလား"လို့ မေးတော့ "မဟုတ်ဘူး"လို့ ဖြေပါတယ်။ "ရာသီဥတုက အေးပါတယ်။ ဒါပေမဲ့ အကိုအပူချိန်က .."။ အကိုက လမ်းဘေးထောင့်လေးမှာ စက်ဘီးဒေါက်ထောက်လိုက်ပါတယ်။ "အလွန်း .. အလွန်းကို လူကြီးတွေ ချော့တဲ့နည်း သင်ပေးမယ်" ...။ စိုစွတ်ပြီး နွေးအိနေတဲ့ အကို့နှုတ်ခမ်း ..။ ကျွန်တော့်နားရွက်လေးနှစ်ဖက်အပေါ်က လက်အုပ်ပြီး အကိုရဲ့ နှုတ်ခမ်းသားတွေက ဘေးစောင့်တလှည့် အတည့်တလှည့် လှုပ်ရှားပါတယ်။ ကျွန်တော့် ခါးလေးကို ဆွဲပြီး ပိုနီးကပ်စေသလို အကို့ရဲ့လျှာစလေးဟာလည်း ကျွန်တော့်သွားတွေရဲ့ အနောက်ထိ တစတစ တိုးဝင်လာပါတယ်။ တစ်မိနစ်၊ စက္ကန့် ၆၀ ..ဝန်းကျင်စာလောက်မှာ အကိုက အနမ်းတွေကို ဖြတ်ချလိုက်ပါတယ်။ ကျွန်တော်ကတော့ ... "ရှက်နေတယ်၊ ထူပူနေတယ် တကိုယ်လုံး နွေးထူနေသလိုပဲ"။ ခေါင်းလေးလည်းငုံ့နေတဲ့ ကျွန်တော့်ကို အကိုက "အဟဟ .."ဆိုတဲ့ ရယ်သံလေးနဲ့ ကျွန်တော့်ကို သူ့ရင်ခွင်ထဲ သွင်းလိုက်ပါတယ်။ ကျွန်တော်လည်း နှာဘူးလေးနေမှာပါဗျာ .. အကို့ရင်ခွင်ထဲ မျက်နှာလေးမီရင်း အကို့ကိုယ်သင်းနံ့ကို တိတ်တိတ်လေးခိုးပြီး အနီးကပ်ဆုံး ခံယူရင်း ပြုံးနေခဲ့တာပါ။ အဲ့နေ့က အကို Guide မသင်ဘူး။ စာမသင်ဘူး ပြောတယ်လေ ... မှတ်မိတယ်မလား။ ဒါပေမဲ့ အကိုသင်ပေးခဲ့တယ်လို့ ယူဆလို့ ရပါတယ်။ ကျွန်တော်ကလည်း ကျောင်းစာတွေထက် အဲ့သင်ခန်းစာကို ပိုသဘောကျပါတယ် ..ဟဲဟဲ။ အကို သင်ပေးခဲ့တဲ့ ဘာသာရပ်ကို သိတဲ့သူများရှိရင် ပြောပြခဲ့ကြပါဦး ..။ 🙄🎀 #yours_niz #BLstories
Upload one YouTube video and auto-generate multiple TikToks, Reels, and Shorts in minutes.
မိုးရာသီထဲ ...☔ (အပိုင်း-၂) "ဆေးလိမ်းပေးပါ.. အလွန်းဆေးလိမ်းပေးရင် ဒဏ်ရာတွေက မြန်မြန်သက်သာတယ်" ..။ _____ အကို ဒီစကားကို ဘယ်လိုရည်ရွယ်ချက်ရယ်နဲ့ ပြောမှန်းမသိပေမဲ့ ကျွန်တော်ရင်ထဲ သိမ့်ခနဲ ဖြစ်သွားတာတော့ အမှန်ပါ။ ဝမ်းနည်းရမှာလား.. ဒါမှမဟုတ် ဘယ်လို ခံစားရမှာလဲ။ ဆေးလိမ်းပေးနေတဲ့ ကျွန်တော့်ကို အကိုက သေချာလေး ကြည့်နေတာပါ။ နူးနူးညံ့ညံ့လေး..။ "ရှက်နေတာလား" ..။ ကျွန်တော်ဘယ်လိုဖြေရမလဲ။ အခုလို ဂယောက်ဂယက်ဖြစ်နေတဲ့ပုံကို အကိုက သဘောကျတယ် ထင်ပါတယ်။ ကျွန်တော့်ခေါင်းပေါ်က ဆံပင်တွေကို ဖွတယ် .. ရယ်ရင်းပေါ့။ ပြီးတော့ “ဒီနေ့ စကားပဲ ပြောရအောင်လေ .. တရက်တလေ အနားယူကြတာပေါ့” လို့ အကိုက ပြောပါတယ်။ သာမာန်ချိန်ဆို ဒီစကားက အပျော်ဆုံးစကား ဖြစ်လောက်ပေမဲ့ အခုလို အနေခက်နေတဲ့ အချိန်မှာတော့ ကျွန်တော်ကြောက်တဲ့ သင်္ချာပဲ ပြေးတွက်ချင်ပါတယ်။ အီကွေးရှင်းတွေ၊ သီအိုရီတွေပဲ တွက်လိုက်၊ကျက်လိုက်ချင်ပါတယ်။ အကို့ကို ကျွန်တော်က ဘာစကားတွေ ပြောရမှာလဲ..။ “အလွန်းရော … ရည်းစားမရှိဘူးလား"။ ကဲကြည့် ကိုယ့်ကို Guide သင်တဲ့ ဆရာကို ဒီမေးခွန်း ဘယ်လိုဖြေရမလဲ။ တိတ်နေတဲ့ ကျွန်တော့်ကိုကြည့်ပြီး အကိုက ရယ်ပါတယ်။ "ဒါဆို ရှိတယ်ပေါ့” ....။ အကိုက သူ့ဟာသူမေးပြီး သူ့ဟာသူ ဖြေသွားတာပါပဲ။ "ကောင်လေးလား" ..။ ဒီလို အခြေအနေကြီးက ရုန်းထွက်ဖို့ နည်းလမ်းက ဘာဖြစ်မလဲ။ "အကို သင်္ချာပဲ တွက်ရအောင်လေ" ဆိုတော့ အကိုက ဟက်ပက်ပက်ရယ်ပါတယ်။ တကယ်ကို စိတ်လွတ်လက်လွတ် သဘောတကျရယ်တာမျိုးပါ။ ခေါင်းတခါခါနဲ့ "ကဲကဲ မမေးတော့ဘူး .. ဟုတ်ပြီလား" ဆိုတော့မှ ကျွန်တော် သက်ပြင်းချနိုင်ပါတယ်။ အဲ့ဒါဆို လွယ်တာလေး တစ်ခုမေးမယ်.. အလွန်း ကိုယ့်ကို အမှန်အတိုင်းတွေပဲ ဖြေ" ..။ လာပြန်ပြီ ..။ "အကို့ကို ဘယ်လို မြင်လဲ" ..။ "အလွန်းလို့ … ဖြေလေ အကို့ကို ဘယ်လို မြင်လဲ" ..။ ဒီဘဲ လာစားနေပြီ။ စာသင်ချိန်ဆို unseen တွေ မေးလို့ ခေါင်းခြောက်ရပါတယ်ဆို ဒီနေ့လည်း unexpected တွေ လာမေးနေပြီ။ ဒါပေမဲ့ သေချာလေး ဖြစ်ညှစ်စဉ်းစားလိုက်တော့ .. "အကိုက ကြည့်လို့ကောင်းတယ်။ စကားပြောတဲ့အချိန်၊ စာရှင်းပြတဲ့အချိန်၊ စာနားထောင်ပေးနေတဲ့အချိန်တွေမှာ အကိုက တဖက်လူနဲ့ မျက်လုံးချင်းဆုံတတ်တယ်လေ (ခေါင်းငြိမ့်လျက်)။ သိပ်ဆွဲဆောင်မှု ရှိတာ သိလား။ ပြီးတော့ အကို့ ကိုယ်သင်းနံ့ .. အကိုက ရေမွှေးမသုံးပေမဲ့ အကို့စီက ဘယ်လိုပြောရမလဲ ယောက်ျားလေး လူပျိုတစ်ယောက်ရဲ့ ကိုယ်သင်းနံ့လို့ ဆိုရမလား မပြောတတ်ပေမဲ့ အတော်လေးသဘောကျစရာကောင်းတဲ့ အနံ့မျိုးရတယ်။ အကိုစကားပြောတဲ့ အကြောင်းအရာတွေကနေ အကို့ရဲ့ စိတ်သဘောထားကိုလည်း ခံစားမိတယ်။ အကိုက အရမ်းနားထောင်ပေးချင်တာ၊ ပြီးတော့ အကိုက အရမ်းစာနာတတ်တယ်၊ သနားတတ်တယ်။ ပြီးတော့ တိတ်တိတ်လေး ဂရုစိုက်ပေးတတ်တာတွေလည်း သိတယ်။ အကိုက မချော့တတ်ဘူး .. တခါက ကျောင်းသူလေးတစ်ယောက် စာမရတော့ အကိုရိုက်တယ်လေ။ အဲ့ဒါပြီးတော့ နောက်တစ်နေ့ အကို သူ့ကို ပြန်ချော့နေတဲ့ ပုံစံက ရယ်ချင်စရာကြီး ..ဟီးဟီး။ အကိုစက်ဘီးနင်းရင် တခါတလေတွေးမိတယ်။ အကို့နောက်က လိုက်စီးရတဲ့သူ ဖြစ်ချင်တယ်ဆိုပြီး ဟီးဟီး ..။” "ဟာ .. ဘာလို့လဲ" "မသိဘူးလေ .. ဒီတိုင်းပဲ လိုက်စီးချင်တာ .. ဟီးဟီး” "ကဲ ဆက်ပြောပါဦး …” "အကို့နှုတ်ခမ်းမွှေးရေးရေးလေးတွေ၊ စကားပြောရင် အပေါ်အောက်လှုပ်ရှားသွားတဲ့ အကို့ရဲ့ လည်စေ့ ..” "ဘာ လစေ့" .. အလွန်း ခုနက အကိုရေချိုးတော့ ချောင်းကြည့်လိုက်တယ်ထင်တယ်” "ဟာ ..... “ အကိုက တဟားဟားနဲ့ သဘောကျနေတာပါ။ တကယ် တကယ်.. အကို့ကို ခုလိုတွေစတတ်မှန်း မသိခဲ့ပါဘူး။ ပြီးတော့ အကိုက ဒီနေ့ကျမှ တအားတွေ ဟက်ဟက်ပက်ပက် ရယ်မောနေတာပါ။ "ဟားဟား ဆက်ပြောပါဦး” "တော်ပြီ .. မပြောတော့ဘူး..” "ဟားဟား အလွန်း စိတ်မကောက်ရဘူးလေ … ဒီလို လုပ် အကို့စက်ဘီးနောက်က လိုက်ခဲ့၊ အကိိုတို့ ရပ်ကွက်အကျော်လေးက ရခိုင်မုန့်တီဆိုင်မှာ မုန့်တီဝယ်တိုက်မယ်… ရပြီလား” "ဟွန့် .. ကော်ဖီအေးရော တိုက်” ဘယ်လိုပဲနေနေ အကို့စီမှာ အခုလို အပြုံးလေးတွေ ပြန်ရောက်လာတာ ကောင်းလိုက်တာ။ "ဆက်ပြောရရင်.. အကို့စီမှာ တခါတလေ အားငယ်တဲ့ ပုံစံလေးတွေ တွေ့တယ်။ အဲ့လို မဖြစ်စေချင်ဘူးရော် ..။ အကိုက တကယ့်ကို တော်တဲ့ ယောကျာ်းတစ်ယောက်၊သားလိမ္မာကောင်းတစ်ယောက် ..ပြီးတော့ ဆရာတစ်ယောက်လေ။ အကိုက တော်ပါတယ်။” အကိုက ကျွန်တော့်ကို ကြည့်နေတယ်။ သူ့အပေါ် အတော်လေး နားလည်နိုင်သွားတဲ့ ကျွန်တော့်ကို အံ့ဩလို့ နေပါမယ်။ အဲ့နေ့က ကျွန်တော့်ရဲ့ ဆန္ဒလေးက မရည်ရွယ်ဘဲ နေ့ချင်းညချင်း ပြည့်ခဲ့ပါတယ်။ အကို့စက်ဘီးနောက်က စီးရတာပေါ့။ အကို့ရဲ့ ကိုယ်သင်းနံ့ရယ်၊ အကိုနင်းတဲ့ စက်ဘီးရယ်.. ပြီးတော့ အကို ငြီးနေတဲ့ ရေမွန်ရဲ့ "ဆုလာဘ်" သီချင်းသံ တိုးတိုးလေးရယ် ...။ အကို့အသံက အက်ကွဲနေတယ်။ အကိုဗျာ ....။ #yours_niz #blstories
အကိုက နွမ်းပါးပါတယ်။ ကျန်းမာရေးမကောင်းတဲ့ မိခင်ရယ်၊အကိုရယ်။ ဒီတော့ တစ်ဦးတည်းသောသားဟာ တအိုးတအိမ်လုံးရဲ့ တာဝန်ကိုယူရတာပေါ့။ အကိုက ပညာရေးပိုင်းမှာ ထူးချွန်တယ်။ ၁၀ တန်းကို (၃)ဘာသာ ဂုဏ်ထူးနဲ့ အောင်ခဲ့ပြီး ဥပဒေတက်နေတာပေါ့။ ကျောင်းစားရိတ်နဲ့ အိမ်စားရိတ်ကာမိဖို့ အကိုက ကျူရှင်သင်တယ်၊ Guide ပြတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်နဲ့ စတွေ့ခဲ့ပါတယ်။ အကိုက အမြဲ ပုဆိုးလေးနဲ့။ အင်္ကျီလက်ရှည် မဟုတ်ရင် လက်တိုလေးနဲ့ ။ သန့်ပြန့်နေတာပဲ အတော်လေး ကြည့်လို့ကောင်းတယ်ပေါ့။ ပြီးတော့ စက်ဘီးလေးနဲ့။ အကိုက ကျွန်တော့်ကို Guide ပြတယ်။ သောကြာဆို ည (၇)နာရီကနေ (၈)ခွဲအထိ၊ စနေ နဲ့ တနင်္ဂနွေဆိုရင်တော့ ညနေ (၅)နာရီကနေ ည (၈)လောက်အထိ သင်တယ်။ အကို့မှာ အစက ကောင်မလေးရှိတယ်။ ဖုန်း wallpaper မှာ အမြဲတွေ့ရတယ်။ ကျွန်တော်တို့ရဲ့ စာသင်နှစ် နှစ်ဝက်လောက်ရောက်တော့ အကိုနဲ့ အကို့ကောင်မလေး အတော်လေး အဆင်မပြေဖြစ်တယ်လို့ ခံစားမိတယ်။ အကို မျက်နှာမကောင်းဘူး.. မကြာခဏဆိုသလို ခွင့်ယူတယ်။ အစားထိုးရက်တော့ ပြန်သင်ပေးတာပေါ့။ တခါတလေဆို အကို့ လက်အဆစ်တွေမှာ ပွန်းပဲ့ရာ ..သိတယ်မလား။ တစ်ခုခုကို ထိုးထားလို့ ဖြစ်တာမျိုးလေ။ အဲ့လို အခါမျိုးဆို မနေတတ်တဲ့ ကျွန်တော်ကပဲ ဆေးထည့်ပေး၊ ပလာစတာ ကပ်ပေးဘာညာ လုပ်တယ်ပေါ့။ မိုးတွေရွာနေတဲ့နေ့ ...။ အိမ်မှာလည်း ဘယ်သူမှမရှိဘူး။ တစ်မိသားစုလုံး ကျိုင်းတုံက အဒေါ်နဲ့ ဦးလေး ရောက်လာလို့ သွားကြို၊သွားပို့၊အပြင်မှာ မုန့်လိုက်ကျွေးဖို့ သွားကြတာ။ ကျွန်တော်ကတော့ အကိုနဲ့စာသင်ချိန်လည်း ရှိတော့ အိမ်စောင့်ရင်း နေခဲ့ရတာပေါ့။ အကိုရောက်လာတယ်။ မိုးတွေ ရွှဲစိုလို့ ..။ မျက်နှာလည်း မကောင်းဘူး။ ပြီးတော့ ကျွန်တော်နဲ့ မတွေ့ရတဲ့ တပတ်လုံး ဘာတွေ ဖြစ်ခဲ့လဲ မသိပေမဲ့ အကို့နှုတ်ခမ်းထောင့်မှာ ညိုမည်းရာလေးတစ်ခု၊ လက်တွေမှာတော့ လက်အဆစ်တိုင်း ညိုမည်းနေရော..။ အကို့ကို တံခါးဖွင့်ပေးရင်း တွေ့ရတဲ့ အကို့ပုံရိပ်ကြောင့် ကျွန်တော် အတော်လေး စိတ်ပူမိတယ်။ မိုးရေတွေ ရွဲလာတဲ့ အကိုက အိမ်ထဲဝင်ဖို့ အားနာနေတယ်။ ဖျားမှာဆိုးလို့ အမြန်ဝင်ပါ .. ရေနွေးလေးနဲ့ တစ်ခေါက် ရေပြန်ချိုးပြီး ကျွန်တော့်အဝတ်အစား ဝတ်လိုက်လေ…လာ အထဲ မြန်မြန်ဝင်ပါဆို ..။ အကိုက ပြုံးတယ်။ တချက်..ကျွန်တော်ရင်ခုန်သွားတယ်။ မတူဘူး အကိုအခုပြုံးတဲ့ အပြုံးက သာမာန်အပြုံးတွေနဲ့ မတူဘူး။ တစ်ခုခုကို သဘောကျလို့၊ အသည်းယားလို့ ယောကျာ်းဆန်ဆန် အူယားလို့ ပြုံးတဲ့ အပြုံးမျိုး။ ဒါပေမဲ့ သိတဲ့အတိုင်း ကျွန်တော့်မှာ ကျောင်းကတစ်ယောက်လည်း ရှိတယ်လေ။ ဒီတော့ သိပ်တော့ ထွေ"ထူး" မတွေးမိပါဘူး။ ဒါပေမဲ့ အကိုက မိုက်တယ်လို့ တွေးမိတယ်။ အကိုရေချိုးနေချိန် ကော်ဖီပူ"လေးကို စက်နဲ့ သေချာဖျော်၊ ပေါင်မုန့်မီးကင်ကို အကို့အတွက် ပြင်ဆင်ပါတယ်။ ကျွန်တော်ကတော့ ခေါက်ဆွဲပြုတ်စားဖို့ ပြင်ပါတယ်။ အကို အဝတ်လဲ ၊ မုန့်စားတုန်း ကျွန်တော် ခေါက်ဆွဲပြုတ်လေး စားမယ်ပေါ့။ ရေချိုးပြီး အပေါ်ပိုင်း ဗလာနဲ့ ထွက်လာတဲ့ အကို။ တကယ်ပါ အဲ့နေ့က အတော်ငရဲကြီးပါတယ်။ အသားရောင် ညက်"ကိုမှ ဗိုက်ကကြွက်သား ခပ်ရေး"နဲ့ သဘာဝအတိုင်း ဖြစ်နေတဲ့ ချက်အောက်က V လိုင်း၊ အဲ့အောက်ကနေ ခပ်တန်း" အောက်ကို ဆင်းသွားတဲ့ အမွှေးရေး"လေးတွေ။ ကန်တော့x3😑 “အကို မိုက်လား”လို့ လှမ်းစတော့မှ အကြည့်လွှဲမိရင်း ယောင်"မှား"နဲ့ .. “အွန်း ဟုတ်ကဲ့ ဟိုဟာလေ .. ဟိုပေါ်မှာ သိလား” အကို ဆိုတဲ့ ရှက်ရမ်းရမ်းတဲ့ ကြောင်အမ်းအမ်းစကားတွေ ထွက်လာတော့ အကိုက ခါးထောက်ပြီး ခေါင်းလေးတရမ်းရမ်းနဲ့ ရယ်ပါတယ်။ "ဟုတ်ပါပြီ ဟုတ်ပါပြီ .. ဘာတွေ လာရှက်နေတာလဲ ဟဟ" ဆိုပြီး ကျွန်တော့်အနားရောက်လာပါတယ်။ “ခေါက်ဆွဲပြုတ်နေတာလား .. ကိုယ့်အတွက် တစ်ထုတ်ပိုပြုတ်လို့ရလားဟင်"..။ ဒီလိုနဲ့ပဲ ခေါက်ဆွဲပြုတ်ပန်းကန် နှစ်လုံး ဖြစ်ခဲ့ပါတယ်။ ခေါက်ဆွဲပြုတ်ကို စားရင်း အကိုက ကျွန်တော့်ကို ပြောပါတယ်။ "အကို ဗိုက်အတော်ဆာနေတာ"တဲ့။ တနေ့လုံး ဘာမှ မစားးရသေးဘူးတဲ့ .. စိတ်ညစ်လို့။ တကယ်လည်း ဗိုက်ဆာနေပုံပါ။ အကိုက ကျွန်တော် ပြင်ဆင်ပေးတာတွေ အကုန် ကုန်ပါတယ်။ "အကိုက ဘာတွေ စိတ်ညစ်နေရတာလဲ။ ကျွန်တော့်ကို ပြောပြလေလို့ .." ပြောတော့။ အကိုက သက်ပြင်းလေးချရင်း သူနဲ့ သူ့ကောင်မလေး အဆင်မပြေတဲ့အကြောင်း၊ သူ့ကောင်မလေး အိမ်ရှေ့ဂစ်တာလာတီးတဲ့ ကောင်တွေနဲ့ ပြဿနာတချို့ တက်ခဲ့ကြောင်း၊ ဂစ်တာလာတီးတဲ့ကောင်က ကျောင်းတုန်းထဲက သူ့ကောင်မလေးနဲ့ ကြိုက်ခဲ့တဲ့တစ်ယောက်ဖြစ်ကြောင်း၊ အခု သူ့ကောင်မလေးက သူ့စိတ်အထင် အဲ့တစ်ယောက်နဲ့ ပြန်တွဲလိုတယ်လို့ သူခံစားမိကြောင်း၊ အချစ်ဦးမို့ သူ့ကောင်မလေးဘက်က မမေ့နိုင်တာ နားလည်ပေမဲ့ သူ့ကို ပစ်ထားခဲ့မှာ စိုးရိမ်ကြောင်း၊ သူ သိမ်ငယ်မိကြောင်း ..အများကြီး ..အများကြီး။ အဲ့စကားတွေ ပြောနေချိန် ကျွန်တော်က အကို့လက်ဆစ်လေးတွေကို ဆေးလူးပေးနေပါတယ်။ ပြီးတော့ နှုတ်ခမ်းထောင့်က အညိုအမည်းလေးစီ မတော်တဆလေး လက်ရောက်လုဆဲဆဲ အချိန်မှာတော့ ..။ အားနာတာကြောင့် လက်လေး နောက်ပြန်တွန့်ချိန် ..အကိုက ကျွန်တော့်လက်လေးကို ပြန်ဖမ်းဆွဲပါတယ်။ "ဆေးလိမ်းပေးပါ.. အလွန်းဆေးလိမ်းပေးရင် ဒဏ်ရာတွေက မြန်မြန်သက်သာတယ်"တဲ့ ။ #Yours_niz
Upload one YouTube video and auto-generate multiple TikToks, Reels, and Shorts in minutes.
Clipping is the fastest way to repurpose content: one long video becomes multiple short viral formats. Example: 1 YouTube video -> 10 Shorts/TikToks.