ဖေဖေ့သမီးပါလို့ပြောလိုက်တိုင်း ဘယ်တော့မှမျက်နှာမငယ်ခဲ့ရတဲ့အတွက်ကျေးဇူးပါဖေဖေ သမီးတို့ရှေ့မှာ အမြဲတမ်း တည်ငြိမ်နေတတ်ပေမဲ့ ဖေဖေ့ရဲ့ ရင်ထဲမှာ သမီးတို့အတွက် ဘယ်လောက်အထိ ပူပန်ပြီး ချစ်ပေးတယ်ဆိုတာ သမီးသိပါတယ်။ဖေဖေ သွန်သင်ဆုံးမပေးခဲ့တဲ့စကားတွေကလဲ သမီးအတွက် အမြဲတမ်း တန်ဖိုးရှိနေမှာပါ ဖေဖေ့ရဲ့ ပင်ပန်းမှုတွေနဲ့ တည်ဆောက်ပေးခဲ့တဲ့ သမီးတို့ရဲ့ အနာဂတ်အတွက်လဲအမြဲတမ်းကျေးဇူးတင်နေပါတယ် ပင်ပန်းခဲ့သမျှတွေကို သမီးတို့က အကောင်းဆုံး ပြန်လည်ပြုစုစောင့်ရှောက်ခွင့်ရပါစေလို့ဆုတောင်းပါတယ် ဖေဖေစိတ်ချမ်းသာဖို့ သမီး အမြဲတမ်း ကြိုးစားနေမှာပါ။ မပြောဖြစ်ပေမယ့် ဖေဖေ့ကို သမီး အရမ်းချစ်ပါတယ်🙆♀️#fatherdaughter #wyne #fyp @Ko Phoe Kyaw